Tuesday, January 26, 2010




Online ပေါ်က file, movie, Song တွေကို download လုပ်ချင်ရင်တော့ Internet Download Manager ကမရှိမဖြစ်လိုအပ်ပါတယ်
Download Speed ကို ၅ဆ အထိ ပိုမိုမြန်ဆန် စေပီး resume support လုပ်ပေးတယ့်အတွက် အထူးကောင်းမွန်လှတယ့် downloader တစ်မျိုးဖြစ်ပါတယ်


Internet Download Manager (IDM) is a tool to increase download speeds by up to 5 times, resume and schedule downloads. Comprehensive error recovery and resume capability will restart broken or interrupted downloads due to lost connections, network problems, computer shutdowns, or unexpected power outages.

Click Here To Download


Patch မလုပ်တတ်သူများ အတွက် --download လုပ်ပီး extract လုပ်ပီးလျှင်  idm.exe ကို install လုပ်ပါFinish button ပေါ်လာလျှင် Finish ကို click မလုပ်သေးပဲ patch.exe run ပီး patch ကို click လုပ်ပါ။ ပြီးလျှင် Finish ကိုclick လုပ်နိုင်ပါပြီ။

P.S : (((((extract လုပ်ရန် winrar software မရှိရင် ဒီမှာ download လုပ်နိုင်ပါတယ်)))))




ကဲ ဘော်ဘော် တို့ရေ ဒါလေးက Avast Antivirus Free version ပါ။ Free version ဆိုတော့ activation key တွေ serial key တွေ မလိုတော့ အလုပ်ရှုပ်သက်သာတာပေါ့
ဘာတွေစွမ်းဆောင် နိုင်လည်းဆိုတာတော့ အောက်မှာဖော်ပြထားပါတယ်

avast! Free Antivirus represents the best free antivirus protection currently available on the market. This edition is FREE OF CHARGE for non-commercial & home use. Its features include:
* Anti-spyware built-in
* Web Shield
* Anti-rootkit built-in
* Automatic updates
* Strong self-protection
* Virus Chest
* Antivirus kernel
* System integration
* Simple User Interface
* Integrated Virus Cleaner
* Resident protection
* Support for 64-bit Windows
* P2P and IM Shields
* Internationalization
* Network Shield

(OR)

Saturday, January 23, 2010

သနားချစ်လေလား

လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။
သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါ အလွန်တုန်လှုပ်သွား၏။ စိတ်ရှုပ်သွား၏။ ထို့ကြောင့် သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။
``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေး တွေနဲ့။
မျက်စိက စွေနေသေးတယ်။ သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´
သည်တော့ သားက…
``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊ သနားစရာလေးပါဗျာ



သူ့အမေ ရင်ကျိုးအောင်



မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…
``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး `
`အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟုလည်း
စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။
``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´
``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊ သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´ (ဆက်ဖတ်ရန်)



မောင်လည်းမင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲကျကြတာ။
ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်က ကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး ...
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်
ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ်
နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့။
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
“ ဟေ့…..နံပါတ်(၅) ပြောပြကြည့်
““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်”
“ မောင်လို့ခေါ်ရင်ပြောမယ် ”
”ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်”
“အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ်... အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
“ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်”
“ မောင်လို့ခေါ်ရင်ပြောမယ် ”
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် ...မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် ..အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ်..
 သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ ..နောက်တွေ့မှာမှ မဟုတ်တာ ...
ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီးနောက်လှည့် ပြီး”
“ မောင်………….”လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်
“ သိပ်မကြားရဘူး ”
ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ...
ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး “ မောင်…..ပြောပြပါနော် ……မောင်နော် ”
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
“ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာ အဲဒီတစ်ပုဒ်ကိုမရဘူး ””
**********************************************************
လောကီလူသား၊ လူအများတွင်၊
လှည့်ဖျားလိမ်လည်၊ ဉာဏ်နီဉာဏ်နက်၊
ကျင့်ပျက်သသူ၊ လွန်ပေါထူ၍၊
တွေးယူတွက်ဆ၊ ပြောသမျှကို၊ မုချအမှန်၊ဖြစ်လေတန်ဟု၊ ဧကန်မမှတ်၊
မယုံအပ်ပေ၊ ယုံမိချေက၊ ပျက်ကြွေဥစ္စာ၊
ဒုက္ခဖြာသည်၊ မကွာသတိ ရှိစေတည်း။
မသာဆင်းခဲ့
လူဆိုတဲ့အမျိုးက (မြန်မာမှန်လျှင်) မလုပ်နဲ့ဆိုတာကိုမှ လုပ်ချင်ကြသည်။

ခုလည်းကြည့် သရက်သီး မခူးရ ဟုဘုန်းကြီးက အမိန့်ထုတ်ထားသည့်ကြားကပင် ကိုရင်တစ်ပါးက အပင်ပေါ်တက် သရက်သီးခူးနေချေ၏။
အသံမကြားရအောင် သရက်သီးကို ကြိုးနဲ့ချည်ပြီးချပေး၏။ အောက်က ကြိုးဖြေပြီး တောင်းထဲထည့်သည်။

ထိုကိုရင်က ဘုန်းကြီးလည်း မြင်ရော ထွက်ပြေးတာပေါ့။

ဘုန်းကြီးက အဖြစ်အပျက်ကို သိတော့ ကိုရင်နေရာအစား ၀င်ပြီး ကြိုးဖြေဖြေပြီး တောင်းထဲထည့်နေတာပေါ့။

ခဏကြာတော့ အပင်ပေါ်က ကိုရင်က မေးတယ်။
” ဟေ့ကောင် မပြည့်သေးဘူးလား “တဲ့။

ဒီတော့ဘုန်းကြီးက အပေါ်မော့ပြီး
" ပြည့်ပြီ ၊ မသာဆင်းခဲ့ "တဲ့။
သူ့ဆင်ခြေ
လူတစ်ယောက်သည် မိုးရွာသွန်းနေစဉ် အအုပ်အဆောင်းမပါဘဲ စိန်ပြေနပြေ ဖြည်းဖြည်း လမ်းလျှောက်နေလေရာ တွေ့မြင်ရသူများက

“ခင်ဗျားနှယ် မိုးရေထဲမှာ သုတ်သုတ်သက်သက် လျှောက်ရောပေါ့ဗျာ “ဟုပြောရာ

ထိုသူပြန်ပြောသည်မှာ” ဘာထူးလို့လဲဗျာ ရှေ့ကိုလှမ်းကြည့်တောလဲ မိုးတွေရွာနေတာပဲ မဟုတ်လားဗျာ” ဟုသတည်း။

*********************************************************************************
အလျင်စလိုနိုင်သူများ

အလျင်စလိုနိုင်လွန်းသော လူတစ်ယောက်သည် ခေါက်ဆွဲဆိုင်သို့ဝင်ရောက်သွားပြီး ထိုင်လျှင်ထိုင်ချင်း

“ကျုပ်အတွက်ခေါက်ဆွဲပြုတ်က ဘာဖြစ်လို့ချက်ချင်းမရတာလဲ “ဟုပြစ်တင်စကားဆိုသည်။

ထိုအခါဆိုင်ရှင်က ခေါက်ဆွဲတချို့ကိုယူလာပြီး စားပွဲပေါ်သွန်ချကာ “ကျုပ်အဖို့ ဒီပန်ကန်လုံးကို ချက်ခြင်းအလွတ်လိုချင်လို့ဗျ” ဟုပြောလိုက်သည်။

ဒါနဲ့အလျင်စလိုနိုင်သူသည် ဒေါသထွက်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ဇနီးသည်အားပြောပြရင်း
“ငါတော့သေသာသေလိုက် ချင်တယ်ကွာ “ဟုငြီးတွားစကားဆိုလေသည်။

ထိုစကားကိုကြားရသော ဇနီးသည်က ကဗျာကယာ သူမရဲ့ အ၀တ်အစားများကို ထုပ်ပိုး၍ အိမ်မှထွက်ရန်ပြင်လေသောအခါ

ခင်ပွန်းဖြစ်သူက “ဘယ်လိုဖြစ်တာလဲ “ဟုမေးလေသည်။

ထိုအခါဇနီးဖြစ်သူက” ရှင်သေတော့မယ်ဆို ၊ ရှင်သေတာနဲ့ ကျုပ်နောက်အိမ်ထောင်ပြုမလို့လေ” ဟုပြန်ပြော၏။

ထိုမိန်းမသည် အမှန်တကယ်ပင် နောက်အိမ်ထောင်ပြုလိုက်ရာ လက်ထပ်ပြီးနောက် တစ်နေ့တွင်” လင်အသစ်ဖြစ်သူက

သူမကို ကွာရှင်းမည် ဟု ခြိမ်းခြောက်ပြောဆိုခြင်း ခံရလေရာ ဘာကြောင့် ကွာရှင်းသနည်း ဟုမေးရာတွင်

လင်အသစ်ဖြစ်သူက “ယခုသူ့အတွက် သားဦးတစ်ယောက်ကို ချက်ချင်းမွေးဖွားမပေးနိုင်သည့်အတွက် “ဟု အကြောင်းပြလေသည်။
**********************************************************************************
ခွေးခြေတွက်သစ်ကိုင်းတစ်ကိုင်း

ရှေးအခါက ကျေးရွာတစ်ရွာတွင် ဆရာတပည့်အတူနေကြရာ

သစ်သားခွေးခြေကလေး ခြေထောက်ပျက်စီးနေသောကြောင့်ဆရာဖြစ်သူကတပည့်အား ခွေးခြေထောက်လုပ်ရန်

တောထဲသို့ သွား၍ သစ်ကိုင်းတစ်ကိုင်း ခုတ်ယူခဲ့ဖို့ ခိုင်းစေသည်။

ရိုးအလွန်းသောတပည့်သည် ပုဆိန်တစ်လက်ယူပြီး တောထဲသို့သွားကာ တစ်နေကုန် သစ်ကိုင်းရှာလေသည်။

မိုးချုပ်သောအခါ လက်ချည်းပြန်လာ၍ ဆရာဖြစ်သူက သစ်ကိုင်းမပါကောင်းလားဟု အပြစ်တင်ရာတပည့်က “ကျွန်တော်လဲ တစ်နေကုန် တောထဲမှာ သစ်ကိုင်းရှာနေတာပဲ။ ခြေထောက်လုပ်ဖို့ သင့်တော်မယ့် ခွေးခြေထောက်ပုံပေါက်တဲ့ သစ်ကိုင်းရှာမရတာနဲ့ မခုတ်ဘဲပြန်လာပါတယ်ခင်ဗျာ” ဟုဖြေသတည်း။
အတူတူပါပဲ
သူငယ်ချင်းစာရေးဆရာသုံးယောက်လက်ဖက်ရည်ဆိုင်တွင်လေထန်နေမိသည်။
ရူပ်ထွေးပွေလီလှသောစာပေရေးရာများအကြောင်း အပြန်အလှန်ပြောဆိုနေကြသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။

ကျွန်တော်တို့ သုံးယောက်ထဲမှ စာရေးဆရာ တစ်ယောက်က လက်မှနာရီကိုကြည့်၍ ဆော်သြလိုက်သည်။

“ ဟေ့ကောင်တွေ အချိန်မနည်းတော့ဘူးကွ ၊ တို့တွေ ညနေ(၅)နာရီလောက်ကတည်းကွ ၊တို့တွေ ညနေ (၅ ) ရီလောက်ကတည်းက ထိုင်လေပန်းနေကြတာ အခု

(၉)နာရီထိုးတော့မယ်။ ပြန်ကြစို့ ၊ တော်ကြာ (၉ ) နာရီကျော်သွားရင် ငါ့မိန်းမစိတ်ဆိုးနေဦးမယ်။ ငါသူ့ကို (၉)နာရီအရောက်ပြန်ခဲ့မယ်လို့ ပြောခဲ့တာကွ“

ထိုအခါ ကျန်တစ်ယောက်ကပြန်ရန်ပြောသော စာရေးဆရာဘက်သို့လှည့်ကာ” မင်းပြောမှငါလည်းသတိရတယ် ၊ ငါညနေအိမ်ကထွက်တော့ ငါ့မိန်းမအပြန်မှာ

သူ့အတွက်အာလူးပူတီဝယ်လာဖို့ ငါ့…သေသေချာချာမှာလိုက်တာကွ။ မင်းတို့နဲ့တွေ့ပြီးစကားကောင်းနေတာ အခုလောက်ဆိုအာလူးပူတီဆိုင်ကပိတ်သွားပြီ ”

“ဒီနေ့ဆိုင်မထွက်ဘူးလို့ပြောလိုက်ပေါ့ကွာ ” သူ့ဒုက္ခအတွက် ကျွန်တော်အဖြေရှာပေးလိုက်သည်။ “ဆိုင်မထွက်ဘူးပြောရအောင်လည်း ငါ့မိန်းမက

အဲဒီဆိုင်မှာစားနေကျကွ ၊ ဒီနေ့မှ သူမအားလို့ ငါ့ကိုမှာလိုက်တာ ၊ နောက်နေ့သွားစားရင်သိမှာပဲ ၊ ဒုက္ခပါပဲကွာ ၊ ငါတော့ဒီညအိမ်ကို ဘယ်လိုပြန်ရမလဲမသိဘူး ”

သူတို့နှစ်ဦး၏ စိတ်ပျက်လက်ပျက်ညည်းတွားမှုများအဆုံး ” ငါ့အလှည့်ကွ ” ဟုစိတ်မှာတွေးလျက် (မိန်းမကြောက်)နှစ်ယောက်ကို ဟိန်းဟောက်ပစ်လိုက်သည်။

” မင်းတို့တော်တော်မိန်းမကြောက်ရတဲ့ကောင်တွေပဲကွ ၊ မင်းတို့အဲ့ဒီစကားမျိုးတွေ လူရှေ့သူရှေ့လျှောက်မပြောနဲ့ ၊ သိပ်ရှက်ဖို့ကောင်းတယ် ” ” မင်းကော မိန်းမ

မကြောက်ရဘူးလား ” သူတို့နှစ်ဦး၏ တညီတညွတ်တည်းသောတုန့်ပြန်မေးခွန်းကို ” အိုး…လုံးဝမကြောက်ရဘူးကွ ၊ မင်းတို့လိုယောကျာ်းဈေးဖျက်တဲ့အထဲ

ငါမပါဘူး ” ဟုရင်ကော့၍ ပြန်ဖြေပစ်လိုက်သည်။

သူတို့နှစ်ဦး၏ အထင်တကြီးမျက်ဝန်းနှစ်စုံကို အားရကျေနပ်ဖွယ်ရင်ဆိုင်လိုက်ရချိန်တွင်

ကျွန်တော့်မိန်းမမှာထားသောစကားတစ်ခွန်းက နားထဲတွင်ပဲ့တင်ထပ်လာသည်။

” မောင်နော်…သူငယ်ချင်းတွေဆုံလို့ မောင့်ကိုမိန်းမကြောက်ရလားလို့မေးလာရင် မကြောက်ဘူးလို့ပြောရမယ်…ကြာလား ” တဲ့။
*********************************************************************************
ဥာဏ်ကြီးရှင်

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည “ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ ..

သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ” “အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်” ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ ရှာဖွေ

ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။ ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့ ဖုန်းဆက်လိုက်သည်။

“ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား” “အေး ခွဲသွားတယ်ကွ” “အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် ..

ရဲတွေ ဆီကို ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်”
********************************************************************************
ရိုက်ချင်ပေမယ့်

ရွာတစ်ရွာတွင် သာလှနှင့်ဖိုးထောင်တို့စကားများရာ ဖိုးထောင်ကခေါင်းကိုထိုးခံပြီး ” ဟေ့ သာလှ ရိုက်စမ်းပါ ရိုက်ရဲရင် ရိုက်စမ်းပါ ”

သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည် ။ ထို့နောက် ကျေရာကျေကြောင်း တောင်းပန် ဆေးကုသပေးရင် ၊ သာလှကျွဲတစ်ကောင် ပြုတ်သွားသည် ။

တစ်နှစ်အကြာတွင် သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ ဖိုးထောင်က ” ရိုက်ရဲရင် ရိုက်စမ်းပါ ”

သာလှ တုတ်ကို လွှတ်ချပြီး ပြောလိုက်သည်မှာ ” ရိုက်တော့ ရိုက်ချင်တာပေါ့ကွာ…..ဟွန်း…တစ်ကောင်တည်းကျန်တော့လို့ ”
မှားပုံက……….
အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။

ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။

အတူ လိုက် ပါမည့် ဘာသာပြန် သူမှ

“ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊

How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you.လို့ ပြန်မေးပါလိမ့်မယ်၊

အဲဒါပြီးရင် ဝန်ကြီးချုပ် က me too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။

ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်ဟာသနှောလိုက်သည်)
Well, I am Hilary’ husband, and you?har har.

မိုရီ။ ။ Me too, har har har
ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။

ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။
“ဟေ့ မင်းဘယ်သူလဲ”
“ဂျင်မီနီပါ သခင်”
“လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား”
“ဟုတ်ပါတယ် သခင်”
“ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း”
“ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်”
အဖြေမှန်
ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်ကအာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ”
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
“ဆရာ့အသက် ၂၄ နှစ်”
“မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ”
“ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ”
နိုင်ငံတကာ ပြိုင်ပွဲ
ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။
ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။
ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ်ထပ်မစားနိုင်တော့။
ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင်စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…
မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။
၎င်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။
“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစား စားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
“ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင်ဖြစ်ရပါတယ်။

ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကိုကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင်စားပြလိုက်သေးတယ် ခင်ဗျ”
ဂလိုလား
မောင်ဖြူ။ ။ မောင်အူရေ မင်းတို့ရုံးက အကြီးအကဲက ပေါ်လစီကို ခဏ ခဏ ပြောင်းတယ်ဆို။
မောင်အူ။ ။ ဟာ ဟုတ်ပါဘူးဟ။(၂)မျိုးတည်းပါကွာ။
မောင်ဖြူ။ ။ ဟုတ်လား ကောင်းတာပေါ့၊ ဒါနဲ့ ဘယ်လို နှစ်မျိုးလည်း။
မောင်ဖြူ။ ။ အခုတစ်မျိုး တော်ကြာတစ်မျိုးလေ
တော်လိုက်ပုံများ
သားဖြစ်သူမောင်အူ ကျောင်းမှပြန်ရောက်လာသောအခါ အဖေဖြစ်သူကမေးသည် ။
      ဖခင်။ ။ သား ဘာတွေတတ်နေ ပြီ လည်း သား။
မောင်အူ။ ။ တတ်တာတွေကတော့အများကြီးပဲ အဖေရ ၊ သားမသိတာဆိုလို့ နှစ်မျိုးပဲရှိတော့တယ်။
      ဖခင်။ ။ ဟာဟုတ်လှချည်လား ငါ့သားရ၊ လုပ်စမ်းပါအုံး ဘယ်နှစ်မျိုးကို မသိတာတုန်း။
မောင်အူ။ ။ ဟိုဟာ ရယ် ဒီဟာရယ်ပဲ ပါအဖေ။
ဟိုနား ဒီနား ငါးဆယ်ပါ
ခေါ်ကြည့်က ပြောနေရှာ
သူခိုးလေးက
နှစ်ရာ သုံးရာတဲ့ဗျာ
ဈေးကြီးလိုက်တဲ့ ပတ်စ်ကားကြီး
တိုးတိုးကြိုက်ကြိုက် လိုက်တွယ်စီး
အဆဲ ခံရနီးနီး
ဒန့် ဒန် ဒန်း

Friday, January 15, 2010


အားပေးကြပါအုံး

အားပေးကြပါအုံး



အားပေးကြပါအုံး

ဒီနေရာမှာ 969 group မှ တာဝန်ရှိသူ တစ်ဦးနဲ့ နဲ့ interview ထားတာကိုတင်ထားပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ

Monday, January 11, 2010



PowerDVD CyberLink today launched the latest in its DVD player software CyberLink PowerDVD 9, which is offering DVD upscaling technology. PowerDVD 9 feature highlights include the new TrueTheater Technology, which is offering DVD up-scaling to HD-like quality Cinema Mode for watching Blu-ray Discs via Windows Media Center.

 DVD player software မရှိလို့စိတ်ညစ်နေသူများအတွက် Cyberlink PowerDVD Lite 9 ထွက်ရှိလို့လာပီ။
လိုချင်ရင်ယူသွား၊ မလိုချင်ရင်တော့ ကျော်သွားပေါ့။

 """"ဒါတော့နင်ပြောမှလား ငါလည်း သိတာပေါ့"""" :P

(OR)

Saturday, January 09, 2010


ဖိုင်ကို (Compress) ချုံ့မယ် ၊ (Extract) ပြန်ဖြေမယ့် အလုပ်ကိုလုပ်ပါတယ် . ပြီးတော့
မရှိမဖြစ် ရှိထားသင့်တယ့် Software လေးပါ

(or)


ESET delivers the fastest, most effective antivirus software with spyware and malware protection available to combat viruses, spyware, rootkits and other internet attacks, keeping your identity and data safe from hackers and thieves.




Tuesday, January 05, 2010

တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ နည်းပညာဆိုင်ရာ
တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း
တိကျခိုင်မာလာပါတယ်။
အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ ဝေမျှလိုက်ပါတယ်

၂၀၂၀ မှာဖြစ်လာမယ့် ၀န်ဆောင်မှုကို သိချင်တယ်ဆိုရင်

အော်ပရေတာ။ "ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့
..."

စားသုံးသူ။ "ဟဲလို.... ကျွန်တော် မှာစရာရှိ..."

အော်ပရေတာ။ "ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ.."

စားသုံးသူ။ "အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ ..."

အော်ပရေတာ။ "ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃
အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ၀၆၉၃၈၃၇၂၇
ဖြစ်ပါတယ်။ ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ.."

စားသုံးသူ။ "အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်သိနေတာလဲ..."

အော်ပရေတာ။ "ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ.."

စားသုံးသူ။ "ထားပါတော့... ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား..."

အော်ပရေတာ။ "အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး.."

စားသုံးသူ။ "ဟ.. ဘာဖြစ်လို့တုန်းကွ..."

အော်ပရေတာ။ "ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ
သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်..."

စားသုံးသူ။ "ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ..."

အော်ပရေတာ။ "ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့
ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ..."

စားသုံးသူ။ "မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ..."

အော်ပရေတာ။ " ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ
စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က " ထင်ရှားသော ဂျပန်စတိုင်
ဟင်းလျာများ " မို့လို့ပါ.."

စားသုံးသူ။ "ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ... ငါ့ကို မိသားစုစာ
(၃) ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ..."

အော်ပရေတာ။ "ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ
လုံလောက်ပါတယ်... စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ..."

စားသုံးသူ။ "အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား.."

အော်ပရေတာ။ "ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်... ဆရာ့
အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ
ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ
ကတည်းကပါ... အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး..."

စားသုံးသူ။ "ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ
သွားပြေးထုတ်ထားရမယ် ထင်တယ်..."

အော်ပရေတာ။ "ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ
ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ..."

စားသုံးသူ။ "ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ..
ငါ့ဆီမှာ ငွေသားရှိပါတယ်... ဒါနဲ့ ဘယ်လောက် ကြာမလဲကွ..."

အော်ပရေတာ။ "(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး
ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်...

စားသုံးသူ။ "ဘာ!!!"

အော်ပရေတာ။ "စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ
ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ .....

စားသုံးသူ။ "?????????"

အော်ပရေတာ။ "ဘာအလိုရှိသေးပါသလဲ ဆရာ.."

စားသုံးသူ။ " မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့
မပေးနိုင်ဘူးလား.."

အော်ပရေတာ။ "သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့်
မှတ်တမ်းတွေအရ..ဆရာ့မှာ ဆီးချို....."

စားသုံးသူ။ "***%&$%%### $##$%%@!)))"

အော်ပရေတာ။ "ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈၇
ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက်
အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ.."

စားသုံးသူ။ မူးလဲသွားပါတယ်...
ရွှင်လန်းချမ်းမြေ့ကျပါစေ

Monday, January 04, 2010

ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း

ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ
ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို
ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို
ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို
ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ
အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို
တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


*ခင်နဲ.မောင်*

အချက်အပြုတ်..........မောင့်အလုပ်
ထင်းမီးသွေးဝယ်........မောင်ပဲကွယ်
ဆန်ဆီဆားလဲ..........မောင်ပါပဲ
ကလေးထိန်းကျောင်း..... မောင်ပဲကောင်း
အဖွတ်အလျော်.........မောင်ပဲနော်
သို့သော်...သို့သော်
အလှပြင်ဆိုင်........ခင်ပဲထိုင်
ဗိုလ်ချူပ်ဈေးသွား.....မောင်မတား
ဆလင်းဘတ်အသစ်.....ခင်အတွက်ဖြစ်
ဘာပဲပြောပြော........ခင်သဘော.....။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖြစ်ချင်တာက.

ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။
ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။
တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့
လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။
သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ
မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”

 
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ထီးပါလားးးးးး???

လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။
ဘုရားသခင်။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို ရွာချရော။
ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး
ကော်ဖီဖျော်တိုက်တယ်။ အဲ ... မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။ အဲဒါကြောင့်
ခွင့်လွှတ်ပါ။
ဘုရားသခင်။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို
သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့
သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့
မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။
ဘုရားသခင်။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ
အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက
ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ...
အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................
ဘုရားသခင်။ ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။
ပြီးပြီမဟုတ်လား။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။ မြန်မြန်ပြန်တော့။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အကြောင်းရင်း. .

"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဘာကောင်လဲ. .

ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တော်တော်ရှင်းပြလိုက်ရတယ် !

ပရောဖက်ဆာ တစ်ယောက်က သူ့ရဲ့အတွေ့အကြုံကိုပြောပြနေသည်။
“ ဒီနေ့ ကျွန်နော် အတန်းထဲမှာ သင်္ချာ ညီမျှ ချင်းတစ်ခုကို ဘယ်လိုသက်သေပြ ရတယ်ဆိုတာရှင်းပြတယ်။ ပထမတစ်ခါရှင်းပြပြီးလို့ ကျောင်းသားတွေကို လှည့်ကြည့်လိုက်တော့ တစ်ယောက်မှနားလည်ပုံမရဘူး ။ ဒါနဲ့ နောက်တစ်ခေါက် တစ်ကြောင်းချင်း သေချာရှင်းပြရတယ်။ ဒီတစ်ခါတော့ ကျောင်းသားတစ်ဝက်လောက်က နားလည်ပုံရတယ်။ ဒါနဲ့ပဲ နောက် တတိယတစ်ခေါက် အနေနဲ့ တစ်ကြောင်းချင်းရှင်းပြတယ်..
အရေးကြီးမယ်ထင်တယ့်နေရာလေးတွေကို လိုင်းလေးတွေတာ: ပြီးအသေးစိတ်ရှင်းပြတယ်။
အဲ့ဒီတော့မှကျောင်းသားတွေ အားလုံးနားလည်သွားတော့တယ်။
ကျွန်တော်လည်း နားလည်သွားတယ်”

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်

ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။

ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.

ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီဟာသလေးတွေကို ဖတ်ဖူးနေတာတော့ ကြာပါပီ... ခုတလောမှ online မှာတွေ့လို့
ဖတ်ပြီးသားပေမယ့်.. ထပ်ဖတ်ဖြစ်တော့လည်း ပြန်ရယ်မိတာပါပဲ... ကျွန်တော်အကြိုက်ဆုံးက ပထမဆုံးဟာသ နဲ့ နောက်ဆုံးဟာသပါ.. ပြန်တွေးတိုင်း ပြုံးမိပါတယ်.. သူငယ်ချင်းတွေလည်း နှစ်သစ်မှာ ရယ်မောပျော်ရွှင်ရအောင် ကောင်းနိုးရာရာလေးတွေကို ပြန်မျှဝေလိုက် ပါတယ်.... တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ..... :D