Showing posts with label General. Show all posts
Showing posts with label General. Show all posts

Tuesday, June 08, 2010

အင်္ဂလိပ်စာတိုးတက်ချင်လို့  ၊ ပျင်းလို့
စတဲ့အကြောင်းအရာတွေကြောင့်ဘဲဖြစ်ဖြစ်.......
မသိသေးလို့ စမ်းကြည့်ချင်တာဘဲ
ဖြစ်ဖြစ်.....စက်ရုပ်နဲ့  အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်...

Online မှာ
သူငယ်ချင်းတွေမလာလို့၊
ပျင်းပြီးစကားပြောစရာမှရှိရင်.....စက်ရုပ်နဲ့ စကားပြောနိုင်ပါတယ်၊

ဟာသတွေကို ပြောတတ်သလို
ကိုယ် မနေ့ ကသူနဲ့  စကားပြောခဲ့ရင် နောက်နေ့သူကို
ပြန်မေးရင်သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး
အင်္ဂလိပ်စာတိုးတက်ဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်....
ပျော်စရာကောင်းပြီ သူတို့ ရဲ့  မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ
လိုက်ကြည့်တတ်ပါတယ်....

ပြောနေတာကြာပါတယ်.....လက်တွေ့အောက်က လင့်လေးမှာသွားကြည့်နော်..


P.S: ကိုယ်ပြောချင်တယ့်စကားကို You Say ဆိုတယ့် box မှာပြောရမှာဖြစ်ပါတယ်
Ref: Gtuonlinefriends.ning.com

Wednesday, May 19, 2010

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ။

ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ...
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင်
ခေါက်ကွေးထားဖို့လိုမယ်နော်...
 ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

 ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို
ပြောပြပါမယ်။

 1.  လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
      လက်မကိုခွါလို့ ရပါတယ်...
      လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
      လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
      ဒါကြောင့်    ခွါလို့ရတာပါ။

 2.  နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
      လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
      သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

 3.  နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... (
ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )

 4.  နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
      လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
      ဒါကတော့ သားသမီးတွေပါ...
      သူတို့လည်း ခွဲခွါကြမှာပါ။

 5.  ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
      ခွါလို့ရလား...
      ခွါလို့မရဘူးမဟုတ်လား...
      ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
      ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့  ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော
ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား
ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ရေးသားသူ--- အမည်မသိလူငယ်တစ်ယောက်
 
 

Monday, March 29, 2010

 Leo တောင်းဆိုထားတယ့် ""တို့နှစ်ယောက်အကြောင်း"" သီချင်းစာသားလေးကိုဖော်ပြလိုက်ပါတယ်
 သီချင်းစာသားတွေကို ရေးပေးတယ့် ကျနော့သယ်ရင်း "Gray" ကိုကျေးဇူးတင်ရှိပါကြောင်း
သူ့ကိုကျနော် မုံ့ဝယ်ကျွေးမယ်ဆိုပီးအကူအညီတောင်းထားတာပါ :P နောက်တာပါ

Click Here To Download this Song
............................................................................................................................................

(အချစ်တစ်ခုကို ဖန်တီးလိုက်ရအောင်..
သူကလည်း တစ်ကယ်ကို အလန်းဇယားပဲ...)

V1 :တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ကြည်စယ်ခဲ့တယ် ဘ၀လက်တွဲဖော်လို့သူ့ကို
ရည်ရွယ်ခဲ့ပြီး ဒီပုံစံလေးအတိုင်းပဲကောင်းတယ်
ရွှေ့ပြောင်းဖို့မရှိ ငါအစီအစဉ်တွေဆွဲထားတာ တစ်နေ့ပေါင်းဖို့အထိ ဘာကြောင့်စိတ်တွေ သူ့ဆီပဲရောက်ရောက်နေတာလဲ အနိုင်မယူလိုပါဘူး ငါလက်မြောက်နေမှာပဲ
အချစ်ရဲလက်ကိုတွဲလို့ ဆက်လျှောက်နေကာရယ် အဝေးကြီးကိုရောက်နေလည်းရပ်စောင့်နေပါ့မယ် မပြင်ဇယားတွေများပီးတော့ အကြိမ်ပေါင်းများစွာညာခဲ့ နောက်ဆုံးတော့လည်းစိတ်မချမ်းသာ ကျရှုံးခဲ့တာငါပဲ ဒါတောင်အချစ်ကနားလည်စွာနဲ့ ခွင့်လွှတ်ပေးရှာတယ် ရှက်ဖို့ကောင်းပါတယ် ငါ့ကိုငါအထင်သေးပါတယ် အကျင့်ကမကောင်းခဲ့တော့ သူ့ရဲ့တန်ဖိုးမသိပဲ
အရင်ကထက်ပိုပီးတော့ ယုယမြတ်နိုးမိခဲ့ လုပ်မိခဲ့တဲ့ငါ့ရဲ့အရှေ့ကအမှားတွေကို မင်းရဲ့စိတ်နဲ့ပြုပြင်ပေးပါလို့

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

V2: ငါတစ်ခါမှားပြီးနောက်တစ်ခါထပ်တလည်းလည်းမှားတယ် နောက်တစ်ယောက်ထားမယ်လို့ ခပ်မရဲတရဲကြားတယ် စိတ်ကိုရှေ့တန်းတင်ပြီးတော့ မလုပ်ပါနဲ့ချစ်သူ အဲ့ဒါတွေကမင်းအတွက်မကောင်းဘူး မရှုပ်ပါနဲ့ ခံရတဲ့အတိုင်းပြန်ခံရဖို့လုပ်မှာပဲတဲ့ မျှော်လင့်ချက်တွေထားခဲ့တာ အရှုံးကပြဲကွဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မငိုပါနဲ့ မင်းရဲ့ဘက်မှာလည်းရှိမှာပေါ့ ငါ့အတွက်အမုန်းကနည်းနည်း

(မင်းရဲ့စကားတွေကိုနားထဲကြားနေလို့ အတူနေချင်ပါတယ် ဒီလိုအသံပဲကြားနေလို့)

ပါးစပ်အရသာခံပြီး အပိုတွေလည်းမပြောတော့ဘူး ထပ်ပီးမဝေးချင်တော့ပါ လျှောက်လျှောက်ပြီးတော့မဖောတော့ဘူး ငွေစက္ကူနဲ့ရောတဲ့ ကျော်ကြားမှုလည်းလဲနိုင်တယ် သောက်စားမှုနဲ့ ပျော်ပါးမှုလည်း အဝေးသို့ဝဲနိုင်တယ် ဒီအတိုင်းဆက်သွားနေရင် အချစ်လေးနဲ့လွဲနိုင်တယ် နောက်ဆုံးငါ့ရဲ့စိတ်က မင်းအနားဘဲ မြဲနေခဲ့.

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

V3: အသံဝင်သွားပြီး ချစ်တယ်လို့  အသားကုန်အော်ခဲ့တယ် လွပ်လပ်စွာနဲ့ သူ့နဲ့ကျွန်တော် အပီကိုပျော်ခဲ့တယ် တွေးလိုက်တိုင်းတစ်ကယ်ကို မျက်ရည်ဝဲဆဲ မခွဲတော့ဘူး ဒို့တွေလက်တွေတွဲမြဲ မင်းမသိဘူးမို့လား ငါလေစိတ်ပူပါတယ် ကျန်းမာရေးဆိုလည်း သူကသိပ်ချူခြာတယ် စကားတွေများ နားတွေကြာတော့ သိပ်ပူတာပဲ. လွမ်းနေကြတာတော့ ဟေ့..အတူတူပါပဲ
(အရှုပ်အယှက်တွေမရှိ တစ်ယောက်ထဲ ဒီထက်ပိုပီးသေချာခဲ့ အသက်စွန့်ပြီး ငါသည်အိုမင်းလည်း တစ်ဘ၀လုံးချစ်မယ် မေးခွန်းတွေမေးချင်လာခဲ့ မင်းရဲ့ဟိုအဝေးဘယ်မှာလဲ အိုမရက်စက်နဲ့ တစ်ကယ်ပါ ငါ့အသဲကွဲမှာ)

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

(ငါတစ်ယောက်ထဲမင်းပဲ ကိုယ့်အမှားများရှိခဲ့ရင်ပြော ပြော)
....................................................................................................................................
P.S : Thanks to "Gray" for sharing this post!

Tuesday, December 22, 2009

သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...။



forward mail ကရတာလေးပါ
ဘာမဆိုအကောင်းမြင်တတ်ဖို့ အရေးကြီးပါတယ် :)

Tuesday, November 10, 2009

တရားတော်များ
►တနေရာထဲမှာအစုံရှိတဲ့ www.dhammaransi.com
ကျန်းမာရေးဆိုင်ရာ
►myanmarhealthcare
►myanmarmedicine.com
►ဒေါက်တာဝင်းသိန်း
►Drတင့်ဆွေဆေးပညာစာများ
►health.ngoinmyanmar
►မွန်သက်ပန်

အင်္ဂလိပ်စာလေ့လာချင်ရင်
►လွယ်ကူလေ့လာအင်္ဂလိပ်စာ
►မိမိအသံထွက်မှန်မမှန်ဒီမှာစစ်

►ESL
►အွန်လိုင်းအင်္ဂလိပ်စာ သင်တန်းကျောင်း (အခမဲ့ပါ)
သတင်းနဲ့ ဆိုင်ရာ
►ရာသီဥတုသတင်းများ
►မြန်မာတိုင်း(မ်)
►ခေတ်လူငယ်
►ကြေးမုံသတင်းစာ
►မြန်မာ့အလင်းသတင်းစာ

►Ecovision Business Jurnal
►CNN News
►guardian.
►နယူးယောက်တိုင်း(စ်)
►mrtv3
►အင်တာနက်ဂျာနယ်
►ချယ်ရီအင်တာနက်လမ်းညွှန်(လင့်စုံတယ်)
►ရန်ကုန်မီဒီယာ
►ရွှေအမြုတေ
►people
►မြန်မာတိုင်း(စ်)အင်္ဂလိပ်လို
►royal-myanmar
►first-11
►technical-sevenfont
► ELEVEN
► မြန်မာနက်
►ဈေးကွက်
►ပလန်းနက်
စာအုပ်များ
►စာအုပ်စာပေကဏ္ဍ
►မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း
►သရဖူ
►ayeyarwaddylibrary
►Myanmar Ebooks
►ကာတွန်းများ
►၀ိညာဉ်သစ်စာကြည့်တိုက်
►mandalayicon.com
►panamiko
►shwejokes
►popular.cytroncom...
►shweone
►burmeseclassic E BOOK
►မာယာမဂ္ဂဇင်း
►အိမ်ရှင်မရဲ့ ဟင်းလက်ရာ
►မေတ္တာရပ်ဝန်းမီးဖိုဆောင်(လုလု)
►မြန်မာစာလုံးပေါင်းသတ်ပုံ
►မြန်မာစာမြန်မာစကား
►လောကအလှ
►မြန်မာဟာသများ
နားဆင်စရာသီချင်းများ
► ပန်းစကား
► myanmarmp3net
► မြန်မာဗွီစီဒီများ
► petaliaSongs
► vn247
► ရင်ခုန်သံFM
► MMA
►မြန်မာရုပ်ရှင်၊သီချင်းများ
►မြန်မာသီချင်းများ(မြန်မာဘလော့)
►မြန်မာသီချင်းကြီးများ
►ထူးအိမ်သင်သီချင်းများ
►နေ့ သစ်မှသီချင်းများ
ရုပ်/သံများ
► ရွှေအိုး
► PLANET
► FREE MYANMAR VCD
► shwedream.
► myanmar-image
► royalthazin
► ခရမ်းပြာ
► မေနှင်းအေး
► M.S.M
► myanmarworld
► ကိုရီးယားရုပ်ရှင်
► ကာရာအိုကေ
►မြန်မာရုပ်ရှင်ဗွီဒီယိုများ(ဘားမိကလပ်စစ်)
►မြန်မာနိုင်ငံခြားရုပ်ရှင်များ
►အာရှနိုင်ငံများမှ ဇာတ်လမ်းများ
►ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ
► နိုင်ငံခြားရုပ်ရှင်များ
►မင်းသီလမြန်မာဗွီဒီယို
နည်းပညာနှင့်အထွေထွေ
►ဘလော့ဘ်လုပ်နည်း
►မြန်မာ့အိုင်တီဘလောက်

►Online ICT READER
► သံလုံငယ်
► မောင်စေတနာ
►မလေးရောက်ခရီးသည်
►ကိုညီလင်းဆက်
► နိုင်းနိုင်းစနေ
►ရွှေပြည်သူ
►မြန်မာဓာတ်ပုံများ
►ရေမြေခြားမှာပညာရှာချင်ရင်
►မြန်မာ့ပညာရေး
►လူငယ်နှင့်ပညာရေး

(ညီနေမင်း(ကိုညီ))
ဗေဒင်ဆိုင်ရာ
► တားရော့ဗေဒင်
► ဂဏန်းဗေဒင်
► မြန်မာ့ရိုးရာဗေဒင်
အားကစားရေးရာ
►ဘောလုံးပွဲအဖြေသိချင်ရင်
►Soccer STATS.com
►မြန်မာဘောလုံးချစ်သူတို့ ဆုံစည်းရာ
►Myanmar National League
►soccer myanmar
►First Eleven
►Premier Eleven
►www.dvbsport.com
►EuroSport
►UEFA
►FA
GAMES ဂိမ်းများ
► y8 ဂိမ်းများ
► VIWAWA
► ဘိလိယက်
► မီနီဂိမ်းများ

Bun ထားရင် ကျော်ဝင်မယ့်
►proxytor
►atunnel

ငွေကြေးဈေးသိရအောင်
►Bloonberg.com
►ယနေ့ ပေါက်ဈေးသိချင်ရင်

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
Reference from forward mail.

Monday, October 19, 2009

crack, patch, keygen တွေက ဘာအတွက်သုံးတာလဲဆိုတော့.... ရှင်းရှင်းပြောရရင် သူများ ရောင်းတဲ့ဟာကို အလကား ဖရီးသုံးလို့ ရအောင် လုပ်ထားတဲ့ နည်းတွေပါ။ crack, patch, keygen ကို ဘယ်လို အသုံးပြုရမည်ဆိုတာ မသိသေးတဲ့ သူငယ်ချင်းများအတွက် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

crack
ဆော့ဝဲလ်တစ်ခုမှာ crack လုပ်ဖို့ ဖိုင်လေးပါလာရင် ဘယ်လိုအသုံးချရမလဲဆိုတော့ ...

အဲဒီ crack folder (0r) file လေးများကို ကော်ပီကူးပြီး ၀င်းဒိုးထဲက သက်ဆိုင်ရာ ပရိုဂရမ်ဖိုင်မှာ သွားထည့်လိုက်ရုံပါပဲ။ အဲဒီအချိန်မှာ မူရင်းဖိုင်တွေအပေါ်မှာ replace လုပ်မလားလို့ များသောအားဖြင့် မေးတတ်ပါတယ်။ အဲဒီအချိန်မှာ Yes ဆိုပြီး click နှိပ်ပေးလိုက်တာနဲ့ crack လုပ်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။ သက်ဆိုင်ရာ ဆော့ဝဲလ်ကို full version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

crack file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်လိုက်ရင် crack ချိုးတဲ့ ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်။ ။ crack ချိုးတဲ့ အချိန်မှာ သက်ဆိုင်ရာ software ကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

patch
ဆိုတဲ့ဖိုင်လေး ဆော့ဝဲလ်တစ်ခုမှာ ပါတယ်ဆိုရင် အောက်ပါအတိုင်း အသုံးပြုရပါမည်။

သူက crack နဲ့ သိပ်မကွာပါဘူး။ patch ဖိုင်လေးကို ၀င်းဒိုးတင်ထားတဲ့ သက်ဆိုင်ရာ program file လေးထဲ ထည့်ပြီး double click နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် patch ဖိုင်ပွင့်လာပါလိမ့်မယ်။ အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

patch file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်ပြီး double ကလစ်နှိပ် ဖွင့်လိုက်ပါ။ ပြီးရင် အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

မှတ်ချက်- အချို့ patch ဖိုင်တွေက များသောအားဖြင့် vista နဲ့ window 7 တွေမှာ အလုပ်မလုပ်တတ်ကြပါဘူး။

Keygen
ဆိုတာပါရင် ဘယ်လိုအသုံးပြုရမလဲဆိုတော့......

များသောအားဖြင့် keygen ဆိုတဲ့ ဖိုင်လေးက လိုအပ်တဲ့ ဆော့ဝဲလ်စတင်ကတည်းက အသုံးပြုရတာ များပါတယ်။ application software စတင်တဲ့ အချိန် serial key တောင်းပါလိမ့်မယ်။ အဲဒီအချိန် keygen လေးကို double click နှိပ်ပြီး ပေါ်လာတဲ့ ကီးလ်လေးတွေကို သက်ဆိုင်ရာ နေရာမှာ ဖြည့်ပေးလိုက်ရင် ရပါတယ်။ တစ်ချို့ ဆော့ဝဲလ်တွေမှာ ကျတော့ software တင်ပြီးတဲ့ အချိန်မှ serial key ကို တောင်းတတ်ပါတယ်။ အဲဒီအချိန်မှာ သွားပြီး ဖြည့်ပေးလည်း ရပါတယ်။

ကျွန်တော်ပြောသွားတဲ့ နည်းလေးတွေက application အားလုံးအတွက် အတူတူပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောတရားကတော့ အဲဒီသဘောတရားတွေ ချည်းပါပဲ။ အားလုံး အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ခင်ဗျာ....
အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း

(1 ) Fine: ကောင်းပြီလေ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။

( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။

(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။

(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ် ။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။


ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်..

Saturday, July 18, 2009

Comment : ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ အချိန်ရရင်ဖတ်သွားပါအုံး

ဒီနေ့ ကျောင်းတက်တာနောက်ဆုံးရက်ပါ… ကျောင်းစောဆင်းလို့ သူ့ဆီကို ဖုန်းဆက်ပေးလိုက်တယ်။

- hello , င့ါကို လာကြို

- ၅ မိနစ်စောင့်။

- ၅ မိနစ် ။ ကျောင်းနဲ့ နင့်အိမ်ကနီးနီးလေကို….

- ဟာ… အ၀တ်လေး လဲပါရစေအုံး…

- အေး… မြန်မြန်နော်….

ဒီလိုနဲ့ နေပြင်းချိန် ၂ နာရီမှာ ကျွန်မ သစ်ပင်အောက်မှာသူ့ကိုစောင့်ခဲ့တယ်….

၅ မိနစ်ကျော်သွားပြီ သူမလာသေးဘူး စောင့်ရတာစိတ်မရှည်တော့ဘူး

၁၀ မိနစ် သူမလာပြန်ဘူး

၁၅ မိနစ် သူနောက်ဆုံးတော့ရောက်လာပြီ။

- ဘာလို့ အဲလောက်နောက်ကျတာတုန်း။

- ဒီလိုပါပဲ။

ကျွန်မ မကျေနပ်တော့ သူ့ကို မျက်စောင်းနဲ့ ကြည့်နေမိတယ်… စကားလဲ ဆက်မပြောတော့ဘူး ဆိုင်ကယ်စီးဦးထုပ်ကိုလည်း မယူဘူး ဒါနဲ့ သူက…

- sorry

ဒါက သူ ပထမအကြိမ်တောင်းပန်ခြင်းပါ သူက ဒီလိုဟိုလို ဆိုပြီး မပြောတတ်ဘူး တောင်းပန်တာလည်းမရှိဘူး ဒါကြောင့် သူ့ကို ခွင့်လွတ်လိုက်တယ်.. သူအိမ်ပြန်ပို့ပေးတယ်….

သူ ဘယ်တော့မှ ရှင်းလင်းချက်တွေမပေးဘူး ရန်လည်းမဖြစ်ဘူး တစ်ခါတစ်ရံ sorry ဆိုတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး …. သူတောင်းပန်တိုင်း ခွင့်လွတ်လိုက်တယ်… ကျွန်မက သူပထမတောင်းပန်ခြင်းခံရတဲ့ မိန်းကလေးမို့ပါ….

ဟုတ်ပါတယ် မှားတယ်ဆိုပြီးပြောဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်.. ဒါပေမဲ့ ဒီလိုချည်းပဲလဲ မကောင်းဘူးထင်တယ်… sorry ဆိုပြီး ပြီးသွားသလိုပဲ…. သူ့ကိုအခွင့်အရေးတွေပေးတယ် သူမပြင်ဘူး သူကျွန်မကိုဖက်ပြီး အကြိမ် ၆၀ မြောက် sorry ကိုပြောတယ်… သူတစ်ခုခု ဖုံးကွယ်ထားသလို ခံစားလာရတယ်…

- ခုတလောနင်တမျိုးကြီးပဲ

- ဟုတ်ပါဘူးကွာ..

- နင်ဘာဖြစ်နေလဲ

- ဘာမှဖြစ်ပါဘူး

- ဒီလိုပဲပြောနေတာပဲ ငါစိတ်ပူတာကိုကော နင်သိရဲ့လား နင်ရဲ့ရည်းစားပါ ဆိုတာကို နင်သတ်မှတ်သေးပါတယ်နော်..

- Sorry

- Sorry မပြောနဲ့ မကြားချင်ဘူး

ဆိုပြီး ကျွန်မသူ့ဖုန်းကိုချလိုက်တယ်.. သူပြန်မဆက်လာဘူး သူအရေးမလုပ်ဘူး လမ်းခွဲသင့်ပြီလို့ ထင်လာတယ်… ဒါက အကြိမ် ၉၉ ကြိမ်မြောက် sorry ပြောခြင်းပါ…

အဲဒီနေ့ကနေစပြီး သူကို အဆက်အသွယ်ဖြတ်လိုက်တယ် တစ်ခါတစ်လေတော့ ဘာမှမပြောတဲ့ ဖုန်းတွေတော့ လက်ခံရရှိတယ် … ဒီလိုနဲ့ ဖုန်းချပေါင်းလည်းမနည်းတော့ဘူး ဘာလို့ သူစကားမပြောရတာလဲ? တစ်လပြီးနောက် သူကို သွားရှာဖို့ သူ့ကျောင်းကိုသွားခဲ့တယ် သူကိုမတွေ့ဘူး

- xxx ကို ရှာချင်လို့ပါ

- သူကျောင်းနားလိုက်ပြီ

- ဘာလို့လဲ သိလား။

- တစ်လရှိပြီမလာတာ။

- ဟုတ် ကျေးဇူးပါ။

တစ်လဟုတ်လား ဘာလို့ပါလိမ့် ကျွန်မသူ့ဆီ ဖုန်းဆက်တယ်….. ဖုန်းမကိုင်ဘူး

သူ့အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ် သူရည်းစားအသစ်များရှိနေပြီလား သူဒီကမ္ဘာမှာ လုံးဝပျောက်ကွယ်သွားသလို …. သူကို ရှာလို့မတွေ့ဘူး … သူ့ကိုအရမ်းတွေ့ချင်လာတယ်…. ဖုန်းမြည်လာတယ်.. သူ့ရဲ့ သူငယ်ချင်းဆက်လာတယ်…

- ဟေ့ နင်ဘာလုပ်နေတာတုန်း

- အမ်…

- Xxx ဆေးရုံမှာ

- ဘာ…… သူဘာဖြစ်လဲ

- နင်သွားလိုက်

- အေး ချက်ခြင်းသွားမယ်

အမြန်ဆုံးနှုန်းနဲ့ ဆေးရုံကိုသွားခဲ့တယ် .. ဆေးရုံရောက်တော့ သူ့အမေ ကို တွေ့တယ်.. သူ့အခန်းဆီကို ပြေးခဲ့တယ်

သူ ကုတင်မှာ လဲနေတယ် သူတို့ကိုကြည့်ပြီး စကားမပြော လှုပ်တောင်မလှုပ်ဘူး

- နင်ဘာဖြစ်နေတာလဲ ဘာလို့မပြောရတာလဲ

သူဘာမှပြန်မပြောဘူး ဒီလိုပဲကြည့်နေတယ်…

- ပြော ပြော နင်တစ်ခုခုပြောပါ…

သူ့မျက်စိထောင့်ကနေ မျက်ရည်ကျလာတယ် သူအရမ်းအားယူလိုက်ပြီး

- sorry

သူပြောပြီးတာနဲ့ သူမျက်စိပိတ်သွားတယ်..

- ဘာလဲဟာ sorry လို့မပြောနဲ့ ပြောတာကိုလဲ လက်မခံနိုင်ဘူး ထ ထ ကြားလား….. ငါနင့်ကို မခွင့်လွတ်ဘူး …… ထ……… နင်မထရင် ငါနင့်ကို ဒီတစ်သက်မခွင့်လွတ်ဘူး…. မျက်စိဖွင့်ပါ…………..

ဒါဟာ သူ sorry ပြောတာ ၁၀၀ ပြည့်သွားတယ် …. ဆရာဝန်နဲ့ ဘေးကလူတွေ ကျွန်မကို ၀ိုင်းဆွဲတယ်..

ကျွန်မ မထနိုင်တော့ဘူး ဘာမှလည်းမသိတော့ဘူး အမှောင်ကမ္ဘာထဲရောက်သွားသလို…..

သူဒီကမ္ဘာကနေမထွက်ခွါသေးပါဘူး သူကိုအပြင်လောကမှာမတွေ့ရတာ ကျွန်မအိပ်မက်ထဲသူလာတယ်

သူဘေးမှာအမြဲရှိနေတယ်… ကျွန်မရင်ထဲမှာ သူရှင်နေသေးတယ်…. ဒါပေမဲ့ sorry လို့ သူမပြောတော့ဘူး

လအတော်ကြာတော့ သူ့အမေလာရှာတယ် ဘူးလေးတစ်ခုကိုပေးတယ်..

ဘူးထဲမှာ ဓါတ်ပုံတွေချည်းပဲ အပုံပေါင်း ၁၀၀ အပုံတိုင်းရဲ့နောက်မှာ စာရေးထားတယ်… ကျွန်မကိုစိတ်ဆိုးအောင်လုပ်မိတဲ့ကိစ္စတွေအားလုံးကို ….

ပထမအကြိမ် sorry - မိန်းမ ဒီနေ့ တမင်နောက်ကျတာမဟုတ်ပါဘူး ဘာဆင်ခြေတွေပေးရမှန်းလဲ မသိဘူး အဖြစ်မှန်ကိုလည်းမပြောချင်ဘူး။ အိမ်ကထွက်မယ်ဆိုမှ ရုတ်တရက် နှလုံးအောင့်လာတယ် ဒါပေမဲ့ အစွမ်းကုန်ကြိုးစားပြီးလာခဲ့တယ် ခွင့်လွတ်ပါနော်…

ဒုတိယ sorry - မိန်းမ ငါ…………

တတိယ sorry - …………….

……………………………..

……………………….

…………….

၁၀၀ sorry - မိန်းမ ငါမင်းကို ပစ်သွားတာမဟုတ်ပါဘူး မင်းကိုတစ်သက်လုံးချစ်ဖို့ ဘုရားက ကိုယ့် ကိုအခွင့်အရေးမပေးဘူး ဒီလက်စွပ်လေးကိုစွပ်စေချင်တယ်.. မင်းဟာ ငါ ပထမ sorry ပြောတဲ့မိန်းကလေးပါ ထာဝရလက်တွဲဖို့ ဆုံးဖြတ်စေသူပါ ငါ မင်းကိုပျော်ရွှင်မှုတွေမပေးနိုင်တော့ဘူး ငါမင်းဘေးမှာရှိနေမှာပါ မင်းပျော်ရွှင်နေတာကိုကြည့်ချင်တယ် ကတိပေးပါ မငိုပါဘူးဆိုတာကို မင်းမျက်ရည်ကျတာကို မခံစားနိုင်လို့ပါ…. သိပ်ချစ်တယ်…

ကျွန်မ မငိုပဲ ဘယ်လိုနေနိုင်ပါ့မလဲ………… နောက်ဆုံးဓါတ်ပုံကို ဆေးရုံမှာရိုက်ခဲ့တယ်… ပြုံးနေတဲ့အပြုံးလေးဟာ အရမ်းကိုတောက်ပတယ်.. ဒါပေမဲ့ သိပ်ပိန်တယ်… မျက်နှာကလည်း ဖြူဖတ်ဖြူရော်.. ဒါကို သူပြုံးနိုင်တယ် ဒီ အပုံ ၁၀၀ မြောက်ကိုရိုက်ဖို့အတွက်…

သူအရမ်းခံစားနေရတဲ့အချိန်မှာ သူဘေးမှာမရှိဘူး

Sorry ပါ….

သူ့ဓါတ်ပုံတွေကို ပွေ့ဖက်ပြီး ကျွန်မ အငိုမတိတ်တော့ဘူး။

ရှိသမျှချစ်သူတွေအားလုံးတစ်ဦးကိုတစ်ဦးချစ်မြတ်နိုးနိုင်ကြပါစေ။

ဒီလိုအလွမ်းဇာတ်မျိုးထပ်မဖြစ်စေဖို့ ဆုတောင်းရင်း…………..

ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

Wednesday, July 15, 2009

British English vs. Singaporean English

Who says our English is teruk? Just read below - Ours is
simple, short, concise, straight-to-the-point, effective etc.

WHEN GIVING A CUSTOMER BAD NEWS

Britons: I'm sorry, sir, but we don't seem to have the
sweater you want in your size, but if you give me a moment, I can call the
other outlets for you.

Singaporean: No stock!


RETURNING A CALL

Britons: Hello, this is John Smith. Did anyone call for me a
few moments ago?

Singaporean: Hello, who call huh?


ASKING SOMEONE TO MAKE WAY

Britons: Excuse me, I would like to get by. Would you please
make way?

Singaporean: S-kew me..


WHEN SOMEONE OFFERS TO PAY

Britons: Hey! Put your wallet away, this drink is on me.

Singaporean: No need lah.

= ဆက်လက်ဖတ်ရှူရန် ...
WHEN ASKING FOR PERMISSION

Britons: Excuse me, but do you think it would be possible
for me to enter through this door?

Singaporean: (pointing at the door) Can ah?


WHEN ENTERTAINING

Britons: Please make yourself right at home.

Singaporean: No need shy one lah!


WHEN DOUBTING SOMEONE

Britons: I don't recall you giving me the money.

Singaporean: Where got?


WHEN DECLINING AN OFFER

Britons: I would prefer not to do that, if you don't mind.

Singaporean: Don't want lah.


IN DISAGREEING ON A TOPIC OF DISCUSSION

Britons: Err...Tom, I have to stop you there. I understand
where you're coming from, but I really have to disagree with what you said
about the issue.

Singaporean: You mad ah?


WHEN ASKING SOMEONE TO LOWER THEIR VOICE.

Britons: Excuse me, but could you please lower your voice?
I'm trying to concentrate over here.

Singaporean: Shut up lah!


WHEN ASSESSING A TIGHT SITUATION.

Britons: We seem to be in a bit of a predicament at the
moment..

Singaporean: Die lah!!


WHEN TRYING TO FIND OUT WHAT HAD HAPPENED

Britons: Will someone tell me what has just happened?

Singaporean: What happened ah? Why like that one lah?


WHEN SOMEONE DID SOMETHING WRONG

Britons: This isn't the way to do it. Here, let me show you.

Singaporean: Like that also don't know how to do!

Saturday, July 11, 2009

online သုံးနေရင်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိ ပျင်းလာတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အဲဒီလို အခါလေးတွေမှာ ကျွန်တော်ကတော့ www.y8.com ကို ညွှန်းပါရစေ။ အဲဒီမှာ flash game တွေ ပုံနေပါတယ်။ အားရပါးရ ထိုင်ဆော့ နေရုံပဲ။ တကယ်လို့ game တွေကို လိုချင်သပါ့ဆိုရင်တော့ Fire fox addon Embeded Download ကို အသုံးပြုပြီး ကိုယ့်စက်ထဲကို download ချနိုင်ပါတယ်။




Friday, July 10, 2009

G-Talk မှာတော်တော်များများအဆင်ပြေနေပါတယ်။ မပြေတာက Voice Chat ပြောတဲ့အခါ တစ်ဦးအသံကိုတစ်ဦး နောက်ကျပြီးမှကြားရတာမျိုးပေါ့။ သူငယ်ချင်းတွေဖြစ်ဖူးကြရဲ့လားမသိဘူး။ သုံးတဲ့သူတစ်ချို့က အထာမသိတော့ ဘယ်လိုပြောမလဲ ရွာလည်နေတော့တာပေါ့။ ကြားလား ကြားတယ် ပြောလေ ဘာလဲ နဲ့ပဲ ... အဟီး ရယ်တော့ရယ်စရာပါ... ... အသံကနောက်ကျပြီးမှရောက်တယ်နော် ဘာညာ ဆိုတော့ ..... မေးကြည့်တာပါ ....သြော်...ဒါများ နောက်ကျပြီး ကြားရတာက သိပ်ပြသနာမဟုတ်သေးဘူး .. ပြောမလို့ဟယ်လို့တောင် မလုပ်ရသေးဘူး .. ပြုတ်ကျတာက ပိုဆိုးတယ်.....:(

g-talk ထက် ပိုပီးပြောလို့ အဆင်ပြေမဲ့ "SKYPE" ကိုလမ်းညွှန်လိုက်ပါတယ။် တကယ်ကောင်းတာပါ ။
ရန်ကုန် ခဏပြန်တုန်းက g-talk နဲ့ စင်ကာပူကိုခေါ်ရ တာအဆင်မပြေဘူး။ SKYPE နဲ့လည်း စမ်းခေါ်ကြည့်ရော အဆင်ပြေလိုက်တာမှလွန်ရောပဲ။
Singapore to Singapore ပြောနေရတယ့်အတိုင်းပဲ။ ကဲ ဒါဆို g-talk ပဲ ဆက်သုံးအုံးမလား? SKYPE ကိုပြောင်းသုံးကြည့်မလား?

www.skype.com မှာ download လုပ်ပီး install လုပ်ပီး account အသစ်ဖွင့်ပီး သုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။







အင်းမ်...စာမရေးဖြစ်တာတောင် အတော်လေးကြာရောပေါ့။ ရန်ကုန်ပြန်လိုက်တော့ ပိုဆိုးတာပေါ့။ စာဖတ် ပရိသတ် အပေါင်းကိုလည်း အနူးအညွတ် တောင်းပန်ပါတယ် နော်။ နောက်ဆို ပုံမှန် post အသစ်လေးတွေတင်ပါ့မယ်..... (:

ကျနော့ blog လေးကိုလာလည်တယ့်အတွက် ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။

Aurthor Ko Htet

Tuesday, April 21, 2009

“သြော် နဂါးအိုင်” လေးကို စတွေ့တာက မနေ့ကမှဗျ။ “သြော် နဂါးအိုင်” သတင်း ကြားကြားချင်းပဲ ရောက်အောင် သွားဖြစ်လိုက်တယ်။ “သြော် နဂါးအိုင်” ကို ရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်တို့ မြန်မာတွေအတွက် အဆင်ပြေတယ်ဆိုတာ အသေအချာ သိလိုက်ရတယ်။

“သြော် နဂါးအိုင်” ဆိုတာက အလွယ်တကူမှတ်မိအောင် ကျွန်တော့်ဘာသာ ကြံဖန်မှတ်ထားတဲ့ စကားလုံးပါ။ ဘယ်နေရာရောက်ရောက် မြန်မာဖောင့်ရှိတဲ့ ကွန်ပြူတာဖြစ်ရုံနဲ့ လိုအပ်လာရင် အလွယ်တကူ ဖွင့်နိုင်အောင် စာလုံးပေါင်းကို မှတ်သားထားတာပါ။ နာမည်ဖျက်တာ မဟုတ်ရပါဘူးခင်ဗျာ။

ကျောင်းတုန်းက အရေးကြီးတဲ့စာတွေကို မမေ့မလျော့အောင် အတိုကောက်လေးတွေ၊ ကဗျာပိုင်းလေးတွေထုတ်ပြီး ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်သားကြတဲ့ သဘောမျိုးပါ။ “OR (သြော်)_NA (န)_ GA( ဂါး) _I (အိုင်)” အဲလို ပေါက်ပေါက်ရှာရှာမှတ်လိုက်တာပါ။


သူ့ရဲ့ အမည်အပြည့်အစုံက http://www.ornagai.com/ ပါ။
သူ့အကြောင်းကို စသိခဲ့တာက ကိုမောင်လှ ဆီကပါ။
သူ့အကြောင်းကို ပိုသိသွားတာက ကိုဒီဘီအေ ဆီမှာပါ။


သူ့ဆီသွားလိုက်လို့ရှိရင် အင်္ဂလိပ်လိုရိုက်ပြီး မြန်မာလို အဓိပ္ပါယ်ရှာနိုင်တဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓါန်” မြန်မာလိုရိုက်ပြီး အင်္ဂလိပ်စာလုံးကို ရှာနိုင်တဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓါန်” ကို အလွယ်တကူသုံးလို့ရပါတယ် ။

ဘာ Software မှ Download ဆွဲစရာမလိုဘဲနဲ့ Internet ချိတ်ထားပြီး ဇော်ဂျီ font ရှိတဲ့ ကွန်ပြူတာတိုင်းမှာ သူ့ website ကို ဖွင့်လိုက်ရုံနဲ့တင် သုံးလို့ရတယ်။ စာလုံးတစ်လုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပါယ်ချင်း ဆက်စပ်တဲ့ စာလုံးတွေကိုပါ တဆက်တည်း ဖော်ပြပေးပါတယ်။



ဒါ့အပြင် ကိုယ် ရိုက်ရှာကြည့်တဲ့ စကားလုံး မရှိသေးဘူးဆိုရင်လည်း နောင်လာနောက်သားများအတွက် အဆင်ပြေအောင် စေတနာထား၍ ထည့်သွင်းပေးသွားလို့လဲ ရပါတယ်။ အနီးနားက အဘိဓါန်စာအုပ် တစ်အုပ်အုပ်ထဲက ရှာဖွေပြီးတော့ ထပ်ပေါင်းထည့်ပေးဖို့ပါ။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ စာလုံးရေတွေ များများလာပြီး လူတိုင်းအတွက် ပိုမိုအသုံးဝင်လာမှာဖြစ်ပါတယ်။


ကိုယ့်ရဲ့ Mobile handset လေးတွေထဲလည်း ထည့်သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် handset တိုင်းတော့ မရပါဘူး။ http://www.ornagai.com/site/mobile ကို သွားရင်တော့ handset ထဲ ထည့်တဲ့အကြောင်းနဲ့ ဘယ် handset တွေမှာ သုံးလို့ရတယ် ဆိုတာလေးတွေပါ မြင်ရမှာပါ။


အဲဒီမှာ Download ဆွဲထားတဲ့ file ကို ပြန်ဖြည်ပြီး ကိုယ့်ရဲ့ handset ထဲကို ကူးထည့်လိုက်ပါ။ ကျွန်တော်ကတော့ application အောက်မှာ အဲဒီ file ကို သိမ်းလိုက်ပါတယ်။ ကူးပြီးပြီဆိုရင် အဲဒီကို သွားလိုက်ပြီး install ကို နှိပ်လိုက်ရင် သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ next next တောင် လုပ်နေဖို့ မလိုပါဘူး။

ပြီးပြီဆိုရင်တော့ start နှိပ်ပြီး တန်းသုံးလို့ရပါပြီ။ ဒါက သုံးလို့ရတဲ့ handset တွေမှာ ပြောတာပါ။ ကျွန်တော့် handset လေးကတော့ ကံကောင်းထောက်မစွာနဲ့ အဆင်ပြေသွားပါတယ်။တော်တော်များများမှာလဲအဆင်ပြေနိုင်ပါတယ်.


“သြော် နဂါးအိုင်” ရေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ဒီpostကိုshareလုပ်ခွင့်ပေးတဲ့ တောင်ငူသား ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်...



Sunday, April 12, 2009

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာ
ချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို
့ဘ၀ကအထီးကျန်လိုက်တာ..။

ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။
ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။

ကောင်လေး - ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ
့ပေါ့...ဘယ်လိုလဲ..။
ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ
ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။

ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။
သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။

၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကို
Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့
ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို
့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ
့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို
့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ
့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အို
ကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။


ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို
တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ
့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။
ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် bus
အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း
လမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာ
ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီ
game ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို
့game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။
ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။

မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို
့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး
မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။

ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ
ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။
ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။
စာထဲမှာရေးထားတာကတော့........
"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်
အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။
gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။
ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း
ဝမ်းနည်းပက်လက်ငိုပါတော့တယ်....။

"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကို
အရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။
ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgame
လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊
ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေး
မင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။
ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......

------------------------------- ---------------------------------------
------------------------------------------------
ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...
အရမ်းနောက်မကျသွားခင်ပေါ့.........။

Note: Copy from Forward Mail
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Unported License.

lolrolleyessmile

Wednesday, April 08, 2009

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။

မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။


မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး

ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။


မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု ယုံကြည်ခြင်းဖြစ်ပြီး

ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

= ဆက်လက်ဖတ်ရှူရန် ...

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည် ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏ ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

Note: Copy from http://www.winhtuthan.co.cc/
= ပြီးပါပြီ ...