Tuesday, March 02, 2010

ဒီနေ့ Traders Hotel မှာ Follow Me Promotion  show လျှောက်ရပါတယ်။ မန်းတောင်ရိပ်ခို သီချင်းလည်းဆိုရတယ်။ ပျော်ဖို့ကောင်းပါတယ် သူငယ်ချင်းတွေလည်းအများကြီးရခဲ့တယ် နာမည်ကြီး model သရုပ်ဆောင် နေခြည်လင်းလဲ့ကို လည်း ပွဲမှာတွေ့ခဲ့သေးတယ် အင်းသူကအရမ်းအလှကြီးတော့မဟုတ်ပါဘူး ပြောရရင်ကျနော်တို့အခုပွဲမှာပါတယ့် model တွေလောက်မလှဘူးလို့ကျနော်ထင်တယ်။ နာမည်ကြီးဆိုတော့လည်း Media က သူ့ကို အရေးတစ်ယူလုပ်ကြတာပေါ့။  ပွဲအပီးသူနဲ့ စက်လှေကားနားမှာတွေ့လိုက်သေးတယ် သူလှည့်ကြည့်ပေမယ့်ကျနော်ကတော့ ခပ်တည်တည်ပဲနေလိုက်တယ် အဟီး။အဲလောက်မာနကြီးတာနော်။ စတာပါ။ ပွဲလေးကပျော်ဖို့ကောင်းပေမယ့် Follow Me ကကျနော်တို့ကိုဘာမှမကျွေးတာကတော့ ဝမ်းနည်းစရပါ.... :(

0 comments: