Sunday, May 16, 2010

ဈေးအသက်သာဆုံး
 
NewYork မြို့တော်ဘဏ်ထဲကိုလူတစ်ယောက်လာပြီးဒေါ်လာ ၂၀၀၀ကို သုံးပတ်လောက်ချေးယူချင်တယ်လို့ပြောတယ် ငွေချေးအရာရှိက ဘာအာမခံရှိလဲမေးတယ်

""ကျနော့မှာ ရိုးလ်ရွိုက် ကားရှိပါတယ်၊ချေးငွေမဆပ်မချင်း သိမ်းယူထားပါ၊ ဟောဒီမှာကားသော့"" လို့သူကပြောတယ်။
သုံးပတ်လောက်အကြာမှာတော့ အဲဒီလူ ဘဏ်ကိုပြန်လာပီး ချေးငွေဒေါ်လာ ၂၀၀၀နဲ့ အတိုးငွေ ၁၀ ဒေါ်လာဆပ်ပီး သူ့ရဲ့ ရိုးလ်ရွိုက် ကားကိုပြန်ယူတယ်
ချေးငွေအရာရှိက "ရိုးလ်ရွိုက် ကားစီးနိုင်တယ့်လူက ဘာလို့ ဒေါ်လာ ၂၀၀၀ချီးရတာလဲဆိုတာ မေးလို့ရမလားဆရာ" လို့ဆိုတယ်
""ကျနော် ဥရောပကို သုံးပတ်ကြာသွားရတယ်ဗျ၊ ဘယ်နေရာမှာ ငွေ ၁၀ ဒေါ်လာလောက်နဲ့ ဒီကားမျိုးကို သိမ်းပေးထားမှာလဲဗျ လို့သူကပြန်ဖြေတယ်""


**************************************************

မှတ်မိပါတယ်

ဒေါသတကြီးနဲ့ အမျိုးသမီးတစ်ယောက်သည် တရားရုံးတော်သို. ရောက်လာပြီး
သူ.ယောက်ျားနှင့် ကွာရှင်းခွင့်တောင်းသည် ။
" ကျမ ယောက်ျားဟာ မြင်းလောင်းတာကလွဲလို. တခြားဘာမှ မလုပ်ဘူး ၊
တစ်ချိန်လုံးလိုလို မြင်းလောင်းဖို.ပဲ စဉ်းစားနေတယ် ။ သူ.ခေါင်းထဲမှာလဲ မြင်းလောင်းဖို.ကလွဲလို.
တခြားဘာမှ မရှိဘူး ၊ ကျမတို. လက်ထက်တဲ့ရက်ကို သူ.ကို မေးကြည့်ပါလား ၊ မှတ်မိလားလို. "

" သူ အလကားလျောက်ပြောနေတာပါ တရားသူကြီးမင်း ခင်ဗျာ ၊ သူ နဲ့ ကျနော်
လက်ထက်တဲ့နေ.ကို ကျနော် မှတ်မိပါတယ် ၊ အဲဒီနေ.က ကင်ဘတ်ကီးမြင်းပွဲ မှာ
တွမ်တီးဂရင်း ဆိုတဲ့ မြင်း နိုင်တဲ့ နေ.ပါ ခင်ဗျာ ။"

**************************************************

မှတ်ဥာဏ်သင်တန်း တက်ထားလို

သူငယ်ချင်းများ ဖြစ်ကြသော ဇနီးမောင်နှံစုံတွဲ နှစ်တွဲတို.သည်
အားလက်ရက်များတွင် ဖဲကစားလေ့ရှိကြသည် ။ တစ်နေ.တွင် ထိုသို. ဖဲကစားနေရာမှ ခေတ္တခဏ
နားကြသည် ။ ထိုအချိန်တွင် ဇနီးဖြစ်သူတို.က မီးဖိုခန်းထဲသွားကြပြီး စားစရာ သောက်စရာများ
သွားပြီးပြင်ဆင်လုပ်ကိုင်နေကြသည် ။ ထိုအခါ သူငယ်ချင်းဖြစ်သူ ဂျိုး က ဖရန်.ကို မေးသည် ။

" နေစမ်းပါဦး ကွ ၊ ခါတိုင်း ဖဲကစားရင် မင်းက ဘယ်ဖဲတွေ ပစ်ထားတယ်ဆိုတာ
မင်းအမြဲတမ်းမေးနေရတယ်၊ ဒီနေ.တော့ မင်း တစ်ခါမှ မမေးပါလား ၊ ဘယ်လို ဖြစ်တာလဲ ။"

" ငါလား ၊ မှတ်ဥာဏ်သင်တန်း တက်နေတယ်လေကွာ "

" ဟုတ်လား ၊ မင်း သင်တန်းကျောင်းနာမည်က ဘာလဲကွ "

" နေပါဦးကွာ ၊ ဟိုပန်းဟာလေ ၊ ပန်း အနီလေကွာ ၊ ဘာပန်း ခေါ်လဲ ၊ နေစမ်းပါဦး ၊
ဆူးတွေလဲပါတယ်လေ "

" ရို.စ် လား "

" အေး အေး ၊ ဟုတ်တယ် ၊ ရို.စ် ၊ ဟေးးးး ရို.စ် "
မီးဖိုခန်းထဲရှိ ဇနီးကို လှမ်းခေါ်ပြီး မေးလိုက်သည် ။

" ငါတက်နေတဲ့ မှတ်ဥာဏ်သင်တန်းကျောင်း နာမည်က ဘာတဲ့လဲကွ "


**************************************************

ဘယ်သူ. ဘက်ကလဲ

လူတစ်ယောက်သည် သူဧ။် အမဲလိုက် အတွေ.အကြုံကို ပြန်ပြောပြလျက်ရှိသည် ။

" အဲဒီလိုနဲ့ သေနတ်နဲ့ ပစ်လိုက်တာလွဲသွားရော ၊ ကျားက ငါ့ကို ခုန်အုပ်လိုက်တာပေါ့ ၊
ငါကလဲ ဘယ်ရမလဲ ၊ နီးရာ သစ်ပင်ကြီးတစ်ပငပေါ်ကို ပြေးတက်တာကွ "

" ဒါဆို ကျား ကရော "

" ကျား လဲ သစ်ပင်ပေါ် လိုက်တက်လာတော့ ငါလဲ အပေါ်က သစ်ကိုင်းပေါ် ခိုတက်ရတယ်လေ "

" ဒါနဲ့ ကျား က ဘာဖြစ်သွားလဲ "

" ဒီကောင်က ငါ့နောက်ကို လိုက်တုန်းပဲ ၊ ဒါနဲ့ ဒီကောင် သစ်ပင်ရဲ့ အလယ်လောက်ရောက်ေ၇ာ
ငါလဲ သစ်ပင်ထိပ်ရောက်နေတာပေါ့ ၊"

" ဒီတော့ ကျားက ၊ အဲဒီ ကျား ဘာဖြစ်သွားသေးလဲ "

" ဒီမှာ ဟေ့ရောင် ၊ မင်း က ကျားဘက်ကလား ၊ ငါ့ဘက်ကလားကွ ၊ ဟေ ..."


**************************************************

အပြစ်ကင်းသူ
 
အလုပ်လျှောက်ထားသူတစ်ယောက်လျှောက်လွှာပုံစံဖြည့်နေတယ်

သင်အဖမ်းဆီးခံရဖူးပါသလားဆိုတယ့်မေးခွန်းကို မခံရဘူး လို့သူဖြည့်လိုက်တယ်
ရှေ့ကမေးခွန်းရဲ့အဖြေကိုအတည်ပြုနိုင်ဖို့မေးတယ့်နောက် မေးခွန်းက ""ဘာကြောင့်လဲ"" ဖြစ်ပါတယ်
လျှောက်လွှာရှင်ရဲ့အဖြေကတော့ ""တစ်ခါဖမ်းမမိလို့ပါ"" တယ့် 


**************************************************


 Ref: အပတ်စဉ်ထုတ် Modern သတင်းဂျာနယ် နှင့် အင်တာနက်မှ ဟာသများကို စုစည်းတင်ပြလိုက်ပါတယ်

0 comments: