Tuesday, February 09, 2010

ကျွန်တော်တို့  internet သုံးတဲ့ အခါ တခါတလေ မှတ်စရာပြုစရာ ကြုံရမှာပါ ။
ဘောပင်တွေ စာအုပ်တွေလဲ မဆောင်ထားချင်ဘူး ဆိုရင် ဒီနည်းလေးကို သုံးပြီး
Gmail ထဲမှာ မှတ်စုစာအုပ်လေး တစ်အုပ် ထည့်ထားလိုက်ပေါ့ .....


1 . Gamil ထဲကို ၀င်ပါ ..

2. ပုံမှာပြထားသလို Box ပွင့် လာရင် Setiing ကို click ပါ .... Label ကို click ပါ ....


3. Label ရဲ့ အောက်ဆုံးအကွက်မှာ
မှတ်စုစာအုပ်လို့ ရေးပြီး Create ဆိုတဲ့ ခလုပ်လေး ကို နိုပ်လိုက်ပါ 


4. ဒါဆို အခုလို မှတ်စု စာအုပ်ဆိုတဲ့  label တစ်ခုတိုးလာမှာ ဖြစ်သလို
ဘေးဘက်တန်းမှာလဲ မှတ်စုစာအုပ် ဆိုတဲ့  label တစ်ခု တိုးနေပါပြီ ....


5. အခု ကျွန်တော်တီု့ ရေးချင်တဲ့  Note တွေ ၊ မှတ်စုတွေ ၊ သိမ်းထားချင်တဲ့ အချက်အလက်တွေ ၊
ဖုန်းနံပါတ်တွေကို မှတ်ထားနိုင်ပါပြီ ...
နမူနာ ကျွန်တော် ဖုန်းနံပါတ်လေး နှစ်ခု မှတ်စုထဲမှာ ရေးထားချင်ပါတယ်
Compose mail ကို နိုပ်ပြီး မှတ်ချင်တဲ့ ဖုန်းနံပါတ်ကို ရေးပါတယ်
ခေါင်းစဉ်ကို ဖုံးနံပါတ်လို့ ပေးလိုက်ပါတယ်...
ပို့ မယ့် လူ လိပ်စာကတော့ မိမိ Gmail ဆီ ပဲ ပြန်ပို့ ပါ ...







6. စာပို့ပြီးသွားရင် အခုလို Inbox ထဲမှာ me ဆိုတဲ့ နာမည်လေးနဲ့  Mail ၀င်လာပါလိမ့်မယ်


7. အဲဒီ mail ရှေ့ မှာ အမှန်လေးခြစ်လိုက်ပါ 


8 . ပြီးရင် အခုလို More Action ထဲက ခုန အသစ်ခုပ်လိုက်တဲ့  မှတ်စုစာအုပ်ဆိုတဲ့ 
Label လေးကို ရွေးပေးပါ ....


9. နောက်ဆုံးမှာတော့ အခုလို မှတ်စုစာအုပ်အောက်မှာ ခုနက phone no ရောက်နေမှာဖြစ်ပါတယ်




 ရွှင်လန်းချမ်းမြေ့ကြပါစေ :)

0 comments: