Monday, March 29, 2010

 Leo တောင်းဆိုထားတယ့် ""တို့နှစ်ယောက်အကြောင်း"" သီချင်းစာသားလေးကိုဖော်ပြလိုက်ပါတယ်
 သီချင်းစာသားတွေကို ရေးပေးတယ့် ကျနော့သယ်ရင်း "Gray" ကိုကျေးဇူးတင်ရှိပါကြောင်း
သူ့ကိုကျနော် မုံ့ဝယ်ကျွေးမယ်ဆိုပီးအကူအညီတောင်းထားတာပါ :P နောက်တာပါ

Click Here To Download this Song
............................................................................................................................................

(အချစ်တစ်ခုကို ဖန်တီးလိုက်ရအောင်..
သူကလည်း တစ်ကယ်ကို အလန်းဇယားပဲ...)

V1 :တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ကြည်စယ်ခဲ့တယ် ဘ၀လက်တွဲဖော်လို့သူ့ကို
ရည်ရွယ်ခဲ့ပြီး ဒီပုံစံလေးအတိုင်းပဲကောင်းတယ်
ရွှေ့ပြောင်းဖို့မရှိ ငါအစီအစဉ်တွေဆွဲထားတာ တစ်နေ့ပေါင်းဖို့အထိ ဘာကြောင့်စိတ်တွေ သူ့ဆီပဲရောက်ရောက်နေတာလဲ အနိုင်မယူလိုပါဘူး ငါလက်မြောက်နေမှာပဲ
အချစ်ရဲလက်ကိုတွဲလို့ ဆက်လျှောက်နေကာရယ် အဝေးကြီးကိုရောက်နေလည်းရပ်စောင့်နေပါ့မယ် မပြင်ဇယားတွေများပီးတော့ အကြိမ်ပေါင်းများစွာညာခဲ့ နောက်ဆုံးတော့လည်းစိတ်မချမ်းသာ ကျရှုံးခဲ့တာငါပဲ ဒါတောင်အချစ်ကနားလည်စွာနဲ့ ခွင့်လွှတ်ပေးရှာတယ် ရှက်ဖို့ကောင်းပါတယ် ငါ့ကိုငါအထင်သေးပါတယ် အကျင့်ကမကောင်းခဲ့တော့ သူ့ရဲ့တန်ဖိုးမသိပဲ
အရင်ကထက်ပိုပီးတော့ ယုယမြတ်နိုးမိခဲ့ လုပ်မိခဲ့တဲ့ငါ့ရဲ့အရှေ့ကအမှားတွေကို မင်းရဲ့စိတ်နဲ့ပြုပြင်ပေးပါလို့

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

V2: ငါတစ်ခါမှားပြီးနောက်တစ်ခါထပ်တလည်းလည်းမှားတယ် နောက်တစ်ယောက်ထားမယ်လို့ ခပ်မရဲတရဲကြားတယ် စိတ်ကိုရှေ့တန်းတင်ပြီးတော့ မလုပ်ပါနဲ့ချစ်သူ အဲ့ဒါတွေကမင်းအတွက်မကောင်းဘူး မရှုပ်ပါနဲ့ ခံရတဲ့အတိုင်းပြန်ခံရဖို့လုပ်မှာပဲတဲ့ မျှော်လင့်ချက်တွေထားခဲ့တာ အရှုံးကပြဲကွဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မငိုပါနဲ့ မင်းရဲ့ဘက်မှာလည်းရှိမှာပေါ့ ငါ့အတွက်အမုန်းကနည်းနည်း

(မင်းရဲ့စကားတွေကိုနားထဲကြားနေလို့ အတူနေချင်ပါတယ် ဒီလိုအသံပဲကြားနေလို့)

ပါးစပ်အရသာခံပြီး အပိုတွေလည်းမပြောတော့ဘူး ထပ်ပီးမဝေးချင်တော့ပါ လျှောက်လျှောက်ပြီးတော့မဖောတော့ဘူး ငွေစက္ကူနဲ့ရောတဲ့ ကျော်ကြားမှုလည်းလဲနိုင်တယ် သောက်စားမှုနဲ့ ပျော်ပါးမှုလည်း အဝေးသို့ဝဲနိုင်တယ် ဒီအတိုင်းဆက်သွားနေရင် အချစ်လေးနဲ့လွဲနိုင်တယ် နောက်ဆုံးငါ့ရဲ့စိတ်က မင်းအနားဘဲ မြဲနေခဲ့.

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

V3: အသံဝင်သွားပြီး ချစ်တယ်လို့  အသားကုန်အော်ခဲ့တယ် လွပ်လပ်စွာနဲ့ သူ့နဲ့ကျွန်တော် အပီကိုပျော်ခဲ့တယ် တွေးလိုက်တိုင်းတစ်ကယ်ကို မျက်ရည်ဝဲဆဲ မခွဲတော့ဘူး ဒို့တွေလက်တွေတွဲမြဲ မင်းမသိဘူးမို့လား ငါလေစိတ်ပူပါတယ် ကျန်းမာရေးဆိုလည်း သူကသိပ်ချူခြာတယ် စကားတွေများ နားတွေကြာတော့ သိပ်ပူတာပဲ. လွမ်းနေကြတာတော့ ဟေ့..အတူတူပါပဲ
(အရှုပ်အယှက်တွေမရှိ တစ်ယောက်ထဲ ဒီထက်ပိုပီးသေချာခဲ့ အသက်စွန့်ပြီး ငါသည်အိုမင်းလည်း တစ်ဘ၀လုံးချစ်မယ် မေးခွန်းတွေမေးချင်လာခဲ့ မင်းရဲ့ဟိုအဝေးဘယ်မှာလဲ အိုမရက်စက်နဲ့ တစ်ကယ်ပါ ငါ့အသဲကွဲမှာ)

Cho: လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ နောက်ထပ်လည်းကိုယ်မညာတော့ပါ မင်းအကြည့်တွေမှာမျော ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ မင်းပြောသမျှလိုက်နာခဲ့တာ အခုထက်ထိမလုံလောက်ဘူးလား မှောင်မိုက်တဲ့ဘ၀ကိုအချစ်ရယ် အလင်းတန်းတွေနဲ့လာခဲ့ပါ

(ငါတစ်ယောက်ထဲမင်းပဲ ကိုယ့်အမှားများရှိခဲ့ရင်ပြော ပြော)
....................................................................................................................................
P.S : Thanks to "Gray" for sharing this post!

0 comments: