Saturday, October 31, 2009




မင်္ဂလာပါခင်ဗျာ။ 969 group လေးကို မိတ်ဆက်ပေးပါရစေ။

969ဆိုတာက တော့ ဘုရားဂုဏ်တော် ၉ ပါး တရားဂုဏ်တော် ၆ပါးနဲ့ သံဃာဂုဏ်တော် ၉ပါး ကို ရည်ရွယ်ပြီး ပေးထားရခြင်းဖြစ်ပါတယ် ခင်ဗျာ။
969 အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့တဲ့သူကတော့ ကာတွန်းဝါသနာရှင် တစ်ဦးဖြစ်တဲ့ သက်ပိုင်ခ နှင့် နန္ဒလှိုင်မြင့်တို့က ၂၀၀၂ ခုနှစ် က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
969 အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကာတွန်းဝါသနာရှင်ချစ်ပရိသတ် များသို့ 2D Animation ကာတွန်းများဖြင့်ဖျော်ဖြေတင်ဆက်ရန်ပဲဖြစ်ပါတယ်။

ရယ်သောသူသည် အသက်ရှည်သည်ဟုဆိုသကဲ့သို့ကျွှန်တော်တို့၏ ကာတွန်းများကို ကြည့်ရှူရင်း ရယ်မောကာပျော်ရွှင်နိုင်စေရန်အတွက်ဖြစ်ပါတယ်။
969 အဖွဲ့ရဲ့ ခြေလှမ်းများအနေဖြင့် ယခုအခါတွင် 969toons.com မြန်မာကာတွန်း စုစည်းမှု website အား ၂၀၀၉ ခုနှစ်တွင် စတင် ကာ မြန်မာပြည်ရှိပရိသတ်များသာ မက နိုင်ငံရပ်ခြား တွင် ရှိနေသော မြန်မာကာတွန်း ပရိသတ်များ အတွက်ပါကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ အင်တာနက်ပေါ်တွင် တင်ပေးနေပြီဖြစ်ပါသည်။ အဆိုပါ 969toons.com တွင် မြန်မာနိုင်ငံရှိ နာမည်ကြီးကာတွန်း ဆရာ များ ဖြစ်ကြသော ကာတွန်းငွေကြည်၊ ကာတွန်းမြေဇာ နှင့်အခြားသော နာမည်ကြီးကာတွန်းဆရာများ၏ တစ်ကွက် ကာတွန်းများနှင့် comic ဇာတ်လမ်းတွဲများ ကို ကြည့်ရှနိုင် ပြီဖြစ်ပါသည်။ 969toons တွင်အဓိက အားဖြင့် တစ်ကွက် ကာတွန်းများ ၊ comic များနှင့်၊ သတင်းခန်း များပါဝင်သည်။

969toons ၏သတင်း တွင် ကမ္ဘာ တ၀န်းရှိ ထွက်ရှိပြီးသော ကာတွန်းကားများအကြောင်းနှင့် ကာတွန်း နှင့်သက်ဆိုင်သော သတင်းများကို စုစည်းတင်ပြသွားမည်ဖြစ်ပါသည်။
wallpaper များကိုလည်း free download များပေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် ယခုအခါကြော်ညာအစီအစဉ်များထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သောကြောင့် 969toons.com website သည် လုပ်ငန်းရှင်များ၏အကူညီကို ဖတ်ခေါ်လျှက်ရှိပါသည်။

P.Sး အခုလိုပြောပြပေးတယ့် 969 group အဖွဲ့ဝင်တစ်ဦးဖြစ်တယ့် မျိုးသူရထွန်းကို ကျေးဇူးအများကြီးတင်ရှိပါကြောင်း


 အားပေးပါအုံး
 
အားပေးပါအုံး

Thursday, October 22, 2009

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"
= ဆက်လက်ဖတ်ရှူရန် ...
+ + + + +

လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

+ + + + +

* သေနည်းကောင်း*

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

+ + + + +

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

+ + + + +

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"

+ + + + +

အဖေ့အပေါ် မူတည်တယ်

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "

+ + + + +

*မဖြစ်ဘူး*

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

+ + + + +

*ရွေးချယ်မှု*

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "

+ + + + +

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......
= ပြီးပါပြီ ...

Tuesday, October 20, 2009

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။

ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ "

ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ" တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။

ဒီတော့ အမေရိကန်တွေက " လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ " ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။

ပေ ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

" မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ ခန့်ကထဲက Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း " ဆိုပဲ။

မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

Credit to myochitmyanmar

Monday, October 19, 2009

crack, patch, keygen တွေက ဘာအတွက်သုံးတာလဲဆိုတော့.... ရှင်းရှင်းပြောရရင် သူများ ရောင်းတဲ့ဟာကို အလကား ဖရီးသုံးလို့ ရအောင် လုပ်ထားတဲ့ နည်းတွေပါ။ crack, patch, keygen ကို ဘယ်လို အသုံးပြုရမည်ဆိုတာ မသိသေးတဲ့ သူငယ်ချင်းများအတွက် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

crack
ဆော့ဝဲလ်တစ်ခုမှာ crack လုပ်ဖို့ ဖိုင်လေးပါလာရင် ဘယ်လိုအသုံးချရမလဲဆိုတော့ ...

အဲဒီ crack folder (0r) file လေးများကို ကော်ပီကူးပြီး ၀င်းဒိုးထဲက သက်ဆိုင်ရာ ပရိုဂရမ်ဖိုင်မှာ သွားထည့်လိုက်ရုံပါပဲ။ အဲဒီအချိန်မှာ မူရင်းဖိုင်တွေအပေါ်မှာ replace လုပ်မလားလို့ များသောအားဖြင့် မေးတတ်ပါတယ်။ အဲဒီအချိန်မှာ Yes ဆိုပြီး click နှိပ်ပေးလိုက်တာနဲ့ crack လုပ်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။ သက်ဆိုင်ရာ ဆော့ဝဲလ်ကို full version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

crack file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်လိုက်ရင် crack ချိုးတဲ့ ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်။ ။ crack ချိုးတဲ့ အချိန်မှာ သက်ဆိုင်ရာ software ကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

patch
ဆိုတဲ့ဖိုင်လေး ဆော့ဝဲလ်တစ်ခုမှာ ပါတယ်ဆိုရင် အောက်ပါအတိုင်း အသုံးပြုရပါမည်။

သူက crack နဲ့ သိပ်မကွာပါဘူး။ patch ဖိုင်လေးကို ၀င်းဒိုးတင်ထားတဲ့ သက်ဆိုင်ရာ program file လေးထဲ ထည့်ပြီး double click နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် patch ဖိုင်ပွင့်လာပါလိမ့်မယ်။ အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

patch file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်ပြီး double ကလစ်နှိပ် ဖွင့်လိုက်ပါ။ ပြီးရင် အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

မှတ်ချက်- အချို့ patch ဖိုင်တွေက များသောအားဖြင့် vista နဲ့ window 7 တွေမှာ အလုပ်မလုပ်တတ်ကြပါဘူး။

Keygen
ဆိုတာပါရင် ဘယ်လိုအသုံးပြုရမလဲဆိုတော့......

များသောအားဖြင့် keygen ဆိုတဲ့ ဖိုင်လေးက လိုအပ်တဲ့ ဆော့ဝဲလ်စတင်ကတည်းက အသုံးပြုရတာ များပါတယ်။ application software စတင်တဲ့ အချိန် serial key တောင်းပါလိမ့်မယ်။ အဲဒီအချိန် keygen လေးကို double click နှိပ်ပြီး ပေါ်လာတဲ့ ကီးလ်လေးတွေကို သက်ဆိုင်ရာ နေရာမှာ ဖြည့်ပေးလိုက်ရင် ရပါတယ်။ တစ်ချို့ ဆော့ဝဲလ်တွေမှာ ကျတော့ software တင်ပြီးတဲ့ အချိန်မှ serial key ကို တောင်းတတ်ပါတယ်။ အဲဒီအချိန်မှာ သွားပြီး ဖြည့်ပေးလည်း ရပါတယ်။

ကျွန်တော်ပြောသွားတဲ့ နည်းလေးတွေက application အားလုံးအတွက် အတူတူပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောတရားကတော့ အဲဒီသဘောတရားတွေ ချည်းပါပဲ။ အားလုံး အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ခင်ဗျာ....
အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း

(1 ) Fine: ကောင်းပြီလေ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။

( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။

(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။

(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ် ။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။


ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်..

Sunday, October 11, 2009





အခုကျနော်ပေးမယ့် internet secuirty က AVG internet security version 9 (latest version) လေးပါ။ ကောင်းတာမှ ရှယ်ကောင်းတာနော်.ကျနော်တော့ အခုလက်ရှိသုံးနေတာ တော်တော်အဆင်ပြေတယ်
Top 10 internet security ထဲမှာ ၁ခုအပါအဝင်ပေါ့။  
Trial Version ဖြင့်  ချပေးထားသော Serial number များကို ဖျက်ပြီး Full Version သုံးနိုင်သည့်  Serial number များကို ရွေးချယ်ထည့်  သွင်းပြီး အင်စတော လုပ်နိုင်ပါပြီ။ ဒါဆိုရင်တော့  Full Version နှင့်  အပြည့်  အ၀အသုံးပြုလို့  ရပြီပေါ့ 


Click here to Download


Key 1 : 8MEH-RXYFD-JUV72-8922R-FTBZ6-QEMBR-ACED
Key 2 : 8MEH-R2CML-SS7FW-MOXFR-TRU8V-3EMBR-ACED
Key 3 : 8MEH-RF7RF-MR8JO-EWOVA-UVKMQ-FEMBR-ACED