Showing posts with label Ko Htet. Show all posts
Showing posts with label Ko Htet. Show all posts

Tuesday, March 02, 2010

ဒီနေ့ Traders Hotel မှာ Follow Me Promotion  show လျှောက်ရပါတယ်။ မန်းတောင်ရိပ်ခို သီချင်းလည်းဆိုရတယ်။ ပျော်ဖို့ကောင်းပါတယ် သူငယ်ချင်းတွေလည်းအများကြီးရခဲ့တယ် နာမည်ကြီး model သရုပ်ဆောင် နေခြည်လင်းလဲ့ကို လည်း ပွဲမှာတွေ့ခဲ့သေးတယ် အင်းသူကအရမ်းအလှကြီးတော့မဟုတ်ပါဘူး ပြောရရင်ကျနော်တို့အခုပွဲမှာပါတယ့် model တွေလောက်မလှဘူးလို့ကျနော်ထင်တယ်။ နာမည်ကြီးဆိုတော့လည်း Media က သူ့ကို အရေးတစ်ယူလုပ်ကြတာပေါ့။  ပွဲအပီးသူနဲ့ စက်လှေကားနားမှာတွေ့လိုက်သေးတယ် သူလှည့်ကြည့်ပေမယ့်ကျနော်ကတော့ ခပ်တည်တည်ပဲနေလိုက်တယ် အဟီး။အဲလောက်မာနကြီးတာနော်။ စတာပါ။ ပွဲလေးကပျော်ဖို့ကောင်းပေမယ့် Follow Me ကကျနော်တို့ကိုဘာမှမကျွေးတာကတော့ ဝမ်းနည်းစရပါ.... :(

Monday, March 01, 2010

ကျနော် စင်ကာပူမှာ ၁ နှစ်ခွဲလောက် diploma တတ်ခဲ့ပါတယ်၊ degree အတန်း intake က ၁နှစ်လောက်စောင့်ရ မယ်ဆိုတော့ ရန်ကုန်မှာ သင်တန်းတွေလျှောက်တတ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ အားနေတော့ လူတောသူတောထဲတိုးရဲအောင်ဆိုပီး Talents and models  မှာ သင်တန်းတတ်ဖြစ်ခဲ့တယ် အဲဒီမှာ ရောဂါကစတော့တာပဲ၊ အနုပညာလုပ်ငန်းကိုစိတ်ဝင်စားမှန်းကိုယ့်ကိုကို သိလာခဲ့တယ်၊ ကင်မရာရှေ့မှာ pose ပေးရတာကို နှစ်သက်လာတယ်။ နောက်ပီး Journal တွေမှာ ကျနော့ပုံတွေပါလာတော့ အရမ်းပျော်တာပေါ့။  ပွဲအနေနဲ့ 28/1/2010 နေ့လေးက ကျနော့အတွက် talents and models agency (မတင်မိုးလွင်) နဲ့ ပထမဦးဆုံးလက်တွဲလုပ်တယ့်ပွဲလေးပါ Miss Gaffarine 2010 ရွေးချယ်ပွဲနဲ့အတူ Gaffarine cosmetic products အတွက် promotion ပွဲလေးကို Western Park Royal မှာ ပြုလုပ်ခဲ့ပါတယ် ကျနော့အတွက် အမှတ်တရပွဲတစ်ခုလို့ဆိုနိုင်ပါတယ်။ ပထမဦးဆုံးပွဲဆိုတော့ ရင်ခုံရတာပေါ့။ ပထမဦးဆုံး စင်ပေါ်တတ်ရတယ့် ခံစားမှုကို မပြောပြတတ်လောက်အောင်ပဲ ပျော်ပါတယ်၊ စိုးလည်းစိုးရိမ်မိတယ်၊ ကိုယ်မှလုပ်နိုင်ပမလားလို့၊ အောင်အောင်မြင်မြင်နဲ့ပဲပြီးဆုံးသွားပါတယ် အခု march လထဲမှာ ပွဲတွေဆက်တိုက်လျှောက်ရ မှာပါ၊ အကတွေလည်းပါတယ်ဆိုတော့ ကြိုးစားပီးလေ့ကျင့်နေပါကြောင်း ပြောကြားရင်း ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ် ခင်ဗျာ

Sunday, September 20, 2009

ကိုယ့်နာမည်————- ဉာဏ်မင်းထက်

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– ကိုထက်

အရမ်းခင်တဲ့တယ်ရင်းတွေက ဉာဏ်ကြီး ဖိုးသဲ….တော်ပြီ…ဆက်ရေးတော့ဘူး….:(

ဒီမှာနေတယ်————- လမ်းဘေးမှာ….

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- ၉၉၉ သာ press လိုက် …:D
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် ———-လှတာအကုန် …..

အ၀တ်အစားဆိုရင် ———- လိုက်ဖက်တာမျိုးဆိုဝတ်ပါတယ် ….

အစားအစာဆိုရင်———-ယိုးဒယားသဘောသီးထောင်း,pizza ,burger

ပစ္စည်းဆိုရင် ———- electronics…(ဈေးကြီးလေကြိုက်လေပဲ)

သီချင်းဆိုရင် ———- အကုန်သဘောကျတယ် ..

ဥပမာ… ရဲလေး J Me စိုင်းစိုင်း ဟန်ထူးလွင်
ပြီးတော့ ကိုးရီးယားမင်းသမီး ချောချောလေးတွေ. :D (ဆိုင်လည်းဆိုင်ဘူးနော် သီချင်းနဲ့ )
စာရေးဆရာ ———-text book ရေးတဲ့စာရေးဆရာတွေ ပါဖူး…..

စာအုပ် ———– ….The richest man in babelon

Life style ———- ပျော်ပျော်ရွှင်ရွှင် နဲ့ အေးဆေးတဲ့ဘဝ

ကိုယ့်ရဲ့ဝါသနာ ———- စာဖတ် ,ရုပ်ရှင်ကြည့်  , လည်လည်သွား(တယ်ရင်းတွေနဲ့  :D ),
သီချင်းအကျယ်ကြီးအော်ဆို (ရေချိုးရင်) (မယုံမရှိနဲ့ နော် အိမ်ကလူတွေအသိဆုံး )…..


အလိုချင်ဆုံးလက်ဆောင် ———- ဈေးကြီးကြီး ပစ်စီး ဆို အားလုံးလိုချင်တယ်…..


ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- ဟဲဟဲ လုံးဝလုံးဝမပြောပြဖူး သတ်ချင်သတ်လိုက်
ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- အဖေ နဲ့  အမေ . ပြီးတော့လေးစားထိုက်သောသူ အကုန် …..

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———- အခင်ဆုံးသူငယ်ချင်းဖြစ်ချင်သူများ
မုန့် ဝယ်ကျွေးပါ… (ဟဲဟဲ စတာ အများကြီးပဲ)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- ကိုယ့်မေမေ….

ကိုယ့်ရဲ့ အမုန်းဆုံးသူက ———-မရှိ

ရင်အခုန်ဆုံးအချိန် ———- စာမေးပွဲ ဖြေနေတဲ့အချိန် (ဟီဟီ)

အကြောက်ဆုံးအချိန် ———- ညကြီးမှောင်မှောင်သရဲကားကြည့်ချိန် (တကယ်ကြောက်တာ )

အပျော်ဆုံးအချိန် ———- အိပ်ရေး၀၀အိပ်ရတဲ့အချိန် (မယုံမရှိနဲ့ နော် အသေအိပ်တာ ဟီဟီ )

အမှတ်တရနေ့ ———- သိချင်ရင် စာရင်းပေးသွင်းပါ….

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု———-ကျောင်းပြီးရင်ပိုက်ပိုက်များတဲ့အလုပ်ရပါစေ… (လောဘ…လောဘ :D )

အချစ်ဆိုတာ ———- အလို့ ချစ်တာပါတဲ့ (ပြောကြတာပဲ )


အမုန်းဆိုတာ ———- လောင်တဲ့မီးပေါ့ကွယ်….

အလွမ်းဆိုတာ ———- အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးလေး

သံယောဇဉ်ဆိုတာ———- ရစ်တတ်တယ်တဲ့ (ရစ်လုံးလိုပဲထင်ပါရဲ့  ဟီ)

ဘ၀ဆိုတာ ———- ခရီးရှည်….

သူငယ်ချင်းဆိုတာ ———-သာပေါင်းညာစား (အနိုင့်ကျင့်ဖို့ )

ချစ်သူဆိုတာ ———- ခြစ်သူပေါ့…:D

ရည်းစားထားတယ်ဆိုတာ -------ဇီးပြားလေးစားသလိုပဲ

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- အေးမလိုလိုနဲ့ ကုက်ကမြင်း

(တစ်ခါတစ်ခါ ဆရာကြီးပုံစံနဲ့ blog တွေပါတွေကောက်ရေးသူ .. :D)

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- “အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေပါတယ်”

အပြောချင်ဆုံးစကားတစ်ခွန်း ———- blog လေးကိုအမြဲအားပေးနေပါနော်…ဟီဟီ
ကိုယ့်နိုင်ငံကို့လူမျိုးကိုချစ်ပါ အချင်းချင်းမနှိပ်ကွပ်ကျပါနဲ့

Friday, May 08, 2009

SIM ကတော့လုပ်ချလိုက်ပြန်ပီ။ assignment တွေ project တွေနဲ့
ကျောင်းသားတွေကိုနှိပ်စက်ရတာ အားမရလို့ထင်ပါရဲ့။
group တိုင်း video clip လုပ်ရမယ်တယ့်. ဟင့် မင်းသားလုပ်ရအုံးမယ်။
video clip က ရိုးရိုးဆိုလဲတော်ပါသေးရဲ့။
အခုဟာက ဟာသ လေးတွေပါထည့်ပေးရမယ်ဆိုတော့ ကိုထက်တို့ ခေါင်းစားရပီပေါ့။
လုပ်ရမှာက Managing Human Resource ဘာသာရပ်အတွက်။
ဒီတော့ ကျနော်တို့ group က member တွေ နဖူးတိုက်ဒူးတိုက်ဆွေးနွေးပီး
Human Resource Management ရဲ့ function တစ်ခုဖြစ်တယ့် Staff Selection Process
( Staff တွေကိုရွေးချယ်နီးအဆင့်ဆင့် step by step ကို ဟာသလေးထည့်ပီး) သရုပ်ဆောင်ခဲ့ရတယ်...
ဒါနဲ့ ဒီဗီဒီယိုလေးကိုကြည့်ပီး ကျနော့ကို မင်းသားခန့်ချင်ရင်တော့ပြောပေါ့နော်။ စဉ်းစားပေးပါ့မယ်...=P

ဇာတ်လမ်းက security guard ရာထူး အတွက် အလုပ်လာလျှောက်ကျတယ်
လာလျှောက်တယ့် လူတွေကို ဘယ်လိုကြည့်ပီးခန့်လဲ?
ဘယ်လို မျိုး step by step စစ်ဆေးလဲဆိုတာကို ဇာတ်လမ်းလုပ်ထားတာပါ

Click http://www.megavideo.com/?v=ZK26NOOE to watch this video.

အားပေးကျပါအုံး ။ ဗီဒီယိုအောက်နားက TV screen logo ဘေးက Switch to Full Screen Mode ကိုတစ်ချက်လောက်နှိပ်ပေးပါနော်..

(Plz click "Switch to Full Screen Mode" in order to see properly)