ကျနော် စင်ကာပူမှာ ၁ နှစ်ခွဲလောက် diploma တတ်ခဲ့ပါတယ်၊ degree အတန်း intake က ၁နှစ်လောက်စောင့်ရ မယ်ဆိုတော့ ရန်ကုန်မှာ သင်တန်းတွေလျှောက်တတ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ အားနေတော့ လူတောသူတောထဲတိုးရဲအောင်ဆိုပီး Talents and models မှာ သင်တန်းတတ်ဖြစ်ခဲ့တယ် အဲဒီမှာ ရောဂါကစတော့တာပဲ၊ အနုပညာလုပ်ငန်းကိုစိတ်ဝင်စားမှန်းကိုယ့်ကိုကို သိလာခဲ့တယ်၊ ကင်မရာရှေ့မှာ pose ပေးရတာကို နှစ်သက်လာတယ်။ နောက်ပီး Journal တွေမှာ ကျနော့ပုံတွေပါလာတော့ အရမ်းပျော်တာပေါ့။ ပွဲအနေနဲ့ 28/1/2010 နေ့လေးက ကျနော့အတွက် talents and models agency (မတင်မိုးလွင်) နဲ့ ပထမဦးဆုံးလက်တွဲလုပ်တယ့်ပွဲလေးပါ Miss Gaffarine 2010 ရွေးချယ်ပွဲနဲ့အတူ Gaffarine cosmetic products အတွက် promotion ပွဲလေးကို Western Park Royal မှာ ပြုလုပ်ခဲ့ပါတယ် ကျနော့အတွက် အမှတ်တရပွဲတစ်ခုလို့ဆိုနိုင်ပါတယ်။ ပထမဦးဆုံးပွဲဆိုတော့ ရင်ခုံရတာပေါ့။ ပထမဦးဆုံး စင်ပေါ်တတ်ရတယ့် ခံစားမှုကို မပြောပြတတ်လောက်အောင်ပဲ ပျော်ပါတယ်၊ စိုးလည်းစိုးရိမ်မိတယ်၊ ကိုယ်မှလုပ်နိုင်ပမလားလို့၊ အောင်အောင်မြင်မြင်နဲ့ပဲပြီးဆုံးသွားပါတယ် အခု march လထဲမှာ ပွဲတွေဆက်တိုက်လျှောက်ရ မှာပါ၊ အကတွေလည်းပါတယ်ဆိုတော့ ကြိုးစားပီးလေ့ကျင့်နေပါကြောင်း ပြောကြားရင်း ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ် ခင်ဗျာ
Monday, March 01, 2010
Subscribe to:
Post Comments (Atom)
RSS Feed
Twitter
Monday, March 01, 2010
www.kohtet4you.co.cc
Posted in
1 comments:
Future celebrity ကြီးနဲ့ အခုကတည်းက သိခွင့်ရတာ.. ဂုဏ်ယူပါတယ်.. ဟီး.. ကိုထက်ကွ... ကိုယ်နှစ်သက်ရာလုပ်နေရတဲ့အတွက် ၀မ်းသာပါတယ်ရှင်.. :)
Post a Comment