Friday, September 04, 2009

Ko Htet : နာမည်က ?
Angeli : Angeli လို့သူငယ်ချင်းတွေကခေါ်ပါတယ် :)

Ko Htet : Singapore လာရတယ့်အကြောင်းက?
Angeli : အဓိကအကြောင်းရင်းကတော့ ကျောင်းတတ်ဖို့ပါပဲ
နောက်ပီး Singapore က မြန်မာနဲ့လည်းနီးတော့ အခက်အခဲတစ်ခုခုကြုံတွေ့ခဲ့ရင်တောင် ကိုယ့်မိဘကအလွယ်တကူ အကူအညီပေးလို့ရတယ်လေ
ပြီးတော့ ဒီမှာ chinese လိုလည်းပြောလို့ရတယ်ဆိုတော့ သမီးအတွက်ပိုပီး အဆင်ပြေတယ်
Save ဖြစ်တာလည်း ပါပါတယ်

Ko Htet : ကျောင်းတတ်နေတာဆို တော့ဘယ်ကျောင်းမှာတတ်နေတာလဲ?
Angeli : SIM(Singapore Institute of Management) မှာတတ်နေပါတယ်(plz click read more)

Ko Htet : ဒီမှာ ကျောင်းတတ်ရတယ့် အတွေ့အကြုံကကော?
အစစအရာရာအဆင်ပြေလား? အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ခဲ့ရသေးလား?
Angeli : ဟုတ်ရှိပါတယ် နိုင်ငံမျိုးစုံက ကျောင်းသားတွေနဲ့ ဆက်ဆံရတော့ သီးခံပီးပေါင်းရတာပေါ့
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတယ့်စကားရှိတယ်လေ

Ko Htet : ကိုယ့်လူမျိုးနယ့်ကော ဘာတွေများကွာခြားချက်ရှိတယ်လို့ ထင်လဲ?
Angeli : မြန်မာလူမျိုးတွေက အရမ်းကူညီတတ်တယ် သီးခံတယ်
စိတ်ထဲကမကျေနပ်ရင်တောင် သူများ နစ်နာစေမယ့် စကားကို မပြောတတ်ကြဘူး
ဒီကလူတွေကတော့ ပွင့်ပွင့်လင်းလင်း ရှိကြတယ် စိတ်ထဲမထားဘူး :D

Ko Htet : ဒီမှာနေရတာပျော်လား? lifestyle ကကော?
Angeli : singapore မှာနေရတယ့် lifestyle ကတော့ အရမ်းပျင်းဖို့ကောင်းတယ်
တစ်ချိန်လုံး computer ရှေ့မှာပဲနေရတယ် :(

Ko Htet : နောက်ဆုံးအနေနယ့်တစ်ခုခုများပြောချင် အကြံပေးချင်တာရှိလား? :)
Angeli : ဟုတ် ,,အဓိကပြောချင်တာက singapore လာမယ်ဆို ကိုယ်လာရတယ့်ရည်ရွယ်ချက်ကဘာလဲ?
အဲဒီရည်ရွယ်ချက်ကိုဖြစ်မြောက်အောင်လုပ်သင့်တယ်
ဘာလို့လည်းဆိုတော့ တစ်ချို့က ဒီကိုလာပီး အရမ်းပျက်စီး သွားကျတယ်လေ
မိဘ တွေကတော့ မစားမသောက် နယ့် ပိုက်ဆံအကုန်ခံပီး ပို့ပေးနေရတာ
သူတို့ကတော့ သုံးလို့ကောင်း ပျော်လို့ကောင်းနေတာဆိုတော့ မိဘတွေက သနားဖို့ကောင်းတယ်
အနည်းဆုံး ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်သင့်တယ်လို့
ထင်ပါတယ် :)

Ko Htet : အခုလိုပြောပြပေးတယ့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်
................................................................................................
Ko Htet : နာမည်က ?
May : May Thandar Aung လို့ခေါ်ပါတယ်

Ko Htet : Singapore ရောက်တာကြာပီလား ?
May :၂၀၀၉ စက်တင်ဘာမှာ singapore ဆိုတာ ဘာကြီးလဲဆိုတာ လက်တွေ့သိလိုက်ရတယ်

Ko Htet : Singapore လာရတယ့်အကြောင်းကကော?
May : ကျောင်းတက်ဖို့နဲ့ အလုပ်လုပ်ဖို့ပါပဲ မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တာလည်း ပါပါတယ်
အခု Republic Poly မှာပညာ သင်ယူနေပါတယ်

Ko Htet : ဒီမှာ ကျောင်းတတ်ရတယ့် အတွေ့အကြုံကကော? ကောင်လေးချောချောလေးတွေနယ့်ကော အဆင်ပြေလား? အစစအရာရာအဆင်ပြေလား? အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ခဲ့ရသေးလား? ဟီဟီ :P
May : အရာရာတိုင်း သူ့ဟာနယ့်သူတော့ အခက်အခဲရှိကျပါတယ်။
အဓိက ကတော့ communication အပိုင်းမှာပေါ့ အမြဲတမ်း english လိုပဲပြောနေရတာဆိုတော့
ကိုယ့် language လောက်တော့အဆင်မပြေဘူးပေါ့
တစ်ခါတလေ ကိုယ့်ရင်ထဲက ခံစားချက်တွေကို သူ့ကို စကားလုံးလှလှပပလေးတွေ နဲ့ပြန်ပီးမပြောတတ်ဘူး
အဟီးနောက်တာပါ။

Ko Htet : တစ်ခြားနိုင်ငံတွေမှာ ကျောင်းမတတ်ပဲ singapore မှာတတ်ဖြစ်တယ့် အကြောင်းရင်းကကော?
May : အဟီး ချစ်ရတယ့်လူရှိတာကိုး (အမျိုးတွေကိုပြောတာနော်)းP
singapore မှာကျောင်းတတ်ရင်ပိုပီးအဆင်ပြေမယ်ထင်လို့ပါ
နောက်ပီး မိဘတွေကလည်း စိတ်ချလက်ချ ဖြစ်မယ်လေ မြန်မာနဲ့ singapore က အိမ်ဦးနဲ့ကြမ်းပြင်ဆိုတော့

Ko Htet : ဒီမှာနေရတာအဆင်ပြေလား?
May : ဒီက lifestyle နဲ့ familiar ဖြစ်လာပါပီ study မှာအဆင်ပြေပီး သူငယ်ချင်းတွေနဲ့ ပေါင်းသင်းရတာ အဆင်ပြေရင် ပျော်မှာ ကြိမ်းသေတယ်။ စစရောက်ခါစကတော့ ကိုယ့်ကိုကို confident မရှိဘူး

Ko Htet : စင်ကာပူမှာကျောင်းတတ်ချင်တယ့် မြန်မာ တွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲ?
May : chinese လိုရော english လိုပါ ပြောတတ်အောင်လုပ်ထားပါလို့ နောက်မို့ဆို ကိုယ့်ကိုအတင်းပြောရင် သိမှာဟုတ်ဖူးလေ ဟဲဟဲ
အဓိက က self study လုပ်တတ်ဖို့ရယ် confident ရှိဖို့ရယ်။ နောက်ပြီး ကိုယ့်ကိုကို ထိန်းထိန်းသိမ်းသိမ်းနေတတ်ရမယ် မိဘတွေက အဝေးမှာဆိုတော့ စိတ်ကိုအလိုမလိုက်ပဲ ပညာပဲသင်ပါလို့ :D

0 comments: