Saturday, October 31, 2009




မင်္ဂလာပါခင်ဗျာ။ 969 group လေးကို မိတ်ဆက်ပေးပါရစေ။

969ဆိုတာက တော့ ဘုရားဂုဏ်တော် ၉ ပါး တရားဂုဏ်တော် ၆ပါးနဲ့ သံဃာဂုဏ်တော် ၉ပါး ကို ရည်ရွယ်ပြီး ပေးထားရခြင်းဖြစ်ပါတယ် ခင်ဗျာ။
969 အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့တဲ့သူကတော့ ကာတွန်းဝါသနာရှင် တစ်ဦးဖြစ်တဲ့ သက်ပိုင်ခ နှင့် နန္ဒလှိုင်မြင့်တို့က ၂၀၀၂ ခုနှစ် က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
969 အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကာတွန်းဝါသနာရှင်ချစ်ပရိသတ် များသို့ 2D Animation ကာတွန်းများဖြင့်ဖျော်ဖြေတင်ဆက်ရန်ပဲဖြစ်ပါတယ်။

ရယ်သောသူသည် အသက်ရှည်သည်ဟုဆိုသကဲ့သို့ကျွှန်တော်တို့၏ ကာတွန်းများကို ကြည့်ရှူရင်း ရယ်မောကာပျော်ရွှင်နိုင်စေရန်အတွက်ဖြစ်ပါတယ်။
969 အဖွဲ့ရဲ့ ခြေလှမ်းများအနေဖြင့် ယခုအခါတွင် 969toons.com မြန်မာကာတွန်း စုစည်းမှု website အား ၂၀၀၉ ခုနှစ်တွင် စတင် ကာ မြန်မာပြည်ရှိပရိသတ်များသာ မက နိုင်ငံရပ်ခြား တွင် ရှိနေသော မြန်မာကာတွန်း ပရိသတ်များ အတွက်ပါကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ အင်တာနက်ပေါ်တွင် တင်ပေးနေပြီဖြစ်ပါသည်။ အဆိုပါ 969toons.com တွင် မြန်မာနိုင်ငံရှိ နာမည်ကြီးကာတွန်း ဆရာ များ ဖြစ်ကြသော ကာတွန်းငွေကြည်၊ ကာတွန်းမြေဇာ နှင့်အခြားသော နာမည်ကြီးကာတွန်းဆရာများ၏ တစ်ကွက် ကာတွန်းများနှင့် comic ဇာတ်လမ်းတွဲများ ကို ကြည့်ရှနိုင် ပြီဖြစ်ပါသည်။ 969toons တွင်အဓိက အားဖြင့် တစ်ကွက် ကာတွန်းများ ၊ comic များနှင့်၊ သတင်းခန်း များပါဝင်သည်။

969toons ၏သတင်း တွင် ကမ္ဘာ တ၀န်းရှိ ထွက်ရှိပြီးသော ကာတွန်းကားများအကြောင်းနှင့် ကာတွန်း နှင့်သက်ဆိုင်သော သတင်းများကို စုစည်းတင်ပြသွားမည်ဖြစ်ပါသည်။
wallpaper များကိုလည်း free download များပေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် ယခုအခါကြော်ညာအစီအစဉ်များထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သောကြောင့် 969toons.com website သည် လုပ်ငန်းရှင်များ၏အကူညီကို ဖတ်ခေါ်လျှက်ရှိပါသည်။

P.Sး အခုလိုပြောပြပေးတယ့် 969 group အဖွဲ့ဝင်တစ်ဦးဖြစ်တယ့် မျိုးသူရထွန်းကို ကျေးဇူးအများကြီးတင်ရှိပါကြောင်း


 အားပေးပါအုံး
 
အားပေးပါအုံး

1 comments:

kitty said...

Haha.. First and last pone lay like tel.. :P I dun understand the one in the middle though! :D