Saturday, July 18, 2009

Comment : ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ အချိန်ရရင်ဖတ်သွားပါအုံး

ဒီနေ့ ကျောင်းတက်တာနောက်ဆုံးရက်ပါ… ကျောင်းစောဆင်းလို့ သူ့ဆီကို ဖုန်းဆက်ပေးလိုက်တယ်။

- hello , င့ါကို လာကြို

- ၅ မိနစ်စောင့်။

- ၅ မိနစ် ။ ကျောင်းနဲ့ နင့်အိမ်ကနီးနီးလေကို….

- ဟာ… အ၀တ်လေး လဲပါရစေအုံး…

- အေး… မြန်မြန်နော်….

ဒီလိုနဲ့ နေပြင်းချိန် ၂ နာရီမှာ ကျွန်မ သစ်ပင်အောက်မှာသူ့ကိုစောင့်ခဲ့တယ်….

၅ မိနစ်ကျော်သွားပြီ သူမလာသေးဘူး စောင့်ရတာစိတ်မရှည်တော့ဘူး

၁၀ မိနစ် သူမလာပြန်ဘူး

၁၅ မိနစ် သူနောက်ဆုံးတော့ရောက်လာပြီ။

- ဘာလို့ အဲလောက်နောက်ကျတာတုန်း။

- ဒီလိုပါပဲ။

ကျွန်မ မကျေနပ်တော့ သူ့ကို မျက်စောင်းနဲ့ ကြည့်နေမိတယ်… စကားလဲ ဆက်မပြောတော့ဘူး ဆိုင်ကယ်စီးဦးထုပ်ကိုလည်း မယူဘူး ဒါနဲ့ သူက…

- sorry

ဒါက သူ ပထမအကြိမ်တောင်းပန်ခြင်းပါ သူက ဒီလိုဟိုလို ဆိုပြီး မပြောတတ်ဘူး တောင်းပန်တာလည်းမရှိဘူး ဒါကြောင့် သူ့ကို ခွင့်လွတ်လိုက်တယ်.. သူအိမ်ပြန်ပို့ပေးတယ်….

သူ ဘယ်တော့မှ ရှင်းလင်းချက်တွေမပေးဘူး ရန်လည်းမဖြစ်ဘူး တစ်ခါတစ်ရံ sorry ဆိုတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး …. သူတောင်းပန်တိုင်း ခွင့်လွတ်လိုက်တယ်… ကျွန်မက သူပထမတောင်းပန်ခြင်းခံရတဲ့ မိန်းကလေးမို့ပါ….

ဟုတ်ပါတယ် မှားတယ်ဆိုပြီးပြောဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်.. ဒါပေမဲ့ ဒီလိုချည်းပဲလဲ မကောင်းဘူးထင်တယ်… sorry ဆိုပြီး ပြီးသွားသလိုပဲ…. သူ့ကိုအခွင့်အရေးတွေပေးတယ် သူမပြင်ဘူး သူကျွန်မကိုဖက်ပြီး အကြိမ် ၆၀ မြောက် sorry ကိုပြောတယ်… သူတစ်ခုခု ဖုံးကွယ်ထားသလို ခံစားလာရတယ်…

- ခုတလောနင်တမျိုးကြီးပဲ

- ဟုတ်ပါဘူးကွာ..

- နင်ဘာဖြစ်နေလဲ

- ဘာမှဖြစ်ပါဘူး

- ဒီလိုပဲပြောနေတာပဲ ငါစိတ်ပူတာကိုကော နင်သိရဲ့လား နင်ရဲ့ရည်းစားပါ ဆိုတာကို နင်သတ်မှတ်သေးပါတယ်နော်..

- Sorry

- Sorry မပြောနဲ့ မကြားချင်ဘူး

ဆိုပြီး ကျွန်မသူ့ဖုန်းကိုချလိုက်တယ်.. သူပြန်မဆက်လာဘူး သူအရေးမလုပ်ဘူး လမ်းခွဲသင့်ပြီလို့ ထင်လာတယ်… ဒါက အကြိမ် ၉၉ ကြိမ်မြောက် sorry ပြောခြင်းပါ…

အဲဒီနေ့ကနေစပြီး သူကို အဆက်အသွယ်ဖြတ်လိုက်တယ် တစ်ခါတစ်လေတော့ ဘာမှမပြောတဲ့ ဖုန်းတွေတော့ လက်ခံရရှိတယ် … ဒီလိုနဲ့ ဖုန်းချပေါင်းလည်းမနည်းတော့ဘူး ဘာလို့ သူစကားမပြောရတာလဲ? တစ်လပြီးနောက် သူကို သွားရှာဖို့ သူ့ကျောင်းကိုသွားခဲ့တယ် သူကိုမတွေ့ဘူး

- xxx ကို ရှာချင်လို့ပါ

- သူကျောင်းနားလိုက်ပြီ

- ဘာလို့လဲ သိလား။

- တစ်လရှိပြီမလာတာ။

- ဟုတ် ကျေးဇူးပါ။

တစ်လဟုတ်လား ဘာလို့ပါလိမ့် ကျွန်မသူ့ဆီ ဖုန်းဆက်တယ်….. ဖုန်းမကိုင်ဘူး

သူ့အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ် သူရည်းစားအသစ်များရှိနေပြီလား သူဒီကမ္ဘာမှာ လုံးဝပျောက်ကွယ်သွားသလို …. သူကို ရှာလို့မတွေ့ဘူး … သူ့ကိုအရမ်းတွေ့ချင်လာတယ်…. ဖုန်းမြည်လာတယ်.. သူ့ရဲ့ သူငယ်ချင်းဆက်လာတယ်…

- ဟေ့ နင်ဘာလုပ်နေတာတုန်း

- အမ်…

- Xxx ဆေးရုံမှာ

- ဘာ…… သူဘာဖြစ်လဲ

- နင်သွားလိုက်

- အေး ချက်ခြင်းသွားမယ်

အမြန်ဆုံးနှုန်းနဲ့ ဆေးရုံကိုသွားခဲ့တယ် .. ဆေးရုံရောက်တော့ သူ့အမေ ကို တွေ့တယ်.. သူ့အခန်းဆီကို ပြေးခဲ့တယ်

သူ ကုတင်မှာ လဲနေတယ် သူတို့ကိုကြည့်ပြီး စကားမပြော လှုပ်တောင်မလှုပ်ဘူး

- နင်ဘာဖြစ်နေတာလဲ ဘာလို့မပြောရတာလဲ

သူဘာမှပြန်မပြောဘူး ဒီလိုပဲကြည့်နေတယ်…

- ပြော ပြော နင်တစ်ခုခုပြောပါ…

သူ့မျက်စိထောင့်ကနေ မျက်ရည်ကျလာတယ် သူအရမ်းအားယူလိုက်ပြီး

- sorry

သူပြောပြီးတာနဲ့ သူမျက်စိပိတ်သွားတယ်..

- ဘာလဲဟာ sorry လို့မပြောနဲ့ ပြောတာကိုလဲ လက်မခံနိုင်ဘူး ထ ထ ကြားလား….. ငါနင့်ကို မခွင့်လွတ်ဘူး …… ထ……… နင်မထရင် ငါနင့်ကို ဒီတစ်သက်မခွင့်လွတ်ဘူး…. မျက်စိဖွင့်ပါ…………..

ဒါဟာ သူ sorry ပြောတာ ၁၀၀ ပြည့်သွားတယ် …. ဆရာဝန်နဲ့ ဘေးကလူတွေ ကျွန်မကို ၀ိုင်းဆွဲတယ်..

ကျွန်မ မထနိုင်တော့ဘူး ဘာမှလည်းမသိတော့ဘူး အမှောင်ကမ္ဘာထဲရောက်သွားသလို…..

သူဒီကမ္ဘာကနေမထွက်ခွါသေးပါဘူး သူကိုအပြင်လောကမှာမတွေ့ရတာ ကျွန်မအိပ်မက်ထဲသူလာတယ်

သူဘေးမှာအမြဲရှိနေတယ်… ကျွန်မရင်ထဲမှာ သူရှင်နေသေးတယ်…. ဒါပေမဲ့ sorry လို့ သူမပြောတော့ဘူး

လအတော်ကြာတော့ သူ့အမေလာရှာတယ် ဘူးလေးတစ်ခုကိုပေးတယ်..

ဘူးထဲမှာ ဓါတ်ပုံတွေချည်းပဲ အပုံပေါင်း ၁၀၀ အပုံတိုင်းရဲ့နောက်မှာ စာရေးထားတယ်… ကျွန်မကိုစိတ်ဆိုးအောင်လုပ်မိတဲ့ကိစ္စတွေအားလုံးကို ….

ပထမအကြိမ် sorry - မိန်းမ ဒီနေ့ တမင်နောက်ကျတာမဟုတ်ပါဘူး ဘာဆင်ခြေတွေပေးရမှန်းလဲ မသိဘူး အဖြစ်မှန်ကိုလည်းမပြောချင်ဘူး။ အိမ်ကထွက်မယ်ဆိုမှ ရုတ်တရက် နှလုံးအောင့်လာတယ် ဒါပေမဲ့ အစွမ်းကုန်ကြိုးစားပြီးလာခဲ့တယ် ခွင့်လွတ်ပါနော်…

ဒုတိယ sorry - မိန်းမ ငါ…………

တတိယ sorry - …………….

……………………………..

……………………….

…………….

၁၀၀ sorry - မိန်းမ ငါမင်းကို ပစ်သွားတာမဟုတ်ပါဘူး မင်းကိုတစ်သက်လုံးချစ်ဖို့ ဘုရားက ကိုယ့် ကိုအခွင့်အရေးမပေးဘူး ဒီလက်စွပ်လေးကိုစွပ်စေချင်တယ်.. မင်းဟာ ငါ ပထမ sorry ပြောတဲ့မိန်းကလေးပါ ထာဝရလက်တွဲဖို့ ဆုံးဖြတ်စေသူပါ ငါ မင်းကိုပျော်ရွှင်မှုတွေမပေးနိုင်တော့ဘူး ငါမင်းဘေးမှာရှိနေမှာပါ မင်းပျော်ရွှင်နေတာကိုကြည့်ချင်တယ် ကတိပေးပါ မငိုပါဘူးဆိုတာကို မင်းမျက်ရည်ကျတာကို မခံစားနိုင်လို့ပါ…. သိပ်ချစ်တယ်…

ကျွန်မ မငိုပဲ ဘယ်လိုနေနိုင်ပါ့မလဲ………… နောက်ဆုံးဓါတ်ပုံကို ဆေးရုံမှာရိုက်ခဲ့တယ်… ပြုံးနေတဲ့အပြုံးလေးဟာ အရမ်းကိုတောက်ပတယ်.. ဒါပေမဲ့ သိပ်ပိန်တယ်… မျက်နှာကလည်း ဖြူဖတ်ဖြူရော်.. ဒါကို သူပြုံးနိုင်တယ် ဒီ အပုံ ၁၀၀ မြောက်ကိုရိုက်ဖို့အတွက်…

သူအရမ်းခံစားနေရတဲ့အချိန်မှာ သူဘေးမှာမရှိဘူး

Sorry ပါ….

သူ့ဓါတ်ပုံတွေကို ပွေ့ဖက်ပြီး ကျွန်မ အငိုမတိတ်တော့ဘူး။

ရှိသမျှချစ်သူတွေအားလုံးတစ်ဦးကိုတစ်ဦးချစ်မြတ်နိုးနိုင်ကြပါစေ။

ဒီလိုအလွမ်းဇာတ်မျိုးထပ်မဖြစ်စေဖို့ ဆုတောင်းရင်း…………..

ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

Wednesday, July 15, 2009

British English vs. Singaporean English

Who says our English is teruk? Just read below - Ours is
simple, short, concise, straight-to-the-point, effective etc.

WHEN GIVING A CUSTOMER BAD NEWS

Britons: I'm sorry, sir, but we don't seem to have the
sweater you want in your size, but if you give me a moment, I can call the
other outlets for you.

Singaporean: No stock!


RETURNING A CALL

Britons: Hello, this is John Smith. Did anyone call for me a
few moments ago?

Singaporean: Hello, who call huh?


ASKING SOMEONE TO MAKE WAY

Britons: Excuse me, I would like to get by. Would you please
make way?

Singaporean: S-kew me..


WHEN SOMEONE OFFERS TO PAY

Britons: Hey! Put your wallet away, this drink is on me.

Singaporean: No need lah.

= ဆက်လက်ဖတ်ရှူရန် ...
WHEN ASKING FOR PERMISSION

Britons: Excuse me, but do you think it would be possible
for me to enter through this door?

Singaporean: (pointing at the door) Can ah?


WHEN ENTERTAINING

Britons: Please make yourself right at home.

Singaporean: No need shy one lah!


WHEN DOUBTING SOMEONE

Britons: I don't recall you giving me the money.

Singaporean: Where got?


WHEN DECLINING AN OFFER

Britons: I would prefer not to do that, if you don't mind.

Singaporean: Don't want lah.


IN DISAGREEING ON A TOPIC OF DISCUSSION

Britons: Err...Tom, I have to stop you there. I understand
where you're coming from, but I really have to disagree with what you said
about the issue.

Singaporean: You mad ah?


WHEN ASKING SOMEONE TO LOWER THEIR VOICE.

Britons: Excuse me, but could you please lower your voice?
I'm trying to concentrate over here.

Singaporean: Shut up lah!


WHEN ASSESSING A TIGHT SITUATION.

Britons: We seem to be in a bit of a predicament at the
moment..

Singaporean: Die lah!!


WHEN TRYING TO FIND OUT WHAT HAD HAPPENED

Britons: Will someone tell me what has just happened?

Singaporean: What happened ah? Why like that one lah?


WHEN SOMEONE DID SOMETHING WRONG

Britons: This isn't the way to do it. Here, let me show you.

Singaporean: Like that also don't know how to do!

Saturday, July 11, 2009

online သုံးနေရင်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိ ပျင်းလာတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အဲဒီလို အခါလေးတွေမှာ ကျွန်တော်ကတော့ www.y8.com ကို ညွှန်းပါရစေ။ အဲဒီမှာ flash game တွေ ပုံနေပါတယ်။ အားရပါးရ ထိုင်ဆော့ နေရုံပဲ။ တကယ်လို့ game တွေကို လိုချင်သပါ့ဆိုရင်တော့ Fire fox addon Embeded Download ကို အသုံးပြုပြီး ကိုယ့်စက်ထဲကို download ချနိုင်ပါတယ်။




`ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။
´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား
ဒယ်ဒီရာ
´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က
မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။
ပြီးတော့…
´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို
အံ့သြမိပါရဲ့
´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့
မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား
´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့်
Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open
source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista
နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို
မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ
´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ)
အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ
´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ
လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။
သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့
သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား
´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ်
လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက
ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ
´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး
. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင်
လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား
.. ဒါမှမဟုတ်
´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို
မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။
သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ်
ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။
အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်
.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး
GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။
Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့
ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ
´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´

`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

P.S: copied from forward mail.


Friday, July 10, 2009

ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့နောက်ဆုံးထွက်စီးရီးလေးပါပဲ။နားထောင်ကြည့်ကြပါဦး။အောက်မှာ ဒေါင်းလော့လုပ်သွားလို့ရပါတယ်ဗျာ။ :)

၀၁. တယ်လီပန့်ခ်
၀၂. လက်ခံထားဆဲ
၀၃. ကင်ဆာ
၀၄. ခွင့်လွှတ်ပေးရမယ်ပေါ့
၀၅. ကြုံရင်ပြောပေးပါ
၀၆. ခုနစ်လွှာ
၀၇. ၂ကတ်ထဲပါသောရုပ်ရှင်
၀၈. ဟိုလိုင်္ဒီလို
၀၉. ဘီလူးတုသ်
၁၀. See Green
၁၁. ကျွန်ုပ်ဧ။်အခြားတစ်ဝက်
၁၂. မေ့ထားလိုက်
၁၃. Song (2)
၁၃. မသိမရှိ

Click here to download




G-Talk မှာတော်တော်များများအဆင်ပြေနေပါတယ်။ မပြေတာက Voice Chat ပြောတဲ့အခါ တစ်ဦးအသံကိုတစ်ဦး နောက်ကျပြီးမှကြားရတာမျိုးပေါ့။ သူငယ်ချင်းတွေဖြစ်ဖူးကြရဲ့လားမသိဘူး။ သုံးတဲ့သူတစ်ချို့က အထာမသိတော့ ဘယ်လိုပြောမလဲ ရွာလည်နေတော့တာပေါ့။ ကြားလား ကြားတယ် ပြောလေ ဘာလဲ နဲ့ပဲ ... အဟီး ရယ်တော့ရယ်စရာပါ... ... အသံကနောက်ကျပြီးမှရောက်တယ်နော် ဘာညာ ဆိုတော့ ..... မေးကြည့်တာပါ ....သြော်...ဒါများ နောက်ကျပြီး ကြားရတာက သိပ်ပြသနာမဟုတ်သေးဘူး .. ပြောမလို့ဟယ်လို့တောင် မလုပ်ရသေးဘူး .. ပြုတ်ကျတာက ပိုဆိုးတယ်.....:(

g-talk ထက် ပိုပီးပြောလို့ အဆင်ပြေမဲ့ "SKYPE" ကိုလမ်းညွှန်လိုက်ပါတယ။် တကယ်ကောင်းတာပါ ။
ရန်ကုန် ခဏပြန်တုန်းက g-talk နဲ့ စင်ကာပူကိုခေါ်ရ တာအဆင်မပြေဘူး။ SKYPE နဲ့လည်း စမ်းခေါ်ကြည့်ရော အဆင်ပြေလိုက်တာမှလွန်ရောပဲ။
Singapore to Singapore ပြောနေရတယ့်အတိုင်းပဲ။ ကဲ ဒါဆို g-talk ပဲ ဆက်သုံးအုံးမလား? SKYPE ကိုပြောင်းသုံးကြည့်မလား?

www.skype.com မှာ download လုပ်ပီး install လုပ်ပီး account အသစ်ဖွင့်ပီး သုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။







Kaspersky Internet Security 2010 automatically protects you and your family at all times – whether you work, bank, shop or play online.

Kaspersky Internet Security 2010 has everything you need for a safe and secure Internet experience.

All the features and technologies of Kaspersky Anti-Virus 2010 are included in this product.



Kaspersky Internet Security was named as 'Security Product of the Year' and highly
commended in the Best Anti-malware solution category at April's SC Magazine Awards Europe 2009 in London.


အားလုံးပဲ Kaspersky 2010 ထွက်ပါပြီ၊ သူနဲ့အတူတွသုံးလို့ရမယ် Trial Reseter လဲထွက်လာပါပြီ အလိုရှိသလိုသုံးကြပါသူငယ်ချင်းအပေါင်းတို့
= ဆက်လက်ဖတ်ရှူရန် ...


၁။ Kaspersky ကို download လုပ်ပါ။ (ခုလက်ရှိနောက်ဆုံး version KIS 9.0.0.463)

၂။ Kaspersky ကို install လုပ်ပါ။

၃။ Trial License ဖြင့် Activate လုပ်ပြီး သုံးပါ။

၎။ License ကိုသက်တမ်းတိုးရန်ညွှန်ကြားချက် Notify ကို ပိတ်ရန် settings ကိုသွားပါ၊ ဘယ်ဘက်အခြမ်းမှ Notifications ကိုရွေးပါ၊ ပြီးလျှင် ပုံ(၄-၁) ပါအတိုင်း settings ကိုရွေးပါ Notifications Box ပေါ်လာပါလိမ့်မည်။ ထို့နောက် ပုံ(၄-၂) ပါအတိုင်း License validity period expire soon ကိုအမှန်ခြစ်ဖြုတ်ပါ။










၅။ ရက်အတော်ကြာသုံးပြီး လျော့နည်းသွားသော လိုင်စင်သက်တမ်းကို ပြန်တိုးရန်အတွက် Trial Resetter ကို download လုပ်ပါ။ (ဒေါင်းလုပ်လင့်ကို အောက်တွင်ဖေါ်ပြထားပါသည်)

၆။ Trial License ကို reset လုပ်ရန် Settings သွားပါ၊ ဘယ်ဘက်အခြမ်းရှိ Options ကို ပုံ(၆-၁) ပါအတိုင်း ရွေးပါ၊ Enable Self-Defense အမှန်ခြစ်ကိုဖြုတ်ပါ။



၇။ Trial Resetter ဖိုင်ဖြစ်တဲ့ BOX_KTR_v2.5A.exe ကို ဖွင့်ပါ။

၈။ Box ပေါ်လာပါလိမ့်မည်၊ Box ထဲမှ Trial Reset ကိုနှိပ်ပါ။

၉။ ခေတ္တ ခဏစောင့်ပါ၊ Kaspresky Activation Box ပေါ်လာပါလိမ့်မည်။ Trial License ဖြင့် Activate လုပ်ပါ။ ရက်ကြာလာ၍ လိုင်စင်သက်တမ်းလျော့နည်းလာပါက အဆင့် ၆ မှ ၉ အထိပြန်လုပ်၍ သက်တမ်းကိုတိုးခြင်းဖြင့် Kaspresky 2010 ကိုအခမဲ့အသုံးပြုနိုင်ပါသည်။

အထူးသတိပြုရန် ။ ။ ဖိုင်ကို Kaspersky က Hacking Tool ဟုသတ်မှတ်၍ ဖျက်ပါလိမ့်မည်။ ဖိုင်ကို Thread and Exclusions >> Trust Zone ထဲထည့်ထားပါ။
.

Click here to download trial reset for kaspersky internet security 2010

virus ရန်အပေါင်းမှကင်းဝေးကြပါစေ



= ပြီးပါပြီ ...
အင်းမ်...စာမရေးဖြစ်တာတောင် အတော်လေးကြာရောပေါ့။ ရန်ကုန်ပြန်လိုက်တော့ ပိုဆိုးတာပေါ့။ စာဖတ် ပရိသတ် အပေါင်းကိုလည်း အနူးအညွတ် တောင်းပန်ပါတယ် နော်။ နောက်ဆို ပုံမှန် post အသစ်လေးတွေတင်ပါ့မယ်..... (:

ကျနော့ blog လေးကိုလာလည်တယ့်အတွက် ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။

Aurthor Ko Htet