Tuesday, April 21, 2009

“သြော် နဂါးအိုင်” လေးကို စတွေ့တာက မနေ့ကမှဗျ။ “သြော် နဂါးအိုင်” သတင်း ကြားကြားချင်းပဲ ရောက်အောင် သွားဖြစ်လိုက်တယ်။ “သြော် နဂါးအိုင်” ကို ရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်တို့ မြန်မာတွေအတွက် အဆင်ပြေတယ်ဆိုတာ အသေအချာ သိလိုက်ရတယ်။

“သြော် နဂါးအိုင်” ဆိုတာက အလွယ်တကူမှတ်မိအောင် ကျွန်တော့်ဘာသာ ကြံဖန်မှတ်ထားတဲ့ စကားလုံးပါ။ ဘယ်နေရာရောက်ရောက် မြန်မာဖောင့်ရှိတဲ့ ကွန်ပြူတာဖြစ်ရုံနဲ့ လိုအပ်လာရင် အလွယ်တကူ ဖွင့်နိုင်အောင် စာလုံးပေါင်းကို မှတ်သားထားတာပါ။ နာမည်ဖျက်တာ မဟုတ်ရပါဘူးခင်ဗျာ။

ကျောင်းတုန်းက အရေးကြီးတဲ့စာတွေကို မမေ့မလျော့အောင် အတိုကောက်လေးတွေ၊ ကဗျာပိုင်းလေးတွေထုတ်ပြီး ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်သားကြတဲ့ သဘောမျိုးပါ။ “OR (သြော်)_NA (န)_ GA( ဂါး) _I (အိုင်)” အဲလို ပေါက်ပေါက်ရှာရှာမှတ်လိုက်တာပါ။


သူ့ရဲ့ အမည်အပြည့်အစုံက http://www.ornagai.com/ ပါ။
သူ့အကြောင်းကို စသိခဲ့တာက ကိုမောင်လှ ဆီကပါ။
သူ့အကြောင်းကို ပိုသိသွားတာက ကိုဒီဘီအေ ဆီမှာပါ။


သူ့ဆီသွားလိုက်လို့ရှိရင် အင်္ဂလိပ်လိုရိုက်ပြီး မြန်မာလို အဓိပ္ပါယ်ရှာနိုင်တဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓါန်” မြန်မာလိုရိုက်ပြီး အင်္ဂလိပ်စာလုံးကို ရှာနိုင်တဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓါန်” ကို အလွယ်တကူသုံးလို့ရပါတယ် ။

ဘာ Software မှ Download ဆွဲစရာမလိုဘဲနဲ့ Internet ချိတ်ထားပြီး ဇော်ဂျီ font ရှိတဲ့ ကွန်ပြူတာတိုင်းမှာ သူ့ website ကို ဖွင့်လိုက်ရုံနဲ့တင် သုံးလို့ရတယ်။ စာလုံးတစ်လုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပါယ်ချင်း ဆက်စပ်တဲ့ စာလုံးတွေကိုပါ တဆက်တည်း ဖော်ပြပေးပါတယ်။



ဒါ့အပြင် ကိုယ် ရိုက်ရှာကြည့်တဲ့ စကားလုံး မရှိသေးဘူးဆိုရင်လည်း နောင်လာနောက်သားများအတွက် အဆင်ပြေအောင် စေတနာထား၍ ထည့်သွင်းပေးသွားလို့လဲ ရပါတယ်။ အနီးနားက အဘိဓါန်စာအုပ် တစ်အုပ်အုပ်ထဲက ရှာဖွေပြီးတော့ ထပ်ပေါင်းထည့်ပေးဖို့ပါ။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ စာလုံးရေတွေ များများလာပြီး လူတိုင်းအတွက် ပိုမိုအသုံးဝင်လာမှာဖြစ်ပါတယ်။


ကိုယ့်ရဲ့ Mobile handset လေးတွေထဲလည်း ထည့်သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် handset တိုင်းတော့ မရပါဘူး။ http://www.ornagai.com/site/mobile ကို သွားရင်တော့ handset ထဲ ထည့်တဲ့အကြောင်းနဲ့ ဘယ် handset တွေမှာ သုံးလို့ရတယ် ဆိုတာလေးတွေပါ မြင်ရမှာပါ။


အဲဒီမှာ Download ဆွဲထားတဲ့ file ကို ပြန်ဖြည်ပြီး ကိုယ့်ရဲ့ handset ထဲကို ကူးထည့်လိုက်ပါ။ ကျွန်တော်ကတော့ application အောက်မှာ အဲဒီ file ကို သိမ်းလိုက်ပါတယ်။ ကူးပြီးပြီဆိုရင် အဲဒီကို သွားလိုက်ပြီး install ကို နှိပ်လိုက်ရင် သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ next next တောင် လုပ်နေဖို့ မလိုပါဘူး။

ပြီးပြီဆိုရင်တော့ start နှိပ်ပြီး တန်းသုံးလို့ရပါပြီ။ ဒါက သုံးလို့ရတဲ့ handset တွေမှာ ပြောတာပါ။ ကျွန်တော့် handset လေးကတော့ ကံကောင်းထောက်မစွာနဲ့ အဆင်ပြေသွားပါတယ်။တော်တော်များများမှာလဲအဆင်ပြေနိုင်ပါတယ်.


“သြော် နဂါးအိုင်” ရေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ဒီpostကိုshareလုပ်ခွင့်ပေးတဲ့ တောင်ငူသား ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်...



0 comments: