Friday, February 13, 2009

အဟမ်း ကျနော်တတ်နေတဲ့ ကျောင်းတော်ကြီး အကြောင်းပြောပြရရင်
SIM ဆိုတာက? Singapore Institute Of Management
စင်ကာပူမှာတော့ poly ကျောင်း ၅ကျောင်း ပီးရင်နာမည် အကြီးဆုံး ကျောင်းလို့ပြောရရင်လဲ မမှားပါဘူး
တစ်ချို့ဆို စင်ကာပူ မှာ top 4 လို့တောင်ပြောကျတယ်။ အဟီး ဟုတ်မဟုတ်တော့မသိဘူး။ ဘာလို့လဲသိလား?ကို့ငါးချဉ် ကိုယ်ချင်တာ။ အဟီး အလိုလဲဟုတ်သေးပါဘူး
စင်ကာပူ မှာ လူသိများတဲ့ university ၄ ခု ပဲရှိတာကိုး။နောက်ပီး poly ကျောင်းသားတွေ
SIM မှာ degree course လာတတ်ကျတာတွေက အများကြီး.

university ၄ ခု ကတော့

No-1 NUS-National University of Singapore
No-2 NTU-National Technological University
No-3 SMU-Singapore Management University
No-4 SIM university (Uni Sim) ရယ်လို့ အသိများပါတယ်

Polytechnics ကျောင်းတွေက ၃နှစ် တတ်ပီးမှ diploma ရတယ်
တစ်ခုကောင်းတာက SIM မှာ diploma course ကို တစ်နှစ်ခွဲလောက်ပဲ တတ်ရပါတယ်
poly ကျောင်းသားတွေ က ကျနော်တို့ SIM university မှာ degree လာတတ်ရင် နောက်ထက် ၂နှစ် ၂နှစ်ခွဲလောက်ထက် တတ်ရပါတယ် အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်

Polytechnics students
3years for diploma course
about 2 or 3 years for degree course at SIM University
Total=Diploma from Polytechnics+Degree from SIM
=3years+about 2 or 3years
=About 5 or 6years to earn Degree



SIM students
About 1.5 years for diploma course
about 2 years for degree course at SIM
Total=Diploma from Sim+Degree from SIM
=about 1.5 years+About 2 years
=about 3 or 3.5 years to earn Degree

ကျနော် တို့ ကျောင်းမှာ popluar အဖြစ်ဆုံး diploma course က Diploma in Management Studies (DMS) DMS ပီးရင် degree course တော်တော်များများကို တတ်လို့ရပါတယ်....
degree တတ်ရင် လဲ exemption တွေရတယ် exemption ရတော့ ၃နှစ်တတ်ရမဲ့ course ကို၂နှစ်လောက်ပဲတတ်ရပါမယ်...
diploma course ကို S$10,000 လောက်ပေးရတယ်။သူဌေးတွေပဲတတ်နိုင်တာကိုး။ အဟိ ။ အဲဒါကြောင့် နာမည် ကြီးတာလဲပါတယ်။

DMS course က SIM University က ချီးမြှင့်တာပါ DMS course ကိုတတ်မယ်ဆိုရင် ကန့်သတ်ချက်တွေရှိပါတယ်။ ၁၀တန်းအမှတ် တစ်ဘာသာ ပျမ်းမျှ အမှတ် ၇၀ နဲ့ IELTS minimum 5.5 ရှိမှတတ်လို့ရပါတယ်။ မရရင်ကော ?
တတ်လို့မရဘူးပေါ့။ IELTS မရှိရင် SIM မှာ English course ကို အရင်ဦးဆုံးတတ်ရပါမယ်။ English course ကဈေးသိပ်မကြီးလှပါဘူး level တစ်ခုကိုS$ 2500 ထဲပါ။အဟီး မပြောဘူးလား သူဌေးကျောင်းပါဆို။ ဇွတ်။.
အကောင်းဆုံး က IELTS ဖြေတာအကောင်းဆုံးပါပဲ။

Diploma in Management Studies (DMS) ကိုတတ်မယ်ဆိုရင် Clementi က Ngee An Poly နားက SIM Head Quarter မှာမတတ်ရပါဘူး။ Namly Avenue မှာ သွားတတ်ရပါတယ်။နောက်ပီး အဲဒီမှာ facility က SIM Uni လောက် မစုံဘူး။ အဆောက်အဦးက လဲ Uni SIM နဲ့ရှင်ရင် သေးသေးလေး။
SIM က private school တွေထဲမှာအကြီးဆုံး။ တစ်ချို့က Semi-Government University လို့ပြောကျတယ်။

မကြာခင် Government University ဖြစ်တော့မယ် လို့ပြောနေကျတယ် ဟုတ်မဟုတ်တော့ ကျနော်ကိုယ် တိုင်လဲ သိဖူးခင်ဗျ....သိချင်ရင် လီရှန်လုံးကို သွားမေးကြည့် :P
SIM မှာတတ်ရင် Assignment တွေ Project တွေ Presentation တွေက
တခြားကျောင်းတွေနဲ့ မတူအောင် ကျောင်းသားတွေကို ဝန်ထုက်ဝန်ပိုး ဖြစ်စေပါတယ်
Project တွေ လုပ်ရပီ ဆို လူကိုရူးချင်စိတ်ပေါက်လောက်အောင်ကို ဖြစ်သွားပါတယ်
ဪ SIM SIM ကျောင်းသားတွေကို ဒီလိုနီးနဲ့ နှိပ်စက်နေတာကိုး....:(

ဪတစ်ခုပြောရအုံးမယ် SIM ကကျောင်းသူ လေးတွေ က poly ကျောင်းမှာတော်တော် နာမည် ကြီးတယ်ခင်ဗျ
အချောအလှလေးတွေပေါတာကိုး...

Business course တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ SIM မှာလာတတ်ပါလို့ပဲလမ်းညွှန် ချင်ပါတယ်
ဘာလို့ လဲ ဆို တော့

၁- အာမခံချက်ရှိခြင်း
၂- စာအသင်အပြ ကောင်းမွန်ခြင်း
၃- လုပ်ငန်း ခွင်သို့ ဝင်လျှင်အခြား private school တွေထက် သေချာခြင်း
၎-polytechnics မှ ကျောင်းသားများ degree course လာတတ်သော တစ်ခုထဲသော private university(semi-government university) ဖြစ်ခြင်း
၅-tuition fee ဈေးကြီး သောကြောင့် အထင်ကြီးခံရခြင်း
၆-အချောအလှ ကောင်မလေးတွေ ပေါ်ခြင်း
တို့ကြောင့် ဖြစ်ပါတယ်......LOL


ဒါလေးက တော့ SIM ရဲ့ website address လေးပါ
or www.sim.edu.sg

Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.

0 comments: