
မနက်စောစော ရောက်လို့လာ
မြို့ နယ် စမ်းချောင်းမှာ
ဆူညံစွာ အော်ကာမေး
ပဲပြုတ်သည်မလေး ။
ရုတ်ရုတ်သဲသဲ လမ်းလေးဟာ
"ဖျာပုံ" လမ်းလေးပါ
ပွဲစားတွေ စုံပါပေ့
"လေးညှို့ ရှင်" ဆိုင်လေး ။
၁၁/၆ လွှာမှာ
တို့ ကျောင်းသားလေး နေထိုင်ရာ
မနက်စောစော ဆင်းကာပြေး
တို့ ကျောင်းကား ကလေး ။
ကျောင်းက အပြန်ရေချိုးကာ
ဝိုင်းမှာ ဆုံဖို့  ပါ
ဝေးလွန်းလှတဲ့ ဝိုင်းကလေး
၁၉ထစ် လှေကားဆင်းကာပြေး။
မြို့ နယ် စမ်းချောင်းမှာ
ဆူညံစွာ အော်ကာမေး
ပဲပြုတ်သည်မလေး ။
ရုတ်ရုတ်သဲသဲ လမ်းလေးဟာ
"ဖျာပုံ" လမ်းလေးပါ
ပွဲစားတွေ စုံပါပေ့
"လေးညှို့ ရှင်" ဆိုင်လေး ။
၁၁/၆ လွှာမှာ
တို့ ကျောင်းသားလေး နေထိုင်ရာ
မနက်စောစော ဆင်းကာပြေး
တို့ ကျောင်းကား ကလေး ။
ကျောင်းက အပြန်ရေချိုးကာ
ဝိုင်းမှာ ဆုံဖို့  ပါ
ဝေးလွန်းလှတဲ့ ဝိုင်းကလေး
၁၉ထစ် လှေကားဆင်းကာပြေး။

This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.
0 comments:
Post a Comment