Thursday, February 26, 2009

အမှန်အတိုင်းပြောရရင် ကျနော်တို့လို အပျော်တမ်း blogger လေးတွေဟာ
စာဖတ်သူ သူငယ်ချင်းတွေရဲ့ comment လေးတွေကြောင့်တာ ဆက်လက်ရပ်တည် နိုင်တာပါ။
comment လေးတွေမြင်တိုင်း ပျော်နေရသူပါ။ comment လေးတွေ မြင်ပီးအားတက်သရော
post အသစ်လေးတွေတင်နိုင်တာပါ။ ကြိုက်တာရှိသလို မကြိုက်တာလေးတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။
ဝေဖန်ပါ။အကြံဉာဏ်ပေးပါ။ ဒါမှ မကောင်းတာလေးတွေရှိရင် ပြင်လို့ရနိုင်တာပေါ့။
ဟုတ်တယ်ဟုတ်? တစ်ခုလောက်တော့တောင်းဆိုချင်ပါတယ်။ ဘာလဲသိလား? money!!!(ဘိုင်ပျက်နေလို့)
အဟီးနောက်တာပါ။ ခြိမ်းတာမျိုးလေးတွေ၊ စိတ်အနှောက်အယှက်ဖြစ် စေမဲ့ စကားလုံးလေးတွေ(comment) လေးတွေ တော့မပြောနဲ့ပေါ့နော်။ ဟုတ်ပီလား?
သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်လျက်။

Tuesday, February 24, 2009



(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။

(၂)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။

ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"

ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"

တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...

"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

(၃)

လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီးနတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ" ဟူသတည်း။

(၄) ဈေးဖိုး

"အမေ အမေ့ သမီးက ဈေးဖိုးဆိုပြီး ဟိုတစ်နေ့က ရှစ်ထောင်တောင်းတယ်၊ဒီနေ့နေ့လယ်မှာ ငါးထောင်တောင်းတယ်၊ မနေ့နံနက်ကတော့တစ်သောင်းတောင်တောင်းတယ်၊ ခုမနက်မှာလဲ တစ်သောင်းတောင်းပြန်ပြီ အမေနည်းနည်း ကြည့် ပြောပါဦး၊ အရင်လကလဲ တစ်လလုံးတောင်းတာ" "ဟင် ညည်းဟာက မလွန်ဘူးလား၊ ကိုယ့်ယောက်ျားကိုယ် သနားပါဦး၊ ရှာရဖွေရ ဘယ်လောက်ခက်တယ် မှတ်နေသလဲ" "ခက်တာပဲ အမေရယ်၊ အဲသလိုသာ တောင်းနေရတာ တစ်ခါမှမပေးသေးဘူး"

(၅)စိုးရိမ်ပေလို့သာပဲ

ကိုနောင်နောင် ရှင့်ကိုကျွန်မကြောက်တယ်ရှင့် ဘာဖြစ်လို့လဲ ရှင်ကျွန်မကို အဓမကျင့်မှာစိုးလို့ပေါ့ဟာ . .မဟုတ်တာဗျာ၊ ခင်ဗျားကငါးထပ်တိုက်ပေါ်မှာ၊ ကျုပ်ကပထမထပ်မှာရှိနေတဲ့ဟာကို၊ ....ဒါဆိုကျွန်မဆင်းလာခဲ့မယ်လေ

(၆)အတို့တကာ အတိုဆုံးနဲ့ အပြည့်စုံဆုံး ဆောင်းပါးတစ်ပုဒ်

ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်နိုင်သမျှမြန်မြန်ပြီးပြီးတိုနိုင်သမျှတို၊ အဓိပ္ပါယ်ရှိနိုင်တဲ့ အကြောင်းအရာတစ်ခုကိုရေးခိုင်းပါတယ်။အဲ့ဒီထဲမှာ ပါရမယ့်အကြောင်းအရာတွေကတော့
၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...
တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ " ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် " တဲ့....

(၇)သွေးစစ်မလို့တဲ့

ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက အံ့အားသင့်စွာနဲ့....
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးးးးးးးးးး

(၈)မှတ်သားပါ.....လိုက်နာပါ

အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။ အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊ အဲဒါ…ပလပ်စတစ်ပဲ..။ လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ…၊ လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။ ယောကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့…၊ အဲဒါ မှားတယ်…ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။ ထိုင်ပြီးပျင်းနေမယ့် အစား အိပ်ပစ်လိုက်ပါ။ ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့ လူတွေဟာ နင်လားငါလားပဲ။ လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့ သင့်ကြည့်မှန်ုကို ရိုက်ခွဲပစ်လိုက်ပါတော့…။ အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက် အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။ ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့် ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ…။ တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးကလီးယား လက်နက်ကို တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။

(၉)ဆက်မဖတ်နဲ့နော်

ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ > ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး > ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ > တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ > ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် > ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ > မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က > ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ > > ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။ > အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။ အလားတူဘဲ > .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ > ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ များသထက် > များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ > ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း > အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က > မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။ > အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။ ကျနော်ပြောမယ်။


တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..

ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..

ရည်းစားစကားပြောခါနီးရင် ကျပြီ..

အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်.. ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။

အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့ ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။

ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။

တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင် အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။

အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး (ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )

Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..

Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့

Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ

ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် …

Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..

Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင်

(အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး)

Kgmalay : သွားးးပါ…. ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ…

Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော်

Kgmalay : ယုံဝူးးးး ရှင့်…

Me : ယုံပါဗျာ… မယုံရင် ဖက်နမ်းပစ်မှာနော်…

Kgmalay : အယ်… ဒီလူကြီးဆိုးလာပီး သွားးးတော့…

Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ.. အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့… )

ချစ်တယ်နော်… ပြန်ပြောပါလား ချစ်တယ်လို့

Kgmalay : ပြောဝူးးး…. ချစ်တယ်လို့

Me : ပြောပါ ချစ်တယ်လို့

Kgmalay : ပြောဝူးးးးးးးးး ချစ်တယ်

အဲဗျာ… တကယ်ချစ်တာလား..ချစ်တယ်နော်… ဟုတ်တယ်မလား

ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ…

ချစ်လေးကို အရမ်းချစ်တယ်နော်...

Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် ..

Me : ပြောပါတယ်… မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့

ပြောပါဘူးနော်…ဘယ်မှာလဲ

Me : ချစ်တယ်

ဘာလဲလို့

Me : ချစ်တယ်….

Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်...

Me : ကောက်ပါဗျာ… ချစ်လေး ကြိုက်သလောက်ကောက်

Kgmalay : တော်ပီ.. ပြန်တော့မယ်

Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်)

မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ…

Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့

ဟင်.. ဟုတ်လား ကိုတော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ

Kgmalay : အင်း Dagon center သွားမလားလို့…၀ယ်စရာနည်းနည်းရှိလို့

Me : ကို လိုက်ပို့မယ်လေ… ( သေပီဆရာပဲ… ဘိုင်ပျက်နေပါတယ်ဆိုမှ )

Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူုစောစောတော့လာခဲ့နော်

Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ

Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့

(ဂလု… မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ…

Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ်

ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ်

တာ့တာ… see U



Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie… on lie

အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ

ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော…

စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့… (ယင်ကောင်တွေ မဟုတ်ဖူးလို့ )

နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ (ခွေးတွေမဟုတ်ပါဘူးဗျာ)

နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ …

ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ..

သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ… ဟဲဟဲ



မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်..

အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး chat ရမယ် ။

ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက် သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။

( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့ ချက်နေလည်း အိုကေပေါ့ )

ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်းစာနာစိတ်တော့ရှိကြပါဗျ)

ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး

ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင် ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ…

ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။

ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။

စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. ( အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင် အလွတ်သာကျက်ထားပေတော့ )

ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။ တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။

နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။ ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့် စကားပြောရင် သတိထားရတယ် ။

ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့ တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။

နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။ တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။

ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ သိပ်မပြောနဲ့ဗျ ။

ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။

တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့

အရေးကြီးတာ လိမ္မာပါးနပ်ဖို့ပဲ )

အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့ ချန်ထားရမယ် ။





ဒီလိုနဲ့…

သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ ..

အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်.. အချိန်ကြာလို့ပြောပါတယ် ။

ဒီလိုနဲ့… နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။

ဟော…ဟိုမှာ

နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။

ဟုတ်ပါ့ဗျာ…

အနီရောင်လေး… အကျီကိုယ်ကျပ်လေးနဲ့

အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး..

နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။

အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။

ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့…

အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလား…ထားပါလေ

အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့ မဆိုးပါဘူးလေ ။

အင်း…ထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို

ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့…၀က်မလေးလို ချစ်စရာလေးနေမှာပေါ့ ။

ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။

အမလေးဗျာ… ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး

ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား …

ဟင်းးနော်… အသည်းယားလာပြီ ။

ရုပ်ရှင်ထဲမှာလို… တဖြည်းဖြည်းမော့ကြည့် …………….

အမလေး…….. အောင်မရေးးးးးးးးးးးးး

အ ခြောက် မ ကြီး ဗျာ….

အမလေး ဗျ…. … ကံကဆိုးလိုက်လေခြင်းးးး ဟင်းးး ဟင်းး…



Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ကောင်မလေးက တော့ ကြောင်ကြည့်ရင်း…

ခုနက လူ ဘာလို့ ဖင်ပိတ်ပြီးတော့တောင် အတင်း ထွက်ပြေးသွားတာလဲ စဉ်းစားမိနေတယ် ။

သူ့ တစ်ယောက်မဟုတ်ဘူးလား…T shirt အဖြူနဲ ဂျင်းဘောင်းဘီနဲ့ဟာာ ???? သူ ပြုံးပြနေတဲ့ဟာ မြင်ပုံတောင်မပေါ်ဘူး ။ မဟုတ်လို့လား ???

ဒီလိုနဲ့ ဆိုင်ထဲကြည့်တော့လည်း… ထူးထူးဆန်းဆန်း သူနဲ့အကျီဆင်နေတဲ့ အခြောက်မ တစ်ယောက်ကလွဲပြီး

ဘာမှသိပ်ထူးခြားတာမတွေ့…. ။ အကျီအဖြူနဲ့ ကောင်လေးလည်းမတွေ့… ။

အရေးထဲ အခြောက်မ က တစ်မျိုး…ဒီလိုဆိုင်မှာ ရှောက်သီးဆေးပြားရောင်းချင်နေတယ် ။ ငါနဲ့နော်…

ဟူးး..နော် ခုနက ထွက်သွားတဲ့ကောင်လေး မဟုတ်ဘူးပေါ့ ။ ထားပါတော့ဟယ်..

မတွေ့တာပဲကောင်းပါတယ်လေ.. တွေ့ရင် နောက်တစ်ယောက်ထပ်တိုးနေဦးမယ် ။

အဲ့လိုနဲ့ သူလည်း ကောင်လေးချောချော ကိုငမ်းဖို့ Dagon center ကိုသာ တစ်ယောက်တည်းဒိုးခဲ့လေသည် ။



အမျိုးသား - အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး - ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား - အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး - တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား - ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး - ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား - ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး - ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား - အချိန်မရွေးပဲ
အမျိုးသမီး - နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား - မင်းရူးများရူးနေလားကွာ
အမျိုးသမီး - ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား - အင်း
အမျိုးသမီး - မောင်ရယ်...

လက်ထပ်ပြီးနှစ်အတော်ကြာတဲ့အခါ....

အပေါ်က စကားလေးတွေကို အောက်ဆုံးကနေအပေါ်ကိုသာ ပြောင်းပြန်ဖတ်လိုက်ပါ

Friday, February 13, 2009

အဟမ်း ကျနော်တတ်နေတဲ့ ကျောင်းတော်ကြီး အကြောင်းပြောပြရရင်
SIM ဆိုတာက? Singapore Institute Of Management
စင်ကာပူမှာတော့ poly ကျောင်း ၅ကျောင်း ပီးရင်နာမည် အကြီးဆုံး ကျောင်းလို့ပြောရရင်လဲ မမှားပါဘူး
တစ်ချို့ဆို စင်ကာပူ မှာ top 4 လို့တောင်ပြောကျတယ်။ အဟီး ဟုတ်မဟုတ်တော့မသိဘူး။ ဘာလို့လဲသိလား?ကို့ငါးချဉ် ကိုယ်ချင်တာ။ အဟီး အလိုလဲဟုတ်သေးပါဘူး
စင်ကာပူ မှာ လူသိများတဲ့ university ၄ ခု ပဲရှိတာကိုး။နောက်ပီး poly ကျောင်းသားတွေ
SIM မှာ degree course လာတတ်ကျတာတွေက အများကြီး.

university ၄ ခု ကတော့

No-1 NUS-National University of Singapore
No-2 NTU-National Technological University
No-3 SMU-Singapore Management University
No-4 SIM university (Uni Sim) ရယ်လို့ အသိများပါတယ်

Polytechnics ကျောင်းတွေက ၃နှစ် တတ်ပီးမှ diploma ရတယ်
တစ်ခုကောင်းတာက SIM မှာ diploma course ကို တစ်နှစ်ခွဲလောက်ပဲ တတ်ရပါတယ်
poly ကျောင်းသားတွေ က ကျနော်တို့ SIM university မှာ degree လာတတ်ရင် နောက်ထက် ၂နှစ် ၂နှစ်ခွဲလောက်ထက် တတ်ရပါတယ် အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်

Polytechnics students
3years for diploma course
about 2 or 3 years for degree course at SIM University
Total=Diploma from Polytechnics+Degree from SIM
=3years+about 2 or 3years
=About 5 or 6years to earn Degree



SIM students
About 1.5 years for diploma course
about 2 years for degree course at SIM
Total=Diploma from Sim+Degree from SIM
=about 1.5 years+About 2 years
=about 3 or 3.5 years to earn Degree

ကျနော် တို့ ကျောင်းမှာ popluar အဖြစ်ဆုံး diploma course က Diploma in Management Studies (DMS) DMS ပီးရင် degree course တော်တော်များများကို တတ်လို့ရပါတယ်....
degree တတ်ရင် လဲ exemption တွေရတယ် exemption ရတော့ ၃နှစ်တတ်ရမဲ့ course ကို၂နှစ်လောက်ပဲတတ်ရပါမယ်...
diploma course ကို S$10,000 လောက်ပေးရတယ်။သူဌေးတွေပဲတတ်နိုင်တာကိုး။ အဟိ ။ အဲဒါကြောင့် နာမည် ကြီးတာလဲပါတယ်။

DMS course က SIM University က ချီးမြှင့်တာပါ DMS course ကိုတတ်မယ်ဆိုရင် ကန့်သတ်ချက်တွေရှိပါတယ်။ ၁၀တန်းအမှတ် တစ်ဘာသာ ပျမ်းမျှ အမှတ် ၇၀ နဲ့ IELTS minimum 5.5 ရှိမှတတ်လို့ရပါတယ်။ မရရင်ကော ?
တတ်လို့မရဘူးပေါ့။ IELTS မရှိရင် SIM မှာ English course ကို အရင်ဦးဆုံးတတ်ရပါမယ်။ English course ကဈေးသိပ်မကြီးလှပါဘူး level တစ်ခုကိုS$ 2500 ထဲပါ။အဟီး မပြောဘူးလား သူဌေးကျောင်းပါဆို။ ဇွတ်။.
အကောင်းဆုံး က IELTS ဖြေတာအကောင်းဆုံးပါပဲ။

Diploma in Management Studies (DMS) ကိုတတ်မယ်ဆိုရင် Clementi က Ngee An Poly နားက SIM Head Quarter မှာမတတ်ရပါဘူး။ Namly Avenue မှာ သွားတတ်ရပါတယ်။နောက်ပီး အဲဒီမှာ facility က SIM Uni လောက် မစုံဘူး။ အဆောက်အဦးက လဲ Uni SIM နဲ့ရှင်ရင် သေးသေးလေး။
SIM က private school တွေထဲမှာအကြီးဆုံး။ တစ်ချို့က Semi-Government University လို့ပြောကျတယ်။

မကြာခင် Government University ဖြစ်တော့မယ် လို့ပြောနေကျတယ် ဟုတ်မဟုတ်တော့ ကျနော်ကိုယ် တိုင်လဲ သိဖူးခင်ဗျ....သိချင်ရင် လီရှန်လုံးကို သွားမေးကြည့် :P
SIM မှာတတ်ရင် Assignment တွေ Project တွေ Presentation တွေက
တခြားကျောင်းတွေနဲ့ မတူအောင် ကျောင်းသားတွေကို ဝန်ထုက်ဝန်ပိုး ဖြစ်စေပါတယ်
Project တွေ လုပ်ရပီ ဆို လူကိုရူးချင်စိတ်ပေါက်လောက်အောင်ကို ဖြစ်သွားပါတယ်
ဪ SIM SIM ကျောင်းသားတွေကို ဒီလိုနီးနဲ့ နှိပ်စက်နေတာကိုး....:(

ဪတစ်ခုပြောရအုံးမယ် SIM ကကျောင်းသူ လေးတွေ က poly ကျောင်းမှာတော်တော် နာမည် ကြီးတယ်ခင်ဗျ
အချောအလှလေးတွေပေါတာကိုး...

Business course တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ SIM မှာလာတတ်ပါလို့ပဲလမ်းညွှန် ချင်ပါတယ်
ဘာလို့ လဲ ဆို တော့

၁- အာမခံချက်ရှိခြင်း
၂- စာအသင်အပြ ကောင်းမွန်ခြင်း
၃- လုပ်ငန်း ခွင်သို့ ဝင်လျှင်အခြား private school တွေထက် သေချာခြင်း
၎-polytechnics မှ ကျောင်းသားများ degree course လာတတ်သော တစ်ခုထဲသော private university(semi-government university) ဖြစ်ခြင်း
၅-tuition fee ဈေးကြီး သောကြောင့် အထင်ကြီးခံရခြင်း
၆-အချောအလှ ကောင်မလေးတွေ ပေါ်ခြင်း
တို့ကြောင့် ဖြစ်ပါတယ်......LOL


ဒါလေးက တော့ SIM ရဲ့ website address လေးပါ
or www.sim.edu.sg

Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.

Tuesday, February 10, 2009

သူငယ်ချင်းတို့ ရေ ကျောင်းမှာ powerpoint presentation
လုပ်ရင် template လှလှလေးတွေ
နဲ့မလုပ်ချင်ဘူးလား ဒါလေး ကိုသာ download လုပ်လိုက်
design ဆန်းလွန်းလို့ grade A ရတော့မှ မမေ့နဲ့နော်(Plz Click Read More)Download Link 1Download Link 2 _______________________________________________________
Download speeds ကို 5 ဆလောက်မြန်ပြီးဆွဲမယ့်
Internet.Download.Manager.v5.16 latest version
youtube ထဲကသီချင်းတွေကိုရော download မလုပ်ချင်ဘူးလား
အားလုံးအဆင်ပြေသွားမယ် ရောဒီမှာ fullversion (fixed)
____________________________________________________________
တခြားဘလော့တွေကို ကြည့်ချင်ပေမယ့် ဘမ်း(ban)ထားတော့ ကြည့်လို.မရဘူးဖြစ်နေလား။ဒီUltrasurfဆိုတဲ့ ဟာလေးကိုRun လိုက်။
ပထမပိုင်းဖွင့်ဖွင့်ချင်း နဲနဲ ကြာနေလိမ့်မယ်၊ ကွန်နက်ရှင်ရသွားပြီးလဲ
ပုံမှန်ဖွင့်တာထက်တောင် ပိုမြန်နေသေးတယ်။ ကျော်ချင်သလိုကျော် ခွချင်သလိုခွပေတော့ဗျို.။(connection ကိုပြောတာနော်)..

___________________________________________________________
Alive.Video.Converter.v3.1.8.6

ကျွန်တော်ဆီမှာ သူငယ်ချင်းတော်တော်များက ဒီ video,mp3
ဘာညာ converter ကိုပဲတောင်းနေကြလို. အခုတခါတည်း
ထည့်ပေးလိုက်ပြီဗျို.။ Full version နော်။3GP,Mp3,Avi,Mp4
..အားအများကြီးပဲဗျာ..ကိုယ်ဘာတာကိုယ့်ကြည့်..ပြီးရင်..
ကြိုက်တာပြောင်းဗျာ။ ဒီမှာယူ
____________________________________________________________________G-talk IDLE
Gtalk မှာ idle အတုတွေနဲ့.. နေကျမလား??
myanmar လိုမရေးတတ်တဲ့ အကိုတွေအမတွေအတွက် myanmar package1.3 ပါထဲ့ပေးလိုက်တယ်နော် burglish ကော myangalish ဆိုပြီးသိကြပါတယ်ရော့..ဒီမှာသွားယူ..Gtalk idle နဲ့ myangalish___________________________________________________________________Adobe Photoshop CS3Adobe Photoshop CS3 ပါ..သူကိုတော့ထွေထွေထူးထူးမိတ်ဆက်စရာမလိုဘူးထင်ပါတယ်....ဒီမှာ tiral download လုပ်... ပြီးရင်...PhotoShop CS3 Extended Keygen + Activation ကို ဒီမှာလုပ်
____________________________________________________________________Auslogics_Boost_Speedcomputer လေးနေလို့စိတ်ညင့်နေလာ??? Auslogics_Boost_Speed_4.2.7.172နဲ့တာပေးတွေ့လိုက်...computerသုံးနေလား...ဒုံးပျံမောင်းနေလာတောင်မသိဘူးဖြစ်သွားမယ်
..ယူမယ်ဆို..ဒီကိုသွား...
မယူဘူးဆိုလဲသွားနဲ့..(နင်ပြေါမှလာ..ငါလဲသိတာပေါ့ဟ..ငနာရ)
____________________________________________________________________Nero-9.0.9.4dဒါကတော့..Nero-9.0.9.4d latest version ပါ.ဒီမှာ download လုပ်ပြီးဒီserial key (9M03-01A1-PCX7-K31A-8A94-98PT-KT2E-522A)
နဲ့ install လုပ်လိုက်ပါ.
____________________________________________________________________ဒီမှာက မော်ဇီလာ Firefox 3.0.5 နောက်ဆုံးဗာရှင်းပါ။____________________________________________________________________ဒါကတော့..WinRAR 3.80 Full version လေးပါ.....zip တွေ rar file တွေအတွက်ပါ____________________________________________________________________အသုံးတည့်မယ်ထင်လို့လက်တို့လိုက်တာဗျာ။Dictionaryဆိုပေမယ်တစ်ခြားမဟုတ်ဘူး။ Gtalkမှာ Nickကိုaddလိုက်တာနဲ့ရသွားရောပဲ။ ကိုယ်ကEnglsihလို typeလိုက်တာနဲ့အဲဒီစာလုံးကိုChinese လိုပြန်ပေးတယ်။g-talk မှာ ပုံမှန် invite လုပ်သလိုသာ လုပ်လိုက်
English to Chinese en2zh@bot.talk.google.com
Chinese to English zh2en@bot.talk.google.com
____________________________________________________________________
Speed Connect Internet Acceleratorစိတ်ပျက်ဖွယ်ကောင်းတဲ့ internet connection များအတွက် ဒီ Software လေးကတကယ် အသုံးဝင်မှာပါ။ Speed Connect လိုခေါ်ပါတယ်။
Internet connection ကို
တကယ် boost လုပ်ပေးနိုင်ပါတယ်။ မယုံမရှိပါနဲ့ ကျွန်တော်
အဲဒါလေသုံးပြီး download ဆွဲတာ 300kb (Sg Connection) အောက်ထစ်ရပါတယ်.....ဒီမှာယူပါ
______________________________________________________________
k-lite codec pack
အခုပေးမယ့် Media Player ရဲ့ နာမည်က k-lite codec pack တဲ့
Windows Media နဲ.
ဖွင့်လို.မရတဲ့ Format တွေကိုသူကဖွင့်ပေးနိုင်တယ်။ Video tutorial တွေကိုလည်း အကုန်ဖွင့်လို.ရတယ်ဆိုတော့ မိုက်တာပေါ့။ ရော့ ဒီမှာယူ။

__________________________________________________________________
Monopoly Here & Now Edition ပါ..တကယ်ကောင်းတဲ့..အပျင်းပြေတဲ့ game ပါ...ကျနော်ကဆော့ဖူးလို့ပြောတာပါ...
နာရီလက်တံတွေဘယ်လိုပြေးသွာလဲဆိုတာသိလိုက်
မှာတောင်ဟုတ်ဘူး...`အဲဒီလောက်ထိအစွမ်းရှိတာ..ကဲကဲ..လေကြောရှည်တော့ဘူး
.ဒီမှာယူပေတော့...
_______________________________________________________________
Zawgyi One Myanmar Fontg-talk မှာ မြန်မာလို ဖတ်လို့မရဘူးလား
ဒါမှမဟုတ် fire fox မှာ မြန်မာလို ဖတ်လို့မရလို့ စိတ်ညစ်နေလား
ဒါလေး ကိုသာ install လုပ်လိုက်
password တောင်းရင် alphazawgyi လို့သာထဲ့ လိုက်
ဪဒါနဲ့ install လုပ်ပီးရင် font ထဲမှာ zawgyi one ကိုပြောင်းဖို့  မမေ့နဲ့နော်

Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.