Sunday, December 21, 2008



လူ့ လော က ကြီး က အရမ်း ဆန်းကျယ် လွန်းလှ ပါတယ်။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရလို့ ပူပန် နေရတာ တွေ မဖြစ်ချင်ပေမယ့်လဲ ဖြစ်နေကြရတာတွေ နဲ့ ပြည့်နှက်နေပါတယ်။ ကိုကို တိုင်ဒီလိုမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားတာတွေလဲ ရှိပါသေးတယ။်
ဒီအကြောင်းအရာလေးက ကျနော့သူငယ်ချင်းတစ် ရောက်အကြောင်းကိုရေးထားတာပါ တကဲ့အဖြစ်ပျက်လေးပါ။
STATE ကျောင်းမှာ တုန်းကပေါ့ ကျနော်နဲ့ အဓိကတွဲဖြစ်တဲ့ သူငယ်ချင်း ၄ ရောက်ရှိပါတယ်။ ပထမဦးဆုန်း သူတို့ အကြောင်းတွေကိုနဲနဲလောက်ပြောပြချင်ပါတယ။်

no ၁ အနေနဲ့ အောင်ဟိန်းဦး ပေါ့ သူ့အကြောင်းလေးကပြောပြရရင် ရယ်တော့ ရယ်ရသား သူကအားလုန်းထဲမှာ ရုပ်အဖျောင့်စုံး စော်အကြည်စုန်းပေါ။့
ရှေ့ တမျိုး နောက်တမျိုး ပြောတတ်တယ်။ မိန်းကလေးတွေကသူ့ကိုမိန်းမပါးစပ် လို့ တောင်ခေါ်ကြတယ။် မနာလိုဝန်တိုစိတ်ကလဲတော်တော်ကြီးပ။ ကျနောအခုထိမှတ်မိသေးတယ် ။
ကျနော်အဲ့နေ့  က giordano T-shirt အသစ်နဲ့ ကျူရှင်မှာ သူ့ကိုတွေ့  တော့ သူအဒီ T-shirt လေးကိုတော်တော် သဘောကျသွားပါတယ် ။ ဘယ်ကဝယ်တာလဲ ဘယ်လောက်ပေးရလဲ ကျနော့ကိုမေးတာပေါ့
နောက်သိပ်မကြာပါဘူး ကျနော့ အင်းကျည် ကို ball pen နဲ့  ခြစ်တော့ တာပဲ ။ ကဲဒါကိုပဲကြည့်တော့ အဟီးသူဒီblog ကိုဖတ်ရင် ကျနော့ကို တော်တော်လေးဒေါကန်နေမှာပဲ။

no 2 အနေ နဲ့ ခန့်မြတ်နိုင် ဆိုတဲ့ သူငယ်ချင်းပါ သူကအေးအေးဆေးဆေးသမား စကားလဲသိပ်မပြောဘူး ကျနော့လိုပဲပေါ့ ဟဲဟဲ သူ့ကို ကိုခန့် လို့ပဲ ခေါ်ကျတယ်။
သူနဲ့ ကျနော်နဲ့  ကျောင်းမှာစားနေကျရှိတယ် ချောကလက် သကြားလုံးရယ် အာလူးကြော် ready made ရယ် ပေါ့ နေ့ တိုင်းလိုလိုစားဖြစ်ပါတယ်။


No 3 အနေနဲ့ ဉာဏ်မင်းထက် ဆိုတဲ့ ကိုထက်ပါပဲ။ အဟမ်း ကျနော့ အကြောင်း ပြောရရင် ကျနော်က အတော်ရှက်တတ်တယ။် မိန်းကလေးတွေကိုလဲ သေချာစိုက်မကြည့်ရဲဘူး။
ဘယ်လောက်ချောချော မျက်စိ ထောင့်ကပ်ပီးတော့ ပဲ ကြည့် တယ် ဘယ်တော့မှသေချာမကြည့်ရဲ ဘူး မုန့် စားကျောင်းဆင်းလို့  အိမ်သာသွားရင် လမ်းမှာကျနော့ကို မိန်းကလေး တစ်စု က အရုပ် အရုပ် ဆိုပီး ကျနော့ကို စကြပါတယ်
ကျနော့မှာရှက်ရှက် နဲ့ ကျောင်းခမ်း ထဲကို မြန်မြန်ဝင်ရပါတယ်။ ပြန်တွေးကြည့်ရင် အတော်ရယ်ဖို့  ကောင်းပါတယ်။ ဟီဟီ

no 4 အနေနဲ့ ရဲမြတ်နိုးရွှေ ဆိုတဲ့ သူငယ်ချင်း အကြောင်းပါ သူက guitar တီးအတော် ကောင်းပါတယ် Big Bag, IC သိချင်းတော်တော် များများ ကိုတီးတတ်ပါတယ်။
ကျနော့ ကိုလဲ guitar တီး သင်ပေးပါတယ် guitar သွားဝယ်တုန်းကသူကိုတိုင် လိုက်ဝယ်ပေးတယ် ဒီလိုဗျ ကျောင်းမှာ ကျနော်ရယ် သူငယ်ချင်း ခန့်မြတ်နိုင်ရယ် ကျောင်းမှာစားနေကျချောကလက် သကြားလုံးရယ် အာလူးကြော် ready made ရယ် စားတာတွေ့  တိုင်းသူ ပြောနေကျ စကား ၁ ခွန်း ရှိတယ် မင်းတို့ တွေ ဒါတွေ ကျပ်ကျပ်စား မိန်းမ မရခင် သေလမ့် မယ် တဲ။့

ဒီလိုနဲ့10 တန်းအောင် လာပါတယ်။ သူငယ်ချင်းတွေလဲ အမြဲ မတွေ့  ဖြစ်ကျတော့ပါဘူး တစ်နေ့  မမျှော်လင့်ပဲ သတင်းတခု ကြားရပါတယ်။
မင်းတို့ တွေ ဒါတွေ ကျပ်ကျပ်စား မိန်းမ မရခင် သေလမ့် မယ် လို့ ကျနော် တို့  ကို အမြဲပြောတဲ့ သူငယ်ချင်း သွေးကင်ဆာ ဖြစ်နေတယ်တဲ့။
သဖုမ်း မှာအနာပေါက်လို့ ဆေးစစ်ကြည့် တော့ သွေးကင်ဆာ မှန်းသိရတယ် ကျနော် အလွန်စိတ်မကောင်း ဖြစ် သွားမိသည် သွေးကင်ဆာ ဆိုတာ korean movie တွေမှာသာ ကြားဖူး ဖြစ်ဖူး အသိများကျပါတယ်
အခုတော့ ကျနော့သူငယ်ချင်းကို တိုင်................။
သူ့မိဘ တွေက အလွန်ချမ်းသာပါသည်။ သိသိချင်းပဲ singapore မှာကု ခိုင်းပါတယ်။ ၄ ၅ ၆ လ singapore မှာကုပီး ကောင်းလုနီးပါး ဖြစ်လို့ ရန်ကုန် ကို ခန ပြန်ရင်း ရန်ကုန်မှာပဲ ဆုံး သွားရှာပါတယ်
""မင်းတို့ တွေ ဒါတွေ ကျပ်ကျပ်စား မိန်းမ မရခင် သေလမ့် မယ် "" လို့သူကိုတိုင်ပြောပီး ဒီစကား လေးက .................။

သူငယ်ချင်း အားထာဝရ .လွမ်းဆွတ်သတိရလျက်.................


Creative Commons License
This work by KO HTET is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License.

0 comments: