Monday, October 19, 2009

crack, patch, keygen တွေက ဘာအတွက်သုံးတာလဲဆိုတော့.... ရှင်းရှင်းပြောရရင် သူများ ရောင်းတဲ့ဟာကို အလကား ဖရီးသုံးလို့ ရအောင် လုပ်ထားတဲ့ နည်းတွေပါ။ crack, patch, keygen ကို ဘယ်လို အသုံးပြုရမည်ဆိုတာ မသိသေးတဲ့ သူငယ်ချင်းများအတွက် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

crack
ဆော့ဝဲလ်တစ်ခုမှာ crack လုပ်ဖို့ ဖိုင်လေးပါလာရင် ဘယ်လိုအသုံးချရမလဲဆိုတော့ ...

အဲဒီ crack folder (0r) file လေးများကို ကော်ပီကူးပြီး ၀င်းဒိုးထဲက သက်ဆိုင်ရာ ပရိုဂရမ်ဖိုင်မှာ သွားထည့်လိုက်ရုံပါပဲ။ အဲဒီအချိန်မှာ မူရင်းဖိုင်တွေအပေါ်မှာ replace လုပ်မလားလို့ များသောအားဖြင့် မေးတတ်ပါတယ်။ အဲဒီအချိန်မှာ Yes ဆိုပြီး click နှိပ်ပေးလိုက်တာနဲ့ crack လုပ်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။ သက်ဆိုင်ရာ ဆော့ဝဲလ်ကို full version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

crack file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်လိုက်ရင် crack ချိုးတဲ့ ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်။ ။ crack ချိုးတဲ့ အချိန်မှာ သက်ဆိုင်ရာ software ကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

patch
ဆိုတဲ့ဖိုင်လေး ဆော့ဝဲလ်တစ်ခုမှာ ပါတယ်ဆိုရင် အောက်ပါအတိုင်း အသုံးပြုရပါမည်။

သူက crack နဲ့ သိပ်မကွာပါဘူး။ patch ဖိုင်လေးကို ၀င်းဒိုးတင်ထားတဲ့ သက်ဆိုင်ရာ program file လေးထဲ ထည့်ပြီး double click နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် patch ဖိုင်ပွင့်လာပါလိမ့်မယ်။ အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

ဥပမာ- babylon dictionary ကို crack လုပ်ရမယ် ဆိုကြပါဆို့....

patch file ကို copy လုပ်ပြီး C:\Program Files\Babylon\Babylon-Pro ထဲမှာ paste လုပ်ပြီး double ကလစ်နှိပ် ဖွင့်လိုက်ပါ။ ပြီးရင် အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့ ပြီးဆုံးပြီ ဖြစ်ပါတယ်။

မှတ်ချက်- အချို့ patch ဖိုင်တွေက များသောအားဖြင့် vista နဲ့ window 7 တွေမှာ အလုပ်မလုပ်တတ်ကြပါဘူး။

Keygen
ဆိုတာပါရင် ဘယ်လိုအသုံးပြုရမလဲဆိုတော့......

များသောအားဖြင့် keygen ဆိုတဲ့ ဖိုင်လေးက လိုအပ်တဲ့ ဆော့ဝဲလ်စတင်ကတည်းက အသုံးပြုရတာ များပါတယ်။ application software စတင်တဲ့ အချိန် serial key တောင်းပါလိမ့်မယ်။ အဲဒီအချိန် keygen လေးကို double click နှိပ်ပြီး ပေါ်လာတဲ့ ကီးလ်လေးတွေကို သက်ဆိုင်ရာ နေရာမှာ ဖြည့်ပေးလိုက်ရင် ရပါတယ်။ တစ်ချို့ ဆော့ဝဲလ်တွေမှာ ကျတော့ software တင်ပြီးတဲ့ အချိန်မှ serial key ကို တောင်းတတ်ပါတယ်။ အဲဒီအချိန်မှာ သွားပြီး ဖြည့်ပေးလည်း ရပါတယ်။

ကျွန်တော်ပြောသွားတဲ့ နည်းလေးတွေက application အားလုံးအတွက် အတူတူပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောတရားကတော့ အဲဒီသဘောတရားတွေ ချည်းပါပဲ။ အားလုံး အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ခင်ဗျာ....

0 comments: