စင်ကာပူလာတဲ့အကြောင်းအရင်းလေးကိုပြောပြပေးပါလား?
အဲ့တာတော့ဟို Diploma ရလို့ရှိရင် အလုပ်လေးဘာလေးရမယ်ထင်လို့ပေါ့ကွာ
အဲ့တော့အလုပ်ကလေးဘာလေးရမလာဘာညာပေါ့ အဓိက နိုင်ငံခြားကိုသူများတွေ
လည်းသွားနေတယ်ဆိုတော့ သွားချင်တယ်။
အမှန်အတိုင်းပြောရင်အိမ်ကလည်းလွတ်တော့လွတ်ချင်တယ်ကွာ ဘယ်နိုင်ငံသွားရမှန်းလဲမသိဘူး
ကျနော်ကစစချင်း..(plz click read more)
= ဆက်လက်ဖတ်ရှူရန် ...
မြန်မာနိုင်ငံမှာ ဂျပန်ဘာသာနဲ့ ဘွဲ့ရခဲ့တယ် အဲ့တော့အစမှာဂျပန်ကိုသွားဖို့ လုပ်တယ်။ ဒါနဲ့စဉ်းစားတာပေါ့
ဂျပန်ကိုသွားဖို့ကျနော်စုံစမ်းတယ် ကျနော်ပခုက္ကူကလာတာ (အညာသားလူရိုးလေးပါ-ဟီဟီ ဘာမှလည်းဆိုင်ဘူးနော်)
အဲ့ဒီတော့် ကျနော်ရန်ကုန်ကိုတက်ပြီးစုံစမ်းတယ် ဂျပန်ပဲသွားရမလား။ စင်ကာပူပဲသွားရမလားပေါ့
အဲ့နှစ်ခုယှဉ်ပြီးစဉ်းစားကြည့်တယ်။ ဂျပန်နိုင်ငံသွားဖို့က အနည်းဆုံး ဂျပန်စာ Level - 3 အောင်လက်မှတ်ရှိရမယ်တဲ့
ကျနော်တစ်နှစ်လောက်ထပ်ပြီးတော့ try ရမှာ။ ဂျပန်သံရုံးစာမေးပွဲက တစ်နှစ်မှာတစ်ခါ ပဲဖြေရတာကိုး
အဲ့တာကို မဖြေချင်ဘူး မဖြေချင်လို့ ကျတော်တစ်နှစ်မစောင့်ချင်တော့လို့ စင်ကာပူကိုရွေးရတာ။
ပြီးတော့စင်ကာပူမှာလည်းနဲနဲ Diploma တို့ဘာတို့ရရင် အလုပ်လျှောက်ရင် နည်းနည်းလွယ်တဲ့နိုင်ငံမျိုးဖြစ်နိုင်တာပေါ့လေ
အဲ့တာကိုလည်းစဉ်းစားတာပေါ့။ ပြီးတော့ English ကလည်းအရင် ဂျပန်စာ ထက်စာရင်တော့
လေ့လာလို့အဆင်ပြေမလားဆိုပြီးတော့ စင်ကာပူကိုလာခဲ့တယ်လို့ပဲ ပြောပါတော့။ ကျနော်တတ်ချင်တယ့် business course
ကိုစုံစမ်းကြည့်တော့ ၁၀တန်းအမှတ် ပျမ်းမျှ ၇၀နဲ့ english စာပဲလိုတယ် ဆိုတော့ စင်ကာပူကိုရောက်လာခဲ့တာလည်းပါတာပေါ့။
ပြီးတော့တိုးတက်တဲ့နိုင်ငံကိုသွားးကြည့်ဦးမယ် နိုင်ငံခြားကိုကောင်းလှပြီပေါ့
ကျန်တဲ့ရည်ရွယ်ချက်ကတော့ ကြီးကြီးမားမားကြီး မရှိပါဘူး (ရည်ရွယ်ချက်ကြီးတယ်နော် ဟဲဟဲ)
အခုတစ်ကယ်ရောက်လာရော စင်ကာပူဆိုတာ ဘာကြီးလဲဆိုတာလက်တွေ့သိလိုက်ရတယ်
စင်ကာပူ ရောက်ခါစက နည်းနည်းတစ်မျိုးတော့ဖြစ်တာပေါ့။
ပြီးတော့ရေသောက်ရတာနဲနဲအခက်အခဲရှိတယ် ဒီမှာကရေဈေးကလည်းကြီးတယ်ပြီးတော့
တော်တော်များများကလည်းဘုံဘိုင်ရေပဲသောက်တယ် ။လီကွမ်ယု လည်းပိုက်ကလာတဲ့ရေပဲသောက်တယ်ဆိုတော့ ကျတော်လည်းသူများသောက်သလိုလိုက်သောက်တယ် အစကတော့ အဆင်မပြေဘူး နောက်တော့ကျင့်သားရသွားတယ်။
ဒီမှာမိဘအုပ်ထိန်မှုအောက်မှာမနေရတော့ ပိုပြီးလွတ်လပ်တယ်လို့ခံစားရတယ် လွပ်လပ်မှုကတော့ဒီလောက်ကြီးတော့ မကွာပါဘူး
မြန်မာနိုင်ငံမှာနေတုန်းကလည်း မိဘက အဲ့လောက်ကြီးမတင်းကျပ်ပါဘူး ဒီမှာမြန်မာပြည်ထက်စာရင်နဲနဲတော့လွတ်လပ်တာပေါ့
အဲ့လောက်ကြီးမသိသာဘူး ဘာကိုအဓိက သိသာလဲဆိုတော့ အဓိက က facilityေ ပ့ါလေ
အဓိကကတော့မြန်မာပြည်မှာလိုသွားရေးလာရေး မခက်ခဲဘူး၊ အဆင်ပြေတယ်။
public transportation system ကလည်းအရမ်းကောင်းတယ်။ ယာဉ် ရထား ကား အားလုံးအဆင်ပြေတယ်
Bus ကား ကလည်းမြန်မာပြည်မှာလိုမဟုတ်ဘူး။ Air Con ဘာညာအမှန်အကန် ရထားကလည်း စိတ်ချရတယ်
ပြီးတော့ကျနော်စာသင်ရတာ အရမ်းအဆင်ပြေတယ် ။ကျောင်းလခလည်းဈေးကြီးကြီးပေးရတယ်
ကောင်းလည်းကောင်းတယ်။ စိတ်လည်းစိတ်ချမ်းသာတယ်။ ပိုက်ဆံလည်းကုန်တာပေါ့။
အဲ့တာကတော့လူတိုင်းကုန်မှာပေါ့။ ပြီးတော့ကျတော် ဒီမှာကျတော့လုံးဝဖုန်မရှိတာသဘောကျတယ်
ခြင်တွေယင်ကောင်တွေမရှိတာသဘောကျတယ်။
နောက်ဆုံးအနေနယ့် ကျနော်တစ်ခု အကြံပေးချင်တာက မြန်မာပြည်ကကျောင်းသားတွေအတွက်တစ်ခုလောက်ပြောချင်ပါတယ်။ အဓိက ကတော့ ၁၀တန်းဖြေကတည်းကပေါ့လေ ရည်ရွယ်ချက်တစ်ခုထားပြီဖြေစေချင်တယ် ဒါကျတော့ဆန္ဒပေါ့လေ။ ကိုယ်က ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ကိုယ့်ဟာကိုမေး ကိုယ့်ကိုကိုယ်စဉ်းစားအရင်ဆုံး။ သူများကိုမမေးနဲ့ မိဘကိုတောင်မမေးနဲ့ မိဘဆိုတာကတော့ကိုယ့်ရဲ့အုပ်ထိန်းသူပေါ့လေ။ ဒါပေမယ့် ကိုယ်ဘာဖြစ်ချင်လဲဆိုတာကိုအရင်စဉ်းစားပေါ့လေ ကိုယ်ဘာလုပ်ချင်မှန်း တစ်ခါတစ်လေ မသိတာမျိုးတော့ဖြစ်တတ်တယ် အဓိက အရင်ဆုံးတော့ကိုယ့်ဟာကိုစဥ်းစားပေါ့
ကိုယ်ဘာလုပ်ချင်လဲဆိုတာ စဉ်းစားပြီးပြီလား ဆုံးဖြတ်ပြီးပြီလား၊ ရည်မှန်းချက်လေးတစ်ခု target လေးတစ်ခုထားပြီးတော့ ငါဒါဖြစ်အောင်လုပ်မယ် အယ် တစ်ကယ်လို့ဒါမဖြစ်ခဲ့ရင် ငါနောက်တစ်မျိုးကောင်းအောင် ဘာတွေဘယ်လိုမျိုးလုပ်မလဲ အဲ့တာမျိုးပေါ့။ ပြီးတော့မြန်မာပြည်ကတော့ ၁၀ တန်းအောင်ပြီးလို့ ရှိရင် ဒါ ကျောင်းပြီးပြီလို့ပြောကြတာပဲ တက္ကသိုလ်တွေဘာတွေဆက်တက်မယ် ဆက်တတ်မယ်ဆိုပေမယ့် မြန်မာပြည်ကတက္ကသိုလ်တွေ က သိပ်မကောင်းဘူးလေ ဒါပေမယ့်တစ်ကယ်ပညာယူတတ်ရင် မြန်မာပြည်မှာလည်း ယူနိုင်တဲ့ပညာတွေအများကြီးပါ နောက်ပီး နိုင်ငံခြားမှာလည်း ဘယ်နေရာမှာမဆို အသုံးချနိုင်ပါတယ် ကိုယ့်နိုင်ငံမှာလည်းကိုယ်ပြန်အသုံးချလို့ရတယ် မြန်မာပြည်မှာ ပညာသင်စရိတ်နိုင်ငံခြားမှာကျောင်းသွားတက်ဖို့မတတ်နိုင်တဲ့သူတွေ ကိုယ့်နိုင်ငံမှာသင်ယူနိုင်စရာပညာတွေ အများကြီး ရှိပါတယ်။ မြန်မာပြည်က ကျောင်းပီးပီး ဒီမှာအလုပ်လုပ်ရင်း
PR Citizen ဖြစ်သွားတာနည်းဘူး လို့ ပြောရင်း........စိုးကြီး (ရင်တွင်းဖြစ်)
= ပြီးပါပြီ ...
RSS Feed
Twitter
Tuesday, September 08, 2009
www.kohtet4you.co.cc

Posted in
1 comments:
မြန်မာပြည်က တက္ကသိုလ်မကောင်းဘူးဆိုတော့
မီးတို့ ကို နှိမ်တာပေါ့လေ..ဟုတ်လား..ကိုစိုးကြီး..
ဝါးးးးးး..ဝါး.........နိုပီ..
Post a Comment