Friday, April 24, 2009


အားပေးပါအုံး

အားပေးပါအုံး

အားပေးပါအုံး


969 Creation ရဲ့လက်ရာလေးတွေပါ

Tuesday, April 21, 2009

“သြော် နဂါးအိုင်” လေးကို စတွေ့တာက မနေ့ကမှဗျ။ “သြော် နဂါးအိုင်” သတင်း ကြားကြားချင်းပဲ ရောက်အောင် သွားဖြစ်လိုက်တယ်။ “သြော် နဂါးအိုင်” ကို ရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်တို့ မြန်မာတွေအတွက် အဆင်ပြေတယ်ဆိုတာ အသေအချာ သိလိုက်ရတယ်။

“သြော် နဂါးအိုင်” ဆိုတာက အလွယ်တကူမှတ်မိအောင် ကျွန်တော့်ဘာသာ ကြံဖန်မှတ်ထားတဲ့ စကားလုံးပါ။ ဘယ်နေရာရောက်ရောက် မြန်မာဖောင့်ရှိတဲ့ ကွန်ပြူတာဖြစ်ရုံနဲ့ လိုအပ်လာရင် အလွယ်တကူ ဖွင့်နိုင်အောင် စာလုံးပေါင်းကို မှတ်သားထားတာပါ။ နာမည်ဖျက်တာ မဟုတ်ရပါဘူးခင်ဗျာ။

ကျောင်းတုန်းက အရေးကြီးတဲ့စာတွေကို မမေ့မလျော့အောင် အတိုကောက်လေးတွေ၊ ကဗျာပိုင်းလေးတွေထုတ်ပြီး ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်သားကြတဲ့ သဘောမျိုးပါ။ “OR (သြော်)_NA (န)_ GA( ဂါး) _I (အိုင်)” အဲလို ပေါက်ပေါက်ရှာရှာမှတ်လိုက်တာပါ။


သူ့ရဲ့ အမည်အပြည့်အစုံက http://www.ornagai.com/ ပါ။
သူ့အကြောင်းကို စသိခဲ့တာက ကိုမောင်လှ ဆီကပါ။
သူ့အကြောင်းကို ပိုသိသွားတာက ကိုဒီဘီအေ ဆီမှာပါ။


သူ့ဆီသွားလိုက်လို့ရှိရင် အင်္ဂလိပ်လိုရိုက်ပြီး မြန်မာလို အဓိပ္ပါယ်ရှာနိုင်တဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓါန်” မြန်မာလိုရိုက်ပြီး အင်္ဂလိပ်စာလုံးကို ရှာနိုင်တဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓါန်” ကို အလွယ်တကူသုံးလို့ရပါတယ် ။

ဘာ Software မှ Download ဆွဲစရာမလိုဘဲနဲ့ Internet ချိတ်ထားပြီး ဇော်ဂျီ font ရှိတဲ့ ကွန်ပြူတာတိုင်းမှာ သူ့ website ကို ဖွင့်လိုက်ရုံနဲ့တင် သုံးလို့ရတယ်။ စာလုံးတစ်လုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပါယ်ချင်း ဆက်စပ်တဲ့ စာလုံးတွေကိုပါ တဆက်တည်း ဖော်ပြပေးပါတယ်။



ဒါ့အပြင် ကိုယ် ရိုက်ရှာကြည့်တဲ့ စကားလုံး မရှိသေးဘူးဆိုရင်လည်း နောင်လာနောက်သားများအတွက် အဆင်ပြေအောင် စေတနာထား၍ ထည့်သွင်းပေးသွားလို့လဲ ရပါတယ်။ အနီးနားက အဘိဓါန်စာအုပ် တစ်အုပ်အုပ်ထဲက ရှာဖွေပြီးတော့ ထပ်ပေါင်းထည့်ပေးဖို့ပါ။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ စာလုံးရေတွေ များများလာပြီး လူတိုင်းအတွက် ပိုမိုအသုံးဝင်လာမှာဖြစ်ပါတယ်။


ကိုယ့်ရဲ့ Mobile handset လေးတွေထဲလည်း ထည့်သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် handset တိုင်းတော့ မရပါဘူး။ http://www.ornagai.com/site/mobile ကို သွားရင်တော့ handset ထဲ ထည့်တဲ့အကြောင်းနဲ့ ဘယ် handset တွေမှာ သုံးလို့ရတယ် ဆိုတာလေးတွေပါ မြင်ရမှာပါ။


အဲဒီမှာ Download ဆွဲထားတဲ့ file ကို ပြန်ဖြည်ပြီး ကိုယ့်ရဲ့ handset ထဲကို ကူးထည့်လိုက်ပါ။ ကျွန်တော်ကတော့ application အောက်မှာ အဲဒီ file ကို သိမ်းလိုက်ပါတယ်။ ကူးပြီးပြီဆိုရင် အဲဒီကို သွားလိုက်ပြီး install ကို နှိပ်လိုက်ရင် သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ next next တောင် လုပ်နေဖို့ မလိုပါဘူး။

ပြီးပြီဆိုရင်တော့ start နှိပ်ပြီး တန်းသုံးလို့ရပါပြီ။ ဒါက သုံးလို့ရတဲ့ handset တွေမှာ ပြောတာပါ။ ကျွန်တော့် handset လေးကတော့ ကံကောင်းထောက်မစွာနဲ့ အဆင်ပြေသွားပါတယ်။တော်တော်များများမှာလဲအဆင်ပြေနိုင်ပါတယ်.


“သြော် နဂါးအိုင်” ရေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ဒီpostကိုshareလုပ်ခွင့်ပေးတဲ့ တောင်ငူသား ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်...



Thursday, April 16, 2009

""ရှာပုံတော် မင်းသားကြီး Sg ကို ရောက်ခဲ့ ပီ ။ ဘယ်ရပ်ကို ခြေရှုပ်ရမလဲ မသိတော့ အခက်တွေ့ပြီ.. ။ မနက်ဖြန်သွားမယ့် show ပွဲ ဟာ တော်တော် ပျော်ဖို့ကောင်းပါမည်...""

ကျနော်စပ်ထားတဲ့ သီချင်းလေးပါ။ (Plz click read more)

သင်္ကြန်ကို အမျိုးစုံနွှဲဖူးပါတယ်.. မဏ္ဍာပ်ထိုင်တာ၊ ကားနဲ့လည်တာ၊ တရားစခန်းဝင်တ၊ အိမ်တွင်းအောင်းတာ၊ တစ်နှစ်တစ်မျိုး မရိုးရအောင် တောမှာလည်း နွှဲဖူး၊ မြို့မှာလည်း နွှဲဖူးပါရဲ့။ ဟော .. ဒီနှစ်မလည်း အသစ်တမျိုး မရိုးရတာက စင်ကာပူ သင်္ကြန်တဲ့။ ထင်တော့ထင်တယ်.. တော်တော်တော့ စည်လိမ့်မယ်လို့။ တကယ်တမ်းက ထင်ထားတာထက် ပိုစည်တယ်။ မနက်ပိုင်း တိုပါးယိုး (Toa Payoh) ဘုန်းကြီးကျောင်းမှာလည်း ကျိတ်ကျိတ်ကိုတိုးလို့.. စတုဒီသာမဏ္ဍာပ်တွေရှေ့ ပြည့်ခဲပြီးတိုးနေတာများ အင်းလျားလမ်းကိုတောင် သတိရမိသေးတော့။ ရေတွေမစိုတာလေး တစ်ခုပဲ။ အဲဒီတစ်နေ့ကတော့ လမ်းပေါ်မှာ ကားပေါ်မှာ မြန်မာတွေ စုရပ်ရှိတဲ့ လမ်းကြောင်းတွေမှာ မြန်မာတွေချည်းပဲ ဆိုပါတော့။ သင်္ကြန်ဆိုတဲ့အားလပ်ရက် ဒီမှာမရှိတော့ သင်္ကြန်နဲ့ အနီးဆုံး တနင်္ဂနွေမှာ မြန်မာတွေစုပြီး ပွဲတော်နွှဲပျော်လေ့ ရှိကြတယ်လေ။

ဒီနှစ်အတွက်တော့ ဧပြီလ ၁၂ ရက်နေ့ပေါ့။ ယူးနို့စ် (Eunos) က ဘုန်းကြီးကျောင်းမှာလည်း စတုဒီသာအလှူ ရှိတယ်၊ ဆမ်ဘမ်ဝမ် (Sembanwang) က ဘုန်းကြီးကျောင်းမှာလည်း စတုဒီသာအလှူရှိတယ်။ ဖြစ်နိုင်ရင် နေရာစုံအောင် သွားချင်ပေမယ့် အခြေအနေကမပေး။ စီးတီးဟောလ် (City Hall) နားက မြက်ခင်းပြင်မှာ လုပ်တဲ့ပွဲကတော့ အများစုရဲ့ ပန်းတိုင်ပေါ့။ ကိုယ်စီကိုယ်စီ ဘုန်းကြီးကျောင်းတွေမှာ ကောင်းမှုလုပ်ကြ စားကြသောက်ကြပြီး စီးတီးဟောလ်ဘက်ကို အလျှိုလျှို ချီတက်ကြတယ်။

မြန်မာအဆိုတော်တွေဖျော်ဖြေမယ့်ပွဲအတွက် လက်မှတ် တစ်စောင်ကို ၁၅ ဒေါ်လာနဲ့ ကြိုတင်ရောင်းချနေခဲ့တာ ကြာပြီ။ တချို့က ၁၅ ဒေါ်လာကို တန်တယ်ထင်ပြီး တချို့ကလည်း ဈေးကြီးတ
ယ်လို့ ထင်ကြတယ်။ အော်ကွယ်.. တစ်နှစ်မှ တစ်ခါ.. ဒီနှစ်က တကယ်ကိုစည်မှာ..လို့…။ အဲဒီလို ပရိသတ်ချင်း မဲဆွယ်စည်းရုံးခဲ့ကြတာတွေလည်း မနည်းဘူးထင်ပါ့။




ပွဲကိုရောက်သွားတော့ နေ့လည် ၁ နာရီလောက် ရှိနေပြီ။ MRT က ထွက်ကတည်းက အသံတွေ ကြားနေရပြီ။ ကွင်းနား မလှမ်းမကမ်းကို ရောက်လာတော့ ဆိုနေတဲ့သီချင်းသံတွေကို သေချာကြားရပြီ… “ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလည်ထဲမှာ.. စိန်ပန်းတွေလည်း ပွင့်နေပြီကွာ..”.. အိုး.. ကျွန်တော်တို့အားလုံး ခုန်ပေါက်ပြေးလွှားသွားမိကြတယ်.. သီချင်းကိုလည်း အော်ဟစ်လိုက်ဆိုလို့။ သိပ်ရင်းနှီးဖူးတဲ့အရာတွေကို ပြန်ထိတွေ့ရတဲ့ ခံစားချက်က အဲဒီလိုမျိုး… တမျိုးတော့တမျိုး။ ကဲ.. တွေ့ပါပြီ.. လက်မှတ်ဖြတ်ဖို့ တန်းစီတဲ့နေရာကစပြီးတော့ မြက်ခင်းပြင်က ဗွက်ထနေလိုက်တာ.. မိုးတွေကလည်း ရွာထားတာကိုး။





မတတ်နိုင်ဘူး .. ဒီလိုပဲ နင်းကြ၊ ဖြတ်ကြ၊ ပေရေကြ။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတွေ ဆက်ကြားနေရတယ်။ ကွင်းထဲကို ရောက်သွားတော့ ဟိုက်ခနဲ.. စင်ရှေ့ကို သွားလို့မဖြစ်နိုင်တော့ဘူး အရမ်းကို လူပြည့်ပြီး ကျိတ်ကျိတ်တိုးနေပြီကော..။ အတော်နောက်နားကျကျ တစ်နေရာကနေ
လှမ်းမျှော်ကြည့်တော့လည်း စင်ပေါ်ကို ဘာမှမမြင်ရဘူး။ ဒါပေမယ့် မတတ်နိုင်တော့ဘူး.. ဒီလိုပဲ ခပ်လှမ်းလှမ်းက ခြေဖျားထောက်ကြည့်ရတာပါပဲ။ သတိရမိတဲ့ သူငယ်ချင်းတွေကိုလည်း ဖုန်းလှမ်းဆက်.. ရှိနေကြရင် တွေ့ရအောင်လို့လေ။ ကိုယ့်လူတွေစု၊ သူ့လူတွေစုနဲ့ ပျော်စရာတော့ကောင်းပါတယ်။ ကွင်းထဲမှာ လှည့်ပတ်သွားရင်းလာရင်း အသိတွေ ပြန်တွေ့ကြတာ မနည်းဘူး။


အသိတွေရဲ့ အသိေ
တွနဲ့ တခါ မိတ်ဆွေပြန်ဖွဲ့ကြ.. သင်္ကြန်ရဲ့ ခံစားမှုက လူတွေကို ပျော်ရွှင်မှုပေးနေတော့လည်း ရင်းနှီးဖော်ရွေဖို့ လွယ်ကူနေပြန်ရောလေ။ သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းလည်း ဒီပွဲကို အားပါးတရ လာနွှဲခဲ့သလို စည်သူလွင်၊ မျိုးကျော့မြိုင်၊ ရဲလေး၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်းတို့ သီချင်းတွေဆိုကြတယ်..။ သင်္ကြန်အကအလှ ဖျော်ဖြေတာတွေလည်း ပါတယ်။ မြန်မာမလေးတွေ ကကြသလို ဗီယက်နမ်မလေးတွေလည်း hiphop dance ကကြသေးရဲ့။ အားလုံးရနေကြတဲ့ သင်္ကြန်သီချင်းတွေမှာ တို့လူများတွေလည်း တချိန်တည်း တပြိုင်တည်း တညီတညွတ်တည်း ပျော်ရွှင်ဆိုညည်းလို့… ၀ါသနာပါသူတွေ ခြေချိုးလက်ချိုး က,ကြ။ ရေကစားမဏ္ဍာပ်လေး တစ်ခုနှစ်ခု ရှိနေရင် ပိုပြီးပျော်စရာ ကောင်းသွားမှာ အမှန်ပါပဲ။ မြန်မာတွေက သင်္ကြန်နွှဲဖို့ လာပေမယ့် အခုပွဲက တကယ်တမ်းမှာ စတိတ်ရှိုးတခုပုံစံမျိုးပဲ စီစဉ်ထားတာ တွေ့ရတယ်။




ရေကစားလိုသူတွေအတွက် ရေရနိုင်မယ့် ကန်လေးတွေတော့ ချထားပေးတယ်။ တချို့က ရေသန့်ဘူးလေးတွေနဲ့ တစ်ယောက်ကို နည်းနည်း စိုရုံလေး လောင်ြး

ကတယ်။ လူတွေကတော့ ရေစိုနေကြပါတယ်.. ရွှဲရွှဲမစိုခဲ့တာတစ်ခုပေါ့။ နောက်နှစ်တွေဆိုရင်တော့ သင်္ကြန်ပွဲတော်ကို ဘယ်လိုလုပ်မယ်ဆိုတာ အိုင်ဒီယာတွေ ရသွားကြမှာပါ။ လူအရမ်းများတယ်.. ကိုယ့်အချင်းချင်းတောင် အံ့သြယူကြရတယ်.. အော.. တို့လူတွေ ဒီလောက်တောင် များနေပြီကိုး..ဆိုပြီးတော့။



စင်ရှေ့ကို အရမ်းတိုးကြလို့ နောက်ဆုတ်ကြဖို့ presenter တွေရော.. အဆိုတော်တွေရော တောင်းတောင်းပန်ပန် ချော့ပြောကြရသေးတယ်။ သြော်.. မြန်မာပြည်မဟုတ်ပေမယ့် မြန်မာပြည်မှာ ကဲကြရသလို ကဲဖို့ ကြိုးစားကြတာပေါ့လေ။ ပွဲကို စပွန်ဆာလုပ်သူတွေလည်း မနည်းပါဘူး။ M1 mobile service company ပါတယ်.. MAI ပါတယ်.. တခြား ခရီးသွားကုမ္ပဏီတွေပါတယ်..။ မြန်မာဖောက်သည်တွေ အတော်ကိုအားပေးကြတဲ့ M1 ရဲ့ 1818 international calling ကဒ်တွေ တော်တော်ရောင်းကောင်းသွားပုံပါပဲ။ ကံစမ်းမဲပေါက်သူတွေ ပျော်ကြတယ်။ ပွဲက ၆ နာရီမှာသိမ်းမယ်လို့ ပြောတယ်.. ၅ နာရီခွဲလောက်မှာ တချို့စပြီး ပြန်ကြပြီ။ နောက်နေ့ တနင်္လာ ရုံးမတက်ချင်လို့ ဆေးခွင့်(MC) ယူဖို့ စိတ်ကူးကြသူတွေ ဘယ်နှစ်ယောက်ရှိမလဲ မပြောတတ်။့  ဖြူဖြူကျော်သိန်းပွဲကောင်းနေစဉ်မှာပဲ ပွဲတော်ကို ကျောခိုင်းခဲ့ကြပါတယ်။





အိမ်အပြန် လမ်းမှာ စလုံးမတွေ တရုတ်မ တွေက ကျနော်တို့ သူငယ်ချင်း တစ်စုကို ထူးစန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကျတယ်လေ။ ကျနော့ ကိုကျိတ်ခိုက်နေ လို့နေမှာပေါ့။ ဟုတ်တယ်ဟုတ်? အဟီး။ဟုတ်ဝူး။ ခြေထောက်မှာ ရွှံဗွက်တွေပေနေ တာကိုး။ ရှက်ရှက်

၁၅ ကျပ် မတန်ဘူးလို့ ပြောလည်း မမှားဘူး၊ တန်တယ်လို့ ပြောလည်း မမှားဘူး။ အပြင်အဆင် အခင်းအကျင်းက မျှော်လင့်ထားသလောက်ကြီး အဆင်မပြေခဲ့ပေမယ့် အဓိက ကိုယ့်လူတွေ ဆုံကြရတဲ့ အခွင့်အရေးက ရတောင့်ရခဲ အခိုက်အတန့်ဆိုပါတော့။ နောက်နှစ်တွေမှာ စင်ကာပူသင်္ကြန် ပိုစည်ကားမယ်လို့ မျှော်လင့်တယ်။

မြန်မာပြည်မှာလို ရေတွေတဖွားဖွားနဲ့ အကြီးအကျယ် လောင်းကြပက်ကြရရင် အတိုင်းထက်အလွန်ပေါ့။ မျှော်လင့်ချက်တွေကလည်း အတောကိုမသတ်နိုင်တော့ဘူး။ ရောက်တဲ့နေရာမှာ ရှိတာလေးနဲ့ ပျော်သလိုနေတတ်ဖို့လည်း အရေးကြီးသေးတာပဲနော်။ မြန်မာတွေ များလာတော့လည်း အခုလိုနေ့ကလေးက ကိုယ့်ပြည်မှာကိုယ် ပျော်ရသလိုမျိုး စိတ်ထဲ သက်တောင့်သက်သာ ရှိလှတယ် ပြောရမှာပါပဲ။ နောက်နှစ်တွေကို မျှော်နေပါဦးမယ်။ နေရာအနှံအပြားက တို့မြန်မာအားလုံး သင်္ကြန်မှာ ပျော်ရွှင်ကြပါစေ.. နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ရပါတယ်။

Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.

Sunday, April 12, 2009

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာ
ချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို
့ဘ၀ကအထီးကျန်လိုက်တာ..။

ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။
ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။

ကောင်လေး - ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ
့ပေါ့...ဘယ်လိုလဲ..။
ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ
ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။

ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။
သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။

၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကို
Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့
ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို
့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ
့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို
့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ
့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အို
ကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။


ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို
တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ
့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။
ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် bus
အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း
လမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာ
ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီ
game ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို
့game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။
ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။

မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို
့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး
မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။

ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ
ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။
ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။
စာထဲမှာရေးထားတာကတော့........
"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်
အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။
gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။
ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း
ဝမ်းနည်းပက်လက်ငိုပါတော့တယ်....။

"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကို
အရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။
ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgame
လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊
ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေး
မင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။
ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......

------------------------------- ---------------------------------------
------------------------------------------------
ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...
အရမ်းနောက်မကျသွားခင်ပေါ့.........။

Note: Copy from Forward Mail
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Unported License.

lolrolleyessmile

Wednesday, April 08, 2009

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။

မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။


မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး

ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။


မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု ယုံကြည်ခြင်းဖြစ်ပြီး

ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

= ဆက်လက်ဖတ်ရှူရန် ...

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည် ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏ ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

Note: Copy from http://www.winhtuthan.co.cc/
= ပြီးပါပြီ ...