Tuesday, February 09, 2010


 Flashy Virus လို့ လူသိများတဲ့ malicious ဆော့ဖ်ဝဲဟာ trojan horse အမျိုးအစားထဲမှာပါဝင်ပြီး ၀င်းဒိုးစနစ်ကို အနှောက်အယှက်ပေးပါတယ်။ Flash Memory ပါဝင်တဲ့ mobile disk တွေ၊ mobile handset တွေ၊ MP3, MP4 player,Memory Stick တွေသုံးတဲ့အခါမှာ ဒီဗိုင်းရပ်စ်ဟာ အသက်ဝင်လာပါတယ်။ အဲဒီလို Removeable disk ဒါမှမဟုတ် device တစ်ခုခုကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တာနဲ့ Flashy trojan ဟာ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ disk ထဲကို ကူးစက်သွားပါတယ်။ ပြီးတော့ disk ထဲမှာရှိတဲ့ ဒေတာတွေကို ဖျောက်ပစ်လိုက်ပြီး trojan တို့ရဲ့ လမ်းစဉ်အတိုင်း ဒေတာတွေရဲ့ မူရင်းအမည်ပါတဲ့ ဗိုင်းရပ်စ်ဖိုင်တွေအဖြစ် အယောင်ဆောင်ပါတော့တယ်။ နောက်ပြီး ဖျောက်ထားတဲ့ဖိုင်တွေ၊ ဒေတာတွေကို ပြန်ဖော်ပြီးသုံးလို့မရအောင် ၀င်းဒိုးစနစ်မှာရှိတဲ့ Folder Options ကိုပါ ဖျောက်ပစ်လိုက်ပါတယ်။ Flashy Trojan အသက်ဝင်လှုပ်ရှားနေချိန်မှာ Task Manager ကို ဖွင့်ကြည့်လိုက်ရင် Flashy.exe ဆိုတဲ့ဖိုင် run နေတာကို တွေ့ရလိမ့်မယ်။ Flashy ကို အတုယူပြီးရေးသားထားတဲ့ flashy နဲ့ သဏ္ဌာန်တူတဲ့ ဗိုင်းရပ်စ်နဲ့ malicious ပရိုဂရမ်ပေါင်းများစွာဟာလည်း Folder Options ကို ဖျောက်ပစ်လေ့ရှိပါတယ်။ အမျိုးအမည်မသိ malware တစ်ချို့ကတော့ Folder Options ကို မဖျောက်ဘဲ Folder Options မှာပါတဲ့ "Show hidden files and folders" လုပ်ဆောင်ချက်ကို သုံးလို့မရအောင် လုပ်ပစ်တာလည်း တွေ့ရတယ်။ Flashy ဟာ ကွန်ပျူတာနဲ့ ရင်းနှီးမှုမရှိတဲ့ အသုံးပြုသူတွေကို ကျယ်ကျယ်ပြန့်ပြန့်ဒုက္ခပေးခဲ့တယ်။

နာမည်ကြီး Antivirus ဆော့ဖ်ဝဲတွေတောင် flashy ကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် လူသိများတဲ့ NOD32 ရဲ့ Flashy Fix လို့ အမည်ပေးထားတဲ့ flashy trojan removal tool ဟာ Folder Options ကို ပြန်လည်ဖော်ထုတ်ပေးနိုင်တဲ့အပြင် flashy ကို ကွန်ပျူတာဟာ့ဒစ်စ်ပေါ်ကနေ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ Flashy ကြောင့်ပဲဖြစ်စေ၊ တစ်ခြား အဖျက်အမှောက်ပရိုဂရမ် တစ်ခုခုကြောင့်ပဲဖြစ်စေ ကွန်ပျူတာမှာ Folder Options ပျောက်နေတယ် ဒါမှမဟုတ် hidden file တွေကို ဖော်ထုတ်လို့မရဘူးဆိုရင် Flashy Fix က ပြန်လည်ဖော်ထုတ်ပေးပါလိမ့်မယ်။

Ref:နေမျိုးတံခွန်
Dream Machine Corporation
ကျွန်တော်တို့  internet သုံးတဲ့ အခါ တခါတလေ မှတ်စရာပြုစရာ ကြုံရမှာပါ ။
ဘောပင်တွေ စာအုပ်တွေလဲ မဆောင်ထားချင်ဘူး ဆိုရင် ဒီနည်းလေးကို သုံးပြီး
Gmail ထဲမှာ မှတ်စုစာအုပ်လေး တစ်အုပ် ထည့်ထားလိုက်ပေါ့ .....


1 . Gamil ထဲကို ၀င်ပါ ..

2. ပုံမှာပြထားသလို Box ပွင့် လာရင် Setiing ကို click ပါ .... Label ကို click ပါ ....


3. Label ရဲ့ အောက်ဆုံးအကွက်မှာ
မှတ်စုစာအုပ်လို့ ရေးပြီး Create ဆိုတဲ့ ခလုပ်လေး ကို နိုပ်လိုက်ပါ 


4. ဒါဆို အခုလို မှတ်စု စာအုပ်ဆိုတဲ့  label တစ်ခုတိုးလာမှာ ဖြစ်သလို
ဘေးဘက်တန်းမှာလဲ မှတ်စုစာအုပ် ဆိုတဲ့  label တစ်ခု တိုးနေပါပြီ ....


5. အခု ကျွန်တော်တီု့ ရေးချင်တဲ့  Note တွေ ၊ မှတ်စုတွေ ၊ သိမ်းထားချင်တဲ့ အချက်အလက်တွေ ၊
ဖုန်းနံပါတ်တွေကို မှတ်ထားနိုင်ပါပြီ ...
နမူနာ ကျွန်တော် ဖုန်းနံပါတ်လေး နှစ်ခု မှတ်စုထဲမှာ ရေးထားချင်ပါတယ်
Compose mail ကို နိုပ်ပြီး မှတ်ချင်တဲ့ ဖုန်းနံပါတ်ကို ရေးပါတယ်
ခေါင်းစဉ်ကို ဖုံးနံပါတ်လို့ ပေးလိုက်ပါတယ်...
ပို့ မယ့် လူ လိပ်စာကတော့ မိမိ Gmail ဆီ ပဲ ပြန်ပို့ ပါ ...







6. စာပို့ပြီးသွားရင် အခုလို Inbox ထဲမှာ me ဆိုတဲ့ နာမည်လေးနဲ့  Mail ၀င်လာပါလိမ့်မယ်


7. အဲဒီ mail ရှေ့ မှာ အမှန်လေးခြစ်လိုက်ပါ 


8 . ပြီးရင် အခုလို More Action ထဲက ခုန အသစ်ခုပ်လိုက်တဲ့  မှတ်စုစာအုပ်ဆိုတဲ့ 
Label လေးကို ရွေးပေးပါ ....


9. နောက်ဆုံးမှာတော့ အခုလို မှတ်စုစာအုပ်အောက်မှာ ခုနက phone no ရောက်နေမှာဖြစ်ပါတယ်




 ရွှင်လန်းချမ်းမြေ့ကြပါစေ :)