Monday, September 28, 2009


ရဲလေး တတိယကာရန် ထွက်ရှိလို့လာပါပြီ

အားလုံးအတူတူ (Feat: Jocker)
ငါဘာမှမသိ(Feat: Jenny)
ကိုယ့်ရဲ့ကွက်လပ်
ဘာစားမှာလဲအစ်ကို(Feat:ထိန်ဝင်း )
တို့နှစ်ယောက်အကြောင်း(Feat:သား ကြီး)
ဝမ်းတူးဝမ်းတူး(Feat:Jocke r)
မနှုတ်ဆက်ချင်ဘူး(Feat:အိမ့်ချစ်)
ကောင်ကလေးကကောင်မလေးကို(Feat:အစ္စဏီ)
မဟုတ်ရပါဘူး(Feat:ထိန်ဝင်း )
ရိုးမြေကျ
မင်းနဲ့ပျော်ချင်လို့
နတ်သမီး(Feat:အစ္စဏီ)
တစ်ယောက်တစ်မျိုး(Feat: Ah Boy)
မနှုတ်ဆက်ချင်ဘူး(Feat:လွမ်းပို င်၊ အိမ့်ချစ်၊ bobby soxer (ထက်ထက်))
အဆင်ပြေရာ link တစ်ခုခုမှ download လုပ်သွားနိုင်ပါတယ်ခင်ဗျား
Download Links


1  Mediafire (recommended for singapore and other countries )
2  Megaupload
3  Rapidshare
4  Zshare   (recommended for Myanmar)
5  Multiupload

Credit to MMA
သီတင်းကျွတ်နီးလာပီဆိုတော့ သီတင်းကျွတ်နဲ့ပတ်သတ်တယ့် ဟာသလေးကို ဝေမျှလိုက်ပါတယ်

969 creation ရဲ့လက်ရာလေးတွေပါ



အားပေးပါအုံး




Sunday, September 20, 2009

ကိုယ့်နာမည်————- ဉာဏ်မင်းထက်

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– ကိုထက်

အရမ်းခင်တဲ့တယ်ရင်းတွေက ဉာဏ်ကြီး ဖိုးသဲ….တော်ပြီ…ဆက်ရေးတော့ဘူး….:(

ဒီမှာနေတယ်————- လမ်းဘေးမှာ….

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- ၉၉၉ သာ press လိုက် …:D
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် ———-လှတာအကုန် …..

အ၀တ်အစားဆိုရင် ———- လိုက်ဖက်တာမျိုးဆိုဝတ်ပါတယ် ….

အစားအစာဆိုရင်———-ယိုးဒယားသဘောသီးထောင်း,pizza ,burger

ပစ္စည်းဆိုရင် ———- electronics…(ဈေးကြီးလေကြိုက်လေပဲ)

သီချင်းဆိုရင် ———- အကုန်သဘောကျတယ် ..

ဥပမာ… ရဲလေး J Me စိုင်းစိုင်း ဟန်ထူးလွင်
ပြီးတော့ ကိုးရီးယားမင်းသမီး ချောချောလေးတွေ. :D (ဆိုင်လည်းဆိုင်ဘူးနော် သီချင်းနဲ့ )
စာရေးဆရာ ———-text book ရေးတဲ့စာရေးဆရာတွေ ပါဖူး…..

စာအုပ် ———– ….The richest man in babelon

Life style ———- ပျော်ပျော်ရွှင်ရွှင် နဲ့ အေးဆေးတဲ့ဘဝ

ကိုယ့်ရဲ့ဝါသနာ ———- စာဖတ် ,ရုပ်ရှင်ကြည့်  , လည်လည်သွား(တယ်ရင်းတွေနဲ့  :D ),
သီချင်းအကျယ်ကြီးအော်ဆို (ရေချိုးရင်) (မယုံမရှိနဲ့ နော် အိမ်ကလူတွေအသိဆုံး )…..


အလိုချင်ဆုံးလက်ဆောင် ———- ဈေးကြီးကြီး ပစ်စီး ဆို အားလုံးလိုချင်တယ်…..


ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- ဟဲဟဲ လုံးဝလုံးဝမပြောပြဖူး သတ်ချင်သတ်လိုက်
ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- အဖေ နဲ့  အမေ . ပြီးတော့လေးစားထိုက်သောသူ အကုန် …..

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———- အခင်ဆုံးသူငယ်ချင်းဖြစ်ချင်သူများ
မုန့် ဝယ်ကျွေးပါ… (ဟဲဟဲ စတာ အများကြီးပဲ)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- ကိုယ့်မေမေ….

ကိုယ့်ရဲ့ အမုန်းဆုံးသူက ———-မရှိ

ရင်အခုန်ဆုံးအချိန် ———- စာမေးပွဲ ဖြေနေတဲ့အချိန် (ဟီဟီ)

အကြောက်ဆုံးအချိန် ———- ညကြီးမှောင်မှောင်သရဲကားကြည့်ချိန် (တကယ်ကြောက်တာ )

အပျော်ဆုံးအချိန် ———- အိပ်ရေး၀၀အိပ်ရတဲ့အချိန် (မယုံမရှိနဲ့ နော် အသေအိပ်တာ ဟီဟီ )

အမှတ်တရနေ့ ———- သိချင်ရင် စာရင်းပေးသွင်းပါ….

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု———-ကျောင်းပြီးရင်ပိုက်ပိုက်များတဲ့အလုပ်ရပါစေ… (လောဘ…လောဘ :D )

အချစ်ဆိုတာ ———- အလို့ ချစ်တာပါတဲ့ (ပြောကြတာပဲ )


အမုန်းဆိုတာ ———- လောင်တဲ့မီးပေါ့ကွယ်….

အလွမ်းဆိုတာ ———- အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးလေး

သံယောဇဉ်ဆိုတာ———- ရစ်တတ်တယ်တဲ့ (ရစ်လုံးလိုပဲထင်ပါရဲ့  ဟီ)

ဘ၀ဆိုတာ ———- ခရီးရှည်….

သူငယ်ချင်းဆိုတာ ———-သာပေါင်းညာစား (အနိုင့်ကျင့်ဖို့ )

ချစ်သူဆိုတာ ———- ခြစ်သူပေါ့…:D

ရည်းစားထားတယ်ဆိုတာ -------ဇီးပြားလေးစားသလိုပဲ

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- အေးမလိုလိုနဲ့ ကုက်ကမြင်း

(တစ်ခါတစ်ခါ ဆရာကြီးပုံစံနဲ့ blog တွေပါတွေကောက်ရေးသူ .. :D)

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- “အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေပါတယ်

အပြောချင်ဆုံးစကားတစ်ခွန်း ———- blog လေးကိုအမြဲအားပေးနေပါနော်…ဟီဟီ
ကိုယ့်နိုင်ငံကို့လူမျိုးကိုချစ်ပါ အချင်းချင်းမနှိပ်ကွပ်ကျပါနဲ့

Saturday, September 12, 2009







X Men Origins Wolverine ( High Quality Movie)

X Men နောက်ဆုံးထွက်အခွေပါ ရုပ်ရှင်ရုံမှာ မကြည့်ဖြစ်လိုက်ရင် ဒီမှာ download လုပ်သွားနိုင်တယ်နော်
အရင်ဆုံး part1 ကနေ part8 အထိ download လုပ်ပါ
ဪဒါနဲ့ တစ်ပြိုင်နက် part1 part2 part3 part4 connection ကောင်းရင်ကောင်းသလို download လုပ်လို့ရတယ်နော်
download လုပ်ပီးလျှင် part1 ကို extract လုပ်ပီးကြည့်နိုင်ပါပြီ ခင်ဗျာ

Friday, September 11, 2009


On 10th September 2009, I went to Pulau Ubin Island with some of my friends from SIM and SP as I’ve never been there before and I’ve heard that it’s really a great place to visit. So I gave it a chance to get there. We started leaving from Clementi MRT station at about 8.30am and took the Bus no. 2 from Tenah Merah MRT.


We alighted at the last stop and there we can see a small market. So we bought some snacks and mineral water just in case if there is no place to buy them on island. Then we went to the harbor, which is just a few steps away from that small market, to start leaving for Pulau Ubin. There, we took a boat and a few minutes later, we’d finally got our feet on Pulau Ubin island Yahoooooo!!



We had our lunch there, rented a few bikes after that and started rocking there! It can be said that it really is a great place to try to visit as many features of different places can be seen in a single place, Pulau Ubin. To make it clear, there’s got a shore where we can play water like in East coast, a really beautiful so-called forest roads where we can do hiking and cycling, some peaceful shelters to relax, a few bridges which are built a few yards away from the shores or around the coast where we could enjoy the feeling of being in the middle of the sea and take pictures there, and a lot more.









Along the way, we’ve got some problems with our bikes as the chains from different bikes came out from theirs routes, so we needed to fix it at different times which made us delay. But, I didn’t see it as a problem. It’d be so boring if we didn’t even have that kind of things to solve or to fix. It’s like kind of some ingredients to make a meaningful dish, a wonderful trip combined with different experiences. We left there and headed to home at about 5pm. All in all, We had a wonderful time and we will never forget the trip.


A group of SIM and SP students (Memory-Lane)






Yahoooooo.!!! Yayyy...

Ekkkk. SO Tired La..!!!!!

Ma Chaw 3 yaut Ko 3 yaut :P



huh...Pulau Ubin ?????

Mending Bicycle




Peace ^^




P.S : Thanks To ""TH"" for sharing this post!!
ဖတ်ပီး comment မပေးသူများ ရုပ်ဆိုးဆိုးနဲ့ညားပါစေ ဟီဟီ :P
အငဲရဲ့ ကိုး အယ်ဘမ်အသစ် ထွက်ရှိလို့လာပါပြီ ။နားထောင်ကြည့်ကြပါဦး။အောက်ကကြိုက်နှစ်သက်ရာ လင့်(link) တစ်ခုခုမှာ download လုပ်သွားနိုင်ပါတယ်... :)

၁။ ငရဲတစ်ပိုင်း
၂။ အိမ်
၃။ ငါ့စိတ်နဲ့ငါ
၎။ ငါသေနိုင်တယ်
၅။ မယုံနိုင်ဘူး
၆။ အမှတ်တရဒဏ်ရာ
၇။ ဗျူဟာ
၈။ မီးမရှို့နဲ့
၉။ အိမ်မက်ပုံပြင်
၁၀။ မုဆိုး
၁၁။ နောက်ဆုံးမိနစ်
၁၂။ ကြိုတင်ကြံစည်မှု

download from Mediafire (or)

download from Zshare (or)

download from depositfiles

Credit goes to MMA

Tuesday, September 08, 2009

စင်ကာပူလာတဲ့အကြောင်းအရင်းလေးကိုပြောပြပေးပါလား?

အဲ့တာတော့ဟို Diploma ရလို့ရှိရင် အလုပ်လေးဘာလေးရမယ်ထင်လို့ပေါ့ကွာ
အဲ့တော့အလုပ်ကလေးဘာလေးရမလာဘာညာပေါ့ အဓိက နိုင်ငံခြားကိုသူများတွေ
လည်းသွားနေတယ်ဆိုတော့ သွားချင်တယ်။
အမှန်အတိုင်းပြောရင်အိမ်ကလည်းလွတ်တော့လွတ်ချင်တယ်ကွာ ဘယ်နိုင်ငံသွားရမှန်းလဲမသိဘူး
ကျနော်ကစစချင်း..(plz click read more)
= ဆက်လက်ဖတ်ရှူရန် ...

မြန်မာနိုင်ငံမှာ ဂျပန်ဘာသာနဲ့ ဘွဲ့ရခဲ့တယ် အဲ့တော့အစမှာဂျပန်ကိုသွားဖို့ လုပ်တယ်။ ဒါနဲ့စဉ်းစားတာပေါ့
ဂျပန်ကိုသွားဖို့ကျနော်စုံစမ်းတယ် ကျနော်ပခုက္ကူကလာတာ (အညာသားလူရိုးလေးပါ-ဟီဟီ ဘာမှလည်းဆိုင်ဘူးနော်)
အဲ့ဒီတော့် ကျနော်ရန်ကုန်ကိုတက်ပြီးစုံစမ်းတယ် ဂျပန်ပဲသွားရမလား။ စင်ကာပူပဲသွားရမလားပေါ့
အဲ့နှစ်ခုယှဉ်ပြီးစဉ်းစားကြည့်တယ်။ ဂျပန်နိုင်ငံသွားဖို့က အနည်းဆုံး ဂျပန်စာ Level - 3 အောင်လက်မှတ်ရှိရမယ်တဲ့

ကျနော်တစ်နှစ်လောက်ထပ်ပြီးတော့ try ရမှာ။ ဂျပန်သံရုံးစာမေးပွဲက တစ်နှစ်မှာတစ်ခါ ပဲဖြေရတာကိုး
အဲ့တာကို မဖြေချင်ဘူး မဖြေချင်လို့ ကျတော်တစ်နှစ်မစောင့်ချင်တော့လို့ စင်ကာပူကိုရွေးရတာ။
ပြီးတော့စင်ကာပူမှာလည်းနဲနဲ Diploma တို့ဘာတို့ရရင် အလုပ်လျှောက်ရင် နည်းနည်းလွယ်တဲ့နိုင်ငံမျိုးဖြစ်နိုင်တာပေါ့လေ
အဲ့တာကိုလည်းစဉ်းစားတာပေါ့။ ပြီးတော့ English ကလည်းအရင် ဂျပန်စာ ထက်စာရင်တော့
လေ့လာလို့အဆင်ပြေမလားဆိုပြီးတော့ စင်ကာပူကိုလာခဲ့တယ်လို့ပဲ ပြောပါတော့။ ကျနော်တတ်ချင်တယ့် business course
ကိုစုံစမ်းကြည့်တော့ ၁၀တန်းအမှတ် ပျမ်းမျှ ၇၀နဲ့ english စာပဲလိုတယ် ဆိုတော့ စင်ကာပူကိုရောက်လာခဲ့တာလည်းပါတာပေါ့။


ပြီးတော့တိုးတက်တဲ့နိုင်ငံကိုသွားးကြည့်ဦးမယ် နိုင်ငံခြားကိုကောင်းလှပြီပေါ့
ကျန်တဲ့ရည်ရွယ်ချက်ကတော့ ကြီးကြီးမားမားကြီး မရှိပါဘူး (ရည်ရွယ်ချက်ကြီးတယ်နော် ဟဲဟဲ)
အခုတစ်ကယ်ရောက်လာရော စင်ကာပူဆိုတာ ဘာကြီးလဲဆိုတာလက်တွေ့သိလိုက်ရတယ်

စင်ကာပူ ရောက်ခါစက နည်းနည်းတစ်မျိုးတော့ဖြစ်တာပေါ့။
ပြီးတော့ရေသောက်ရတာနဲနဲအခက်အခဲရှိတယ် ဒီမှာကရေဈေးကလည်းကြီးတယ်ပြီးတော့
တော်တော်များများကလည်းဘုံဘိုင်ရေပဲသောက်တယ် ။လီကွမ်ယု လည်းပိုက်ကလာတဲ့ရေပဲသောက်တယ်ဆိုတော့ ကျတော်လည်းသူများသောက်သလိုလိုက်သောက်တယ် အစကတော့ အဆင်မပြေဘူး နောက်တော့ကျင့်သားရသွားတယ်။

ဒီမှာမိဘအုပ်ထိန်မှုအောက်မှာမနေရတော့ ပိုပြီးလွတ်လပ်တယ်လို့ခံစားရတယ် လွပ်လပ်မှုကတော့ဒီလောက်ကြီးတော့ မကွာပါဘူး
မြန်မာနိုင်ငံမှာနေတုန်းကလည်း မိဘက အဲ့လောက်ကြီးမတင်းကျပ်ပါဘူး ဒီမှာမြန်မာပြည်ထက်စာရင်နဲနဲတော့လွတ်လပ်တာပေါ့
အဲ့လောက်ကြီးမသိသာဘူး ဘာကိုအဓိက သိသာလဲဆိုတော့ အဓိက က facilityေ ပ့ါလေ
အဓိကကတော့မြန်မာပြည်မှာလိုသွားရေးလာရေး မခက်ခဲဘူး၊ အဆင်ပြေတယ်။
public transportation system ကလည်းအရမ်းကောင်းတယ်။ ယာဉ် ရထား ကား အားလုံးအဆင်ပြေတယ်
Bus ကား ကလည်းမြန်မာပြည်မှာလိုမဟုတ်ဘူး။ Air Con ဘာညာအမှန်အကန် ရထားကလည်း စိတ်ချရတယ်

ပြီးတော့ကျနော်စာသင်ရတာ အရမ်းအဆင်ပြေတယ် ။ကျောင်းလခလည်းဈေးကြီးကြီးပေးရတယ်
ကောင်းလည်းကောင်းတယ်။ စိတ်လည်းစိတ်ချမ်းသာတယ်။ ပိုက်ဆံလည်းကုန်တာပေါ့။
အဲ့တာကတော့လူတိုင်းကုန်မှာပေါ့။ ပြီးတော့ကျတော် ဒီမှာကျတော့လုံးဝဖုန်မရှိတာသဘောကျတယ်
ခြင်တွေယင်ကောင်တွေမရှိတာသဘောကျတယ်။


နောက်ဆုံးအနေနယ့် ကျနော်တစ်ခု အကြံပေးချင်တာက မြန်မာပြည်ကကျောင်းသားတွေအတွက်တစ်ခုလောက်ပြောချင်ပါတယ်။ အဓိက ကတော့ ၁၀တန်းဖြေကတည်းကပေါ့လေ ရည်ရွယ်ချက်တစ်ခုထားပြီဖြေစေချင်တယ် ဒါကျတော့ဆန္ဒပေါ့လေ။ ကိုယ်က ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ကိုယ့်ဟာကိုမေး ကိုယ့်ကိုကိုယ်စဉ်းစားအရင်ဆုံး။ သူများကိုမမေးနဲ့ မိဘကိုတောင်မမေးနဲ့ မိဘဆိုတာကတော့ကိုယ့်ရဲ့အုပ်ထိန်းသူပေါ့လေ။ ဒါပေမယ့် ကိုယ်ဘာဖြစ်ချင်လဲဆိုတာကိုအရင်စဉ်းစားပေါ့လေ ကိုယ်ဘာလုပ်ချင်မှန်း တစ်ခါတစ်လေ မသိတာမျိုးတော့ဖြစ်တတ်တယ် အဓိက အရင်ဆုံးတော့ကိုယ့်ဟာကိုစဥ်းစားပေါ့

ကိုယ်ဘာလုပ်ချင်လဲဆိုတာ စဉ်းစားပြီးပြီလား ဆုံးဖြတ်ပြီးပြီလား၊ ရည်မှန်းချက်လေးတစ်ခု target လေးတစ်ခုထားပြီးတော့ ငါဒါဖြစ်အောင်လုပ်မယ် အယ် တစ်ကယ်လို့ဒါမဖြစ်ခဲ့ရင် ငါနောက်တစ်မျိုးကောင်းအောင် ဘာတွေဘယ်လိုမျိုးလုပ်မလဲ အဲ့တာမျိုးပေါ့။ ပြီးတော့မြန်မာပြည်ကတော့ ၁၀ တန်းအောင်ပြီးလို့ ရှိရင် ဒါ ကျောင်းပြီးပြီလို့ပြောကြတာပဲ တက္ကသိုလ်တွေဘာတွေဆက်တက်မယ် ဆက်တတ်မယ်ဆိုပေမယ့် မြန်မာပြည်ကတက္ကသိုလ်တွေ က သိပ်မကောင်းဘူးလေ ဒါပေမယ့်တစ်ကယ်ပညာယူတတ်ရင် မြန်မာပြည်မှာလည်း ယူနိုင်တဲ့ပညာတွေအများကြီးပါ နောက်ပီး နိုင်ငံခြားမှာလည်း ဘယ်နေရာမှာမဆို အသုံးချနိုင်ပါတယ် ကိုယ့်နိုင်ငံမှာလည်းကိုယ်ပြန်အသုံးချလို့ရတယ် မြန်မာပြည်မှာ ပညာသင်စရိတ်နိုင်ငံခြားမှာကျောင်းသွားတက်ဖို့မတတ်နိုင်တဲ့သူတွေ ကိုယ့်နိုင်ငံမှာသင်ယူနိုင်စရာပညာတွေ အများကြီး ရှိပါတယ်။ မြန်မာပြည်က ကျောင်းပီးပီး ဒီမှာအလုပ်လုပ်ရင်း
PR Citizen ဖြစ်သွားတာနည်းဘူး လို့ ပြောရင်း........စိုးကြီး (ရင်တွင်းဖြစ်)
= ပြီးပါပြီ ...

Saturday, September 05, 2009

ချစ်စကားပြောချိန်

၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ - ချစ်တာပေါ့ကွာ။
၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။

အလုပ်ပြန်လာချိန်
၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
၆ လ - ငါပြန်လာပြီကွ။
၆ နှစ် - မင်းအမေ ကနေ.ဘာဟင်းချက်တုန်း။(plz click read more)

= ဆက်လက်ဖတ်ရှူရန် ...
လက်ဆောင်ပေးရာတွင်

၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို. မျှော်လင့်တယ်။
၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာသွားဝယ်။


ဖုန်း မြည်လာလျှင်
၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
၆ လ - ရော့၊ နင့်ဖုန်း။
၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။



ချက်ပြုတ်စဉ်
၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို. မထင်ခဲ့ဘူးကွာ။
၆ လ - ကနေ.ညစာ ငါတို.ဘာစားကြမှာလဲ။
၆ နှစ် - လာပြန်ပြီ။ဒီဟင်း။


အ၀တ်အစားသစ်
၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့၇တယ်ကွာ။
၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
၆ နှစ် - အဲ့ ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။

ခရီးသွားရန်စီစဉ်
၆ ပတ် - ငပလီကို ၁ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ၊ တခြားဘယ်နေရာ
သွားရင်ကောင်းမလဲ။အကြံပေးပါဦး။
၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ.။
၆ နှစ် - ဘာ!! ခရီးသွားဦး မယ်။ အိမ်မှာနေရတာ ဘာပြုနေလို. အားတိုင်း
ထွက်ချင်နေရတာလဲ။

တီဗွီကြည့်စဉ်
၆ ပတ် - ကနေ.ည ဘာကားကြည့်ချင်လဲ အချစ်။
၆ လ - ငါဒီကား ကြိုက်တယ်။တခြား Channel မပြောင်းနဲ.။
၆ နှစ် - ငါကနေ.ည ESPN လိုင်းကြည့်မှာ၊ မကြည့် ချင် ရင်စောစောသွား အိပ်။


အပျိုစင်စစ်ဆိုရင်

ဖခင် ဖြစ်သူက သူ.သား မင်္ဂလာဦးညတွင် သေနတ် တစ်ချောင်း ပေးလိုက်သည်။
ပြီးတော့ပြောသည် “မင်းမိန်းမက အပျိုစင်စစ်ဆို ရင် ဒီသေနတ် နဲ. မိုးပေါ်ကို
တစ်ချက် ပစ်ဖောက်လိုက်။ တကယ်လို. အပျိုမဟုတ်ခဲ့ရင် သူမကို ပစ်ထည့် ပလိုက်
ကြားလား “။

ဟုတ်ကဲ့လို. ပြန်ဖြေလိုက်သော သားဖြစ်သူက ထိုမင်္ဂလာဦးညတွင် သေနတ်ဖြင့်
မိုးပေါ်သို. ထောင်၍ တစ်ချက် ပစ်ဖောက်လိုက်ပြီး ၊ ဒုတိယညမှာတော့
သေနတ်ဖြင့် သူ.မိန်းမ ကို ပစ်ထည့်လိုက်သည်။

ကျွန်တော့ မိန်းမပျောက်သွားလို.

အမျိုးသားတစ်ယောက် သူ.မိန်းမ ပျောက်သွားသဖြင့်ရဲစခန်းသို.သွား ၍ အမူဖွင့်စဉ်

အမျိုးသား - ကျွန်တော့မိန်းမ ပျောက်သွားလို.ပါ။

ရဲ - သူမ အရပ်ဘယ်လောက်မြင့်လဲ။

အမျိုးသား - သတိမထားမိဘူး။

ရဲ - ၀လား ပိန်လား၊ ကျန်းမာရေးကောင်း သလား။

အမျိုးသား - သိပ်တော့ မပိန်ဘူး၊ ကျန်းမာမယ်ထင်တယ်။

ရဲ - မျက်လုံးက ဘာအရောင်လဲ။

အမျိုးသား - ကောင်းကောင်းကြီး သတိမထားမိဘူး။

ရဲ - ဆံပင် အရောင်ကကော။

အမျိုးသား - ခေတ်လိုက်ပြီး ပြောင်းနေတယ်။

ရဲ - သူမ ဘာဝတ်ထားလဲ။

အမျိုးသား - အတိအကျ မမှတ်မိဘူး။

ရဲ - သူမနဲ.အတူ ဘယ်သူပါသွားသေးလဲ။

အမျိုးသား - ကျွန်တော့ အရမ်းချစ်တဲ့ Labrador ခွေးလေးပါသွားတယ်။ သူ.ကို
ရွှေချိန်းကြိုး လေး တပ်ပေးထားတာ၊ အမြင့် က ၃၀ လက်မလောက်ရှိတယ်။
ကျန်းမာတယ်၊ မျက်လုံးအပြာရောင်၊ အညိုရောင် အမွှေးနဲ.၊ နောက်ပြီး သူ.ဘယ်ဘက်
လက်ရဲ. လက်မမှာ လက်သည်းက နည်းနည်း ကျိုးနေတာ၊ သူက လူတွေကို လုံးဝ
မဟောင်ဘူး၊ သူက အသီးအရွက်မကြိုက်ဘူး၊ သူနဲ. အတူစား၊ အတူသွား၊ အတူအိပ်၊
အတူ ဆော့ ခဲ့ ကြတာ ဗျ။

ဟုပြောကာ စတင်ငိုကြွေးပါတော့သည်။ ထိုအခါရဲက

ရဲ - အိုကေ။ဒါဆို ခင်ဗျားခွေးကို အရင်ရှာကြတာပေါ့။

Friday, September 04, 2009

*၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။(plz click read more)

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ။*

......Forward Mail....
Ko Htet : နာမည်က ?
Angeli : Angeli လို့သူငယ်ချင်းတွေကခေါ်ပါတယ် :)

Ko Htet : Singapore လာရတယ့်အကြောင်းက?
Angeli : အဓိကအကြောင်းရင်းကတော့ ကျောင်းတတ်ဖို့ပါပဲ
နောက်ပီး Singapore က မြန်မာနဲ့လည်းနီးတော့ အခက်အခဲတစ်ခုခုကြုံတွေ့ခဲ့ရင်တောင် ကိုယ့်မိဘကအလွယ်တကူ အကူအညီပေးလို့ရတယ်လေ
ပြီးတော့ ဒီမှာ chinese လိုလည်းပြောလို့ရတယ်ဆိုတော့ သမီးအတွက်ပိုပီး အဆင်ပြေတယ်
Save ဖြစ်တာလည်း ပါပါတယ်

Ko Htet : ကျောင်းတတ်နေတာဆို တော့ဘယ်ကျောင်းမှာတတ်နေတာလဲ?
Angeli : SIM(Singapore Institute of Management) မှာတတ်နေပါတယ်(plz click read more)

Ko Htet : ဒီမှာ ကျောင်းတတ်ရတယ့် အတွေ့အကြုံကကော?
အစစအရာရာအဆင်ပြေလား? အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ခဲ့ရသေးလား?
Angeli : ဟုတ်ရှိပါတယ် နိုင်ငံမျိုးစုံက ကျောင်းသားတွေနဲ့ ဆက်ဆံရတော့ သီးခံပီးပေါင်းရတာပေါ့
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတယ့်စကားရှိတယ်လေ

Ko Htet : ကိုယ့်လူမျိုးနယ့်ကော ဘာတွေများကွာခြားချက်ရှိတယ်လို့ ထင်လဲ?
Angeli : မြန်မာလူမျိုးတွေက အရမ်းကူညီတတ်တယ် သီးခံတယ်
စိတ်ထဲကမကျေနပ်ရင်တောင် သူများ နစ်နာစေမယ့် စကားကို မပြောတတ်ကြဘူး
ဒီကလူတွေကတော့ ပွင့်ပွင့်လင်းလင်း ရှိကြတယ် စိတ်ထဲမထားဘူး :D

Ko Htet : ဒီမှာနေရတာပျော်လား? lifestyle ကကော?
Angeli : singapore မှာနေရတယ့် lifestyle ကတော့ အရမ်းပျင်းဖို့ကောင်းတယ်
တစ်ချိန်လုံး computer ရှေ့မှာပဲနေရတယ် :(

Ko Htet : နောက်ဆုံးအနေနယ့်တစ်ခုခုများပြောချင် အကြံပေးချင်တာရှိလား? :)
Angeli : ဟုတ် ,,အဓိကပြောချင်တာက singapore လာမယ်ဆို ကိုယ်လာရတယ့်ရည်ရွယ်ချက်ကဘာလဲ?
အဲဒီရည်ရွယ်ချက်ကိုဖြစ်မြောက်အောင်လုပ်သင့်တယ်
ဘာလို့လည်းဆိုတော့ တစ်ချို့က ဒီကိုလာပီး အရမ်းပျက်စီး သွားကျတယ်လေ
မိဘ တွေကတော့ မစားမသောက် နယ့် ပိုက်ဆံအကုန်ခံပီး ပို့ပေးနေရတာ
သူတို့ကတော့ သုံးလို့ကောင်း ပျော်လို့ကောင်းနေတာဆိုတော့ မိဘတွေက သနားဖို့ကောင်းတယ်
အနည်းဆုံး ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်သင့်တယ်လို့
ထင်ပါတယ် :)

Ko Htet : အခုလိုပြောပြပေးတယ့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်
................................................................................................
Ko Htet : နာမည်က ?
May : May Thandar Aung လို့ခေါ်ပါတယ်

Ko Htet : Singapore ရောက်တာကြာပီလား ?
May :၂၀၀၉ စက်တင်ဘာမှာ singapore ဆိုတာ ဘာကြီးလဲဆိုတာ လက်တွေ့သိလိုက်ရတယ်

Ko Htet : Singapore လာရတယ့်အကြောင်းကကော?
May : ကျောင်းတက်ဖို့နဲ့ အလုပ်လုပ်ဖို့ပါပဲ မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တာလည်း ပါပါတယ်
အခု Republic Poly မှာပညာ သင်ယူနေပါတယ်

Ko Htet : ဒီမှာ ကျောင်းတတ်ရတယ့် အတွေ့အကြုံကကော? ကောင်လေးချောချောလေးတွေနယ့်ကော အဆင်ပြေလား? အစစအရာရာအဆင်ပြေလား? အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ခဲ့ရသေးလား? ဟီဟီ :P
May : အရာရာတိုင်း သူ့ဟာနယ့်သူတော့ အခက်အခဲရှိကျပါတယ်။
အဓိက ကတော့ communication အပိုင်းမှာပေါ့ အမြဲတမ်း english လိုပဲပြောနေရတာဆိုတော့
ကိုယ့် language လောက်တော့အဆင်မပြေဘူးပေါ့
တစ်ခါတလေ ကိုယ့်ရင်ထဲက ခံစားချက်တွေကို သူ့ကို စကားလုံးလှလှပပလေးတွေ နဲ့ပြန်ပီးမပြောတတ်ဘူး
အဟီးနောက်တာပါ။

Ko Htet : တစ်ခြားနိုင်ငံတွေမှာ ကျောင်းမတတ်ပဲ singapore မှာတတ်ဖြစ်တယ့် အကြောင်းရင်းကကော?
May : အဟီး ချစ်ရတယ့်လူရှိတာကိုး (အမျိုးတွေကိုပြောတာနော်)းP
singapore မှာကျောင်းတတ်ရင်ပိုပီးအဆင်ပြေမယ်ထင်လို့ပါ
နောက်ပီး မိဘတွေကလည်း စိတ်ချလက်ချ ဖြစ်မယ်လေ မြန်မာနဲ့ singapore က အိမ်ဦးနဲ့ကြမ်းပြင်ဆိုတော့

Ko Htet : ဒီမှာနေရတာအဆင်ပြေလား?
May : ဒီက lifestyle နဲ့ familiar ဖြစ်လာပါပီ study မှာအဆင်ပြေပီး သူငယ်ချင်းတွေနဲ့ ပေါင်းသင်းရတာ အဆင်ပြေရင် ပျော်မှာ ကြိမ်းသေတယ်။ စစရောက်ခါစကတော့ ကိုယ့်ကိုကို confident မရှိဘူး

Ko Htet : စင်ကာပူမှာကျောင်းတတ်ချင်တယ့် မြန်မာ တွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲ?
May : chinese လိုရော english လိုပါ ပြောတတ်အောင်လုပ်ထားပါလို့ နောက်မို့ဆို ကိုယ့်ကိုအတင်းပြောရင် သိမှာဟုတ်ဖူးလေ ဟဲဟဲ
အဓိက က self study လုပ်တတ်ဖို့ရယ် confident ရှိဖို့ရယ်။ နောက်ပြီး ကိုယ့်ကိုကို ထိန်းထိန်းသိမ်းသိမ်းနေတတ်ရမယ် မိဘတွေက အဝေးမှာဆိုတော့ စိတ်ကိုအလိုမလိုက်ပဲ ပညာပဲသင်ပါလို့ :D