Thursday, May 14, 2009

စိတ်ညစ်ရင် ကြိုက်ရာနည်းကို သုံးနိုင်တယ်နော်။

နည်း၁



နည်း၂

နည်း၃



နည်း၎


နည်း၅


နည်း၆


Wednesday, May 13, 2009

Can't eat fruits and veggies,
insecticides and herbicides.

Can't eat Beef,
Mad cow....

Can't eat fish,
heavy metal poisons in their waters.
Can't eat eggs,
Salmonella.

Can't eat chicken,
Bird flu.
Can't eat pork,
Swine flu....

Friday, May 08, 2009

SIM ကတော့လုပ်ချလိုက်ပြန်ပီ။ assignment တွေ project တွေနဲ့
ကျောင်းသားတွေကိုနှိပ်စက်ရတာ အားမရလို့ထင်ပါရဲ့။
group တိုင်း video clip လုပ်ရမယ်တယ့်. ဟင့် မင်းသားလုပ်ရအုံးမယ်။
video clip က ရိုးရိုးဆိုလဲတော်ပါသေးရဲ့။
အခုဟာက ဟာသ လေးတွေပါထည့်ပေးရမယ်ဆိုတော့ ကိုထက်တို့ ခေါင်းစားရပီပေါ့။
လုပ်ရမှာက Managing Human Resource ဘာသာရပ်အတွက်။
ဒီတော့ ကျနော်တို့ group က member တွေ နဖူးတိုက်ဒူးတိုက်ဆွေးနွေးပီး
Human Resource Management ရဲ့ function တစ်ခုဖြစ်တယ့် Staff Selection Process
( Staff တွေကိုရွေးချယ်နီးအဆင့်ဆင့် step by step ကို ဟာသလေးထည့်ပီး) သရုပ်ဆောင်ခဲ့ရတယ်...
ဒါနဲ့ ဒီဗီဒီယိုလေးကိုကြည့်ပီး ကျနော့ကို မင်းသားခန့်ချင်ရင်တော့ပြောပေါ့နော်။ စဉ်းစားပေးပါ့မယ်...=P

ဇာတ်လမ်းက security guard ရာထူး အတွက် အလုပ်လာလျှောက်ကျတယ်
လာလျှောက်တယ့် လူတွေကို ဘယ်လိုကြည့်ပီးခန့်လဲ?
ဘယ်လို မျိုး step by step စစ်ဆေးလဲဆိုတာကို ဇာတ်လမ်းလုပ်ထားတာပါ

Click http://www.megavideo.com/?v=ZK26NOOE to watch this video.

အားပေးကျပါအုံး ။ ဗီဒီယိုအောက်နားက TV screen logo ဘေးက Switch to Full Screen Mode ကိုတစ်ချက်လောက်နှိပ်ပေးပါနော်..

(Plz click "Switch to Full Screen Mode" in order to see properly)




Friday, May 01, 2009


အားပေးပါအုံး



အားပေးပါအုံး


အားပေးပါအုံး


အားပေးပါအုံး


ပျော်ရွှင်ရယ်မောနိုင်ကျပါစေ



Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.

ဆုတောင်းမမှားကြနဲ့နော်

လူတစ်ယောက်က အသားအရမ်းမည်းလို့ လူတွေက သူ့ကို မြို့ကနေ မောင်းထုတ်လိုက်သတယ့်။
ဒါနဲ့ သူက လူတွေကိုစိတ်နာပြီ: သဲသောင်ပြင်ဘက်ထွက်သွားတယ်တဲ့။
အဲ့မှာ သူက ရေအရမ်းဆာနေတာပေါ့လေ အဲ့ဒါနဲ့ သူက သေခါနီးအချိန်ကိုရောက်လာရော…
အဲ့မှ သဲသောင်စောင့်နတ်က သနား ပြီး ထွက်လာတာပေါ့..
သဲသောင်စောင့်နတ်ကနောက်ဆုံးအနေနဲ့ ဆု၃ ခုတောင်းခိုင်းသတယ့် ။ မသေခင်ပေါ့။
အဲ့မှာ သူတောင်းတဲ့ဆု တွေ ကတော့
(၁ ) အသားမည်းလို့လူတွေက မောင်းထုတ်လိုက် တယ်..ဒါကြောင့်
နောက်ဘ၀ကျရင် အသားဖြူဖြူလေးဖြစ်ပါစေ…

(၂ ) ဒီဘ၀မှာ ရေဆာလို့သေရတော့မယ် ..ဒါကြောင့်
နောက်ဘ၀ကျရင် ရေတွေအရမ်းပေါ များတယ့်နေရာမှာ ဖြစ်ရပါစေ….
(၃) နောက် ဆုံးတစ်ခု အနေနဲု့ကတော့ ကောင်မလေးတွေကိုမြင်ရင် ဘောင်းဘီမပါပဲမြင်ရပါစေ
ဆိုးပြီး တောင်းလိုက်တယ်
အဲ့ဒီမှာ နတ်ကြီးကလည်း ပြည့် စေပေါ့ ….
အဲ့ဒီမှာ အဲ့ဒီလူလည်းသေရော ဆုတောင်းကချက်ချင်းပြည့်ပြီ ဒန် တန် တန်…………
…..
…….
မိန်းမအိမ်သာထဲ က “ အိမ်သာကြွေခွက် ” ကြီးဖြစ်သွားရောတယ့် ……
ဆုတောင်း မမှားကြနဲ့ကို့လူတို့ ……….. (^_^)

........................................................................................................................................................

ဒီအတိုင်းပါပဲ

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။

ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။

'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'

'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

........................................................................................................................................................................

မင်းဘာလို.ငိုနေတာလဲ?

ကလေး နှစ်ယောက် ဆေးခန်းတွင် ဆေးစစ်ရန် ထိုင်စောင်.နေကြသည်။ နှစ်ယောက်မှာ တစ်ယောက်က စတင် ငိုးကျွေးပါတော.သည်။
ပထမကလေး - မင်းဘာလို.ငိုနေတာလဲ။
ဒုတိယကလေး - ငါဒီကို သွေးလာစစ်တာဟ။
ပထမကလေး - အဲဒါ ငိုစရာလား။
ဒုတိယကလေး - သွေးစစ်ရင် ကျွန်တော့ လက်ညိုးကို ဆရာဝန်က အပ်နဲ.ဖောက်မှာလေ။
ထိုအခါမှာတော. ပထမ ကလေး က စတင်ငိုကြွေးပါတော.သည်။ ဒီတော့ ဒုတိယ ကလေးက အံ့အားသင့်စွာဖြင်.။
ဒုတိယကလေး - မင်းက ဘာလို.ငိုရပြန်တာလဲ။
ပထမကလေး - ငါက ဒီကို ဆီးလာစစ်တာလေ။ ဗြဲဗြဲ

...............................................................................................................................................................................


ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )

အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။

ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)

လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”

.................................................................................................................................................................

ပိုးထိမှာ မပူရတော့ဘူး

သိပ္ပံ အတန်း တခုတွင် လက်တွေ.ချိန်၌ ပိုးကောင် ၄ ကောင်အား ဖန်အိမ် တခုစီတွင် ထည်.၍ စမ်းသပ် ကျရာဝယ်
ပထမ ပိုးကောင် ကို အရက် ထည်.ထားတဲ့ ဖန်အိမ် မှာ ထည်.ထားတယ်။
ဒုတိယ ပိုးကောင် ကို ဆေးလိပ်ငွေ.တွေ ဖြည်.ထားတဲ့ ဖန်အိမ်မှာ ထည်.ထားတယ်။
တတိယ ပိုးကောင် ကို သုတ်ရည်ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။
စတုတ္တ ပိုးကောင် ကို မြေသြဇာ ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။

နောက်တနေ.မှာတော့ ကျောင်းသားတွေ အဖြေကို သွားကြည့်ကျရာဝယ်။

အရက် ထည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
ဆေးလိပ်ငွေ.တွေ ဖြည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
သုတ်ရည်ထည့်ထားသော ဖန်အိမ် က ပိုးကောင် သေသည်။
မြေသြဇာ ထည့်ထားသော ဖန်အိမ် မှ ပိုးကောင် အသက်ရှင်နေသေးသည်။
ဆရာ - ကဲတပည့် တို. ဒီ လက်တွေ. သင်ခန်းစာ ကနေ ဘာတွေ လေ့လာ ခဲ့ရသလဲ သိတဲ.သူလက်ညိုးထောင်။
တပည်. - ကျွန်တော် လေ.လာ ခဲ့တာကတော့ ‘သင်ဘယ်လောက်ပဲ အရက်သောက်၊ ဆေးလိပ်သောက်၊ မိန်းမ၊ယောင်္ကျား ဘယ်လောက် ရူပ်ရူပ် ပိုးထိမှာ မပူရတော.ဘူး’ ။ ဟုတ်တယ် မလား ဆရာ။